အသက် (80) အမေအိုကြီး ရဲ့ ကန်နဖော့ နဲ့ ကန်စွန်းရွက်ကိုစျေးဆစ်ပြီး (၁)သိန်းပေး ဝယ်လိုက်တဲ့ ဒိန်းဒေါင် ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ဟာသလူရွှင်တော်ကြီး ဒိန်းဒေါင်ကတော့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်အောင် လုပ်ပေးပြီး ဘဝအမောတွေပြေစေနိုင်တဲ့ လူရွှင်တော်ကြီးတစ်ယောက်ဖြစ်ပါတယ်နော်။ သူဟာ အမြဲပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပြီးတော့ ပရိသတ်တွေရော အနုပညာရှ င်အချင်းချင်းကပါ ချစ်ခင်အားပေးကြတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒိန်းဒေါင်ဟာ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုလည်း အားတက်သရော လုပ်ဆောင်လေ့ရှိတဲ့သူပါနော်။ မနေ့ကဆိုရင်လဲ ဦးဒိန်းဒေါင်ဟာ သူ့ရဲ့တိုက်ခန်းမှာငှားရမ်းနေထိုင်တဲ့သူတွေအတွက် စီးပွားရေးကျပ်တည်းမှုတွေဖြစ်နေတာကြောင့် တိုက်ခန်းခအခကြေးငွေမယူတော့ပဲ နေထိုင်ခွင့်ပေးလိုက်တာပါတယ်။ ဒီနေ့မှာတော့ ဒိန်းဒေါင်ဟာ ကန်စွန်းရွက်ရောင်း နေတဲ့ သက် (၈၀)အဖွား ငွေတစ်သိန်းထောက်ပံ့လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဒိန်းဒေါင်က “အသက်80အမေအိုကြီးရဲ့ကန်နဖော့နဲ့ကန်စွန်းရွက်ကိုစျေးဆစ်ပြီးပြီးဝယ် လိုက်တယ်ဗျာ အလှူရှင်များအားလုံးကျေနပ်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ” ဆိုပြီး ငွေတစ်သိန်း လှူခဲ့တဲ့ ဗီဒီယိုလေးကိုတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒိန်းဒေါင်းရဲ့ အလှူလေးကို သာဓုခေါ်ရအောင်ဖော်ပြပေး လိုက်ပါတယ်နော်။

Video ကြည့်ရန်

Swelsone News