လယ်လုပ်ပြီး ဘွဲ့ရတဲ့ ထိရှာကျွေး ခဲ့တဲ့ မိဘနှစ်ပါး ကို ချမ်းချမ်းသာသာ နဲ့ ကျေးဇူးပြန်ဆပ် ပေးနေတဲ့ မင်းသားနေယံ

လယ်လုပ်ပြီး ဘွဲ့ရတဲ့ ထိရှာကျွေး ခဲ့တဲ့ မိဘနှစ်ပါး ကို ချမ်းချမ်းသာသာ နဲ့ ကျေးဇူးပြန်ဆပ် ပေးနေတဲ့ မင်းသားနေယံ

နေယံဟာ ဗီဒီယို ရုပ်ရှင်များစွာ ရိုက်ကူး ခဲ့သူဖြစ်ပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင် နိုင်တာကြောင့်

ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိထားတဲ့ မင်းသား တစ်လက်ပါ…

မင်းသားနေယံဟာ သူ့ကို လယ်လုပ်ပြီး ကျွေးမွေး လာတဲ့ မိဘနှစ်ပါးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ခုလို ပြောပြခဲ့ပါတယ်..

“သားသမီးတွေကို လယ်ယာလုပ် ခြံစိုက်ပျိုး ဈေးရောင်းပြီး ဘွဲ့ရတဲ့အထိ တက်နိုင်တာ အစွမ်းကုန် ကြိုးစားရှာဖွေပြုစုစောင့်ရှောက်ခဲ့တာ အရမ်းပင်ပန်းခဲ့တယ်.. ဒီချိန်မှာ ဒီလောက်လေးပြုစုခွင့်ရတာလေးကို ဘဝမှာအလိုချင်ဆုံးအရာပါ..

ကျန်တာတွေ အရမ်း မမက်မောပါဘူး.. အိပ်ခန်းထဲ တောင်သွားမအိပ်တော့ဘူး ကလေးနှစ်ယောက် တစ်နေ့တစ်နေ့ပြောလိုက်တဲ့စကားတွေ ခုမှတွေ့တာကျနေတာပဲ နှစ်ယောက်သား.. ခုတော့ အိပ်ပျော်သွားကျပြီ ” ဆိုပြီးအဖေအမေရဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

မိဘကျေးဇူးကို သိတတ်ပြီး အကောင်းဆုံး ကျေးဇူးဆပ်နေတဲ့ မင်းသား နေယံအတွက် ယခုထက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Writer ; Kwee (Jeeptoolay)

Source ; Nay Yan

Add a Comment

Your email address will not be published. Required fields are marked *

2 − two =