အကူအညီ မဲ့ နေတဲ့ (၈၇) နှစ် အရွယ် အဘွားအို ကို လက်ထပ်ယူ ခဲ့တဲ့ အာဂ အမျိုးသားလေး

အကူအညီ မဲ့ နေတဲ့ (၈၇) နှစ် အရွယ် အဘွားအို ကို လက်ထပ်ယူ ခဲ့တဲ့ အာဂ အမျိုးသားလေး

အသက် ၂၄ နှစ်အရွယ် Luu ဟာ ကားအက်စီးဒင့် ကြောင့် ခြေထောက် တစ်ဖက်က ဖြတ်ထား ခဲ့ရပါတယ်။ သူဟာ ရုပ်ရည် အင်မတန် ချောရုံမက စိတ်ထား ကလည်း မွန်မြတ်သူ တစ်ဦးဖြစ်ပါတယ်။

သူ ခြေတစ်ဖက် မရှိတော့ ပေမဲ့လည်း သူကို နှစ်သက်တဲ့ ကောင်မလေးတွေ တစ်ပုံ တစ်ပင် ရှိနေပါတယ်။သို့သော်လည်း Luu ဟာ အရွယ်ရှိပြီးလှပတဲ့ကောင်မလေးတွေကို လက်မထပ်ခဲ့ဘဲ အသက် ၈၇ နှစ်အရွယ် အကူအညီမဲ့နေတဲ့ ပင်စင်စား အဖွားအိုကြီး ကိုလက်ထပ်ယူခဲ့တာပါ။

Luu ဟာ အဲ့ဒီအမျိုးသမီးကြီးကို လက်ထပ် ယူဖို့အတွက် အမျိုးမျိုး လေ့လာခဲ့ပါတယ်။ အမျိုးသမီးကြီးဟာ ဘဝမှ တစ်ကြိမ်တစ်ခါမှ လက်ထပ်ဖူးသေးခြင်းမရှိဘူးလို့ လည်း သိရပါတယ်။

တစ်ကယ်တော့ လက်ထပ်ယူခဲ့တယ်ဆိုပေမဲ့ သူမက အကူအညီမဲ့ နေတဲ့အတွက်ကြောင့် ပြုစုစောက်ရှောက် အကူအညီပေးချင်ခဲ့တာပါ။ထို့နောက် Luu ဟာ သူမကို သူ၏ အိမ်သို့ခေါ်လာပြီး ဆေးဝါး၊ အစားအသာက်၊ အညစ်အကြေး မှအစ အစစအရာရာကို ပြုစုစောက်ရှောက်ထားပါတယ်။ အများကလည်း Luu ရဲ့လုပ်ရပ်ကို ချီးကျူး ခဲ့ကြပါတယ်။

ကျွန်တော် “သူမကို သတင်းတစ်ခု မှာ ကြားမိတာပါ၊ သူမဟာ အထီး ကျန်နေတယ်၊ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လက်ထပ်ဖူးသေးခြင်းမရှိဘူးဆိုတာလည်း သိခဲ့ရပါတယ်။

သူမကို တွေ့ပြီးတဲ့နောက်မှာ လက်ထပ် ယူဖို့ ဆုံးဖြတ်ခဲ့တာပါ၊ သူမကို တွေ့ဖိုအတွက် သုံးရက်လောက်ရှာခဲ့ရပါတယ်၊ “ လို့ Luu ကဆိုပါတယ်။ Luu ဟာခြေအင်္ဂါမသန်စွမ်းပေမဲ့ စိတ်ထားလှတဲ့သူတစ်ယောက်ပါ။

အကူအညီမဲ့နေသူကို ကူညီနေရုံသာမက ဘဝမှာ လက်ထပ် ဖို့ အခွင့်အရေးမဲ့ နေတဲ့ သူတစ်ယောက် ကိုပါ ပျော်ရွင်စေဖို့အတွက် ဖြည့်ဆည်းပေးခဲ့သူပါ။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

17 + 7 =