“အမြန်စစ် Test kit တွေကြောင့် ဒုက္ခရောက် သွား ရတဲ့ လူငယ်တဦး (လွဲချော်မှုတွေ ကတော့ ရှိနေဦးမှာပါ)”

ဒီနေ့ နေမကောင်းလို့ ဆေးဆိုင်သို့ ဆေးသွားဝယ်တယ်။ ဆေးဆိုင် မှာ Test Kit တွေမြင်မိတယ်။ ဈေးဘယ်လောက် မေးကြည့်တော့ မြန်မာငွေ တစ်ထောင်ကျော် ခန့် ပြောလို့ အံ့ဩမိပြီး အကုန်ဝယ်မည် ပြောလိုက်တယ်။ (USA ထုတ်က ဒေါ်လာ ၅၂၀၊ အိန္ဒိယထုတ်က ရူပီး ၂၈၀၀ ခန့်) ဆေးဆိုင်ပိုင်ရှင် က မောင်လေး ဒီလောက် အများကြီးကို ဘာလုပ်မလဲ၊ တကြိမ် တိုင်းကြည့်ရင် သိပါတယ်တဲ့ ဟုတ်အမ ကျွန်တော့်မှာ တပည့်တွေ ၃၀ ကျော် ရှိတယ်။ အပြင်သို့ မထွက်အောင် စည်းကမ်းသတ်မှတ်ထားပေမဲ့ အပြင်ထွက်ပြီး ဖုန်းဘေ သွားဝယ်ကြတယ်။ ဒီတော့ အပြင်ထွက်ပြီး ဖုန်းဘေ ထွက်ဝယ်တဲ့သူလည်း အိမ်ပြန်ဝင်ရင် စစ်ပေးမလို့ ပြောမိတယ်

ဆေးဆိုင် အမက မျက်လုံးပြူးပြီ ကြည့်သလို၊ ဆေးဆိုင်က အရောင်းစာရေးမ တွေလည်း ဝိုင်းကြည့် ကြတယ်။ ကျွန်တော်လည်း ရှက်မိလာပြီး၊ အမ လိုင်းပေါ်မှာ ကိုဗစ် ရှိ/မရှိ စစ်ဆေးတဲ့ ပစ္စည်း မဟုတ်ဘူးလား နှုတ်က လွတ်ထွက် မေးမိမှ- အမျိုးသမီး ကိုယ်ဝန်ရှိ ရှိ/မရှိ စစ်ဆေးတဲ့ ပစ္စည်းတဲ့၊ အရမ်း ရှက်မိသွားတယ်။ ထွက်ပြေးရင်လဲ အရှက်က ထပ်ကွဲဦးမယ်။

ဒီတော့ အမရယ် ကျွန်တော်က လူပျိုပါ။ မိန်းမ မရှိတော့ မသိဘူးလေ။ ကိုဗစ် ရှိ/မရှိ စစ်ဆေးနေတဲ့ Test Kit နဲ့ တူလို့ပါ ဟုပြောရင်း “လူပျိုဖြစ်ကြောင်း”ကြွားခဲ့တယ်။ ကျွန်တော့် မမှားဘူး၊ ပညာရှင်တွေ မှားတာ။ ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးတဲ့ ပစ္စည်းနဲ့မှာ ဆင်တူထုတ်ရတယ်လို့။ လူပျိုတွေ အရှက်ခွဲတဲ့ Test Kit(ဟာသ အဖြစ်ရေးတာပါ။ ဈေးဗန်းလည်း ခင်းတာပါ)

crd

zawgyi

ဒီေန႔ ေနမေကာင္းလို႔ ေဆးဆိုင္သို႔ ေဆးသြားဝယ္တယ္။ ေဆးဆိုင္ မွာ Test Kit ေတြျမင္မိတယ္။ ေဈးဘယ္ေလာက္ ေမးၾကည့္ေတာ့ ျမန္မာေငြ တစ္ေထာင္ေက်ာ္ ခန႔္ ေျပာလို႔ အံ့ဩမိၿပီး အကုန္ဝယ္မည္ ေျပာလိုက္တယ္။ (USA ထုတ္က ေဒၚလာ ၅၂၀၊ အိႏၵိယထုတ္က ႐ူပီး ၂၈၀၀ ခန႔္) ေဆးဆိုင္ပိုင္ရွင္ က ေမာင္ေလး ဒီေလာက္ အမ်ားႀကီးကို ဘာလုပ္မလဲ၊ တႀကိမ္ တိုင္းၾကည့္ရင္ သိပါတယ္တဲ့ ဟုတ္အမ ကြၽန္ေတာ့္မွာ တပည့္ေတြ ၃၀ ေက်ာ္ ရွိတယ္။ အျပင္သို႔ မထြက္ေအာင္ စည္းကမ္းသတ္မွတ္ထားေပမဲ့ အျပင္ထြက္ၿပီး ဖုန္းေဘ သြားဝယ္ၾကတယ္။ ဒီေတာ့ အျပင္ထြက္ၿပီး ဖုန္းေဘ ထြက္ဝယ္တဲ့သူလည္း အိမ္ျပန္ဝင္ရင္ စစ္ေပးမလို႔ ေျပာမိတယ္

ေဆးဆိုင္ အမက မ်က္လုံးျပဴးၿပီ ၾကည့္သလို၊ ေဆးဆိုင္က အေရာင္းစာေရးမ ေတြလည္း ဝိုင္းၾကည့္ ၾကတယ္။ ကြၽန္ေတာ္လည္း ရွက္မိလာၿပီး၊ အမ လိုင္းေပၚမွာ ကိုဗစ္ ရွိ/မရွိ စစ္ေဆးတဲ့ ပစၥည္း မဟုတ္ဘူးလား ႏႈတ္က လြတ္ထြက္ ေမးမိမွ- အမ်ိဳးသမီး ကိုယ္ဝန္ရွိ ရွိ/မရွိ စစ္ေဆးတဲ့ ပစၥည္းတဲ့၊ အရမ္း ရွက္မိသြားတယ္။ ထြက္ေျပးရင္လဲ အရွက္က ထပ္ကြဲဦးမယ္။

ဒီေတာ့ အမရယ္ ကြၽန္ေတာ္က လူပ်ိဳပါ။ မိန္းမ မရွိေတာ့ မသိဘူးေလ။ ကိုဗစ္ ရွိ/မရွိ စစ္ေဆးေနတဲ့ Test Kit နဲ႔ တူလို႔ပါ ဟုေျပာရင္း “လူပ်ိဳျဖစ္ေၾကာင္း”ႂကြားခဲ့တယ္။ ကြၽန္ေတာ့္ မမွားဘူး၊ ပညာရွင္ေတြ မွားတာ။ ကိုယ္ဝန္ ရွိ/မရွိ စစ္ေဆးတဲ့ ပစၥည္းနဲ႔မွာ ဆင္တူထုတ္ရတယ္လို႔။ လူပ်ိဳေတြ အရွက္ခြဲတဲ့ Test Kit(ဟာသ အျဖစ္ေရးတာပါ။ ေဈးဗန္းလည္း ခင္းတာပါ)

crd