ရွှေတိဂုံ စေတီတော် အား ပူဇော် လို လျှ င်….

အောင်ကြောင်းမင်္ဂလာ ၊ အောင်ဇေယျတည့် ၊မဟာမုနိ ၊ တုမရှိလျှင် ၊ ဗောဓိညောင်ရွှေ၊

ပလ္လင်မြေမှ ၊ လှည့်ခြွေစိုးစံ ၊ သတ်ဌာနံတွင်၊ ခက်လျှံညွန့်ဝေ ၊ လင်းလွန်းမြေဝယ်၊ နေစဉ်အခါ ၊ ဥက္ကလာမှ ၊ သမ္ဘာထူးလှ၊

တပုဿနှင့် ၊ ဘလ္လိကမောင် ၊ ညီနှင့်နောင်တို့၊ဘုန်းခေါင်ထံပါး ၊ ရောက်လာငြား၍၊ နှစ်ပါးမွှေးထုံ၊ သရဏဂုဏ်နှင့် ၊ ရှစ်စုံဆံမြတ်၊

သရီဓာတ်ကို ၊ ရလတ်သောခါ ၊ မင်းမြတ်စွာနှင့် ၊ ဒေဝါအများ ၊ မိုးသိကြားတို့ ၊ ကြိုးစားမယုတ် ၊ လွန်အားထုတ်၍ ၊ သိင်္ဂုတ်တောင်တွင်၊တိဂုံရှင်ကို ၊ ဖူးမြင်စေဌာ ၊ ဌာပနာ၏၊

ရှေး ခါရိပ်မြုံ ၊ စံကြတုံသည် ၊ သံ; ဂုံ; ပ; ရှင်၊ထွတ်သခင်တို့ ၊ နောင်လျှင် မျှော်ဆ၊ကောင်းကျိုးရဖို့ ၊ ဓမ္မကရိုဏ် ၊ခြောက်ရောင်ဆိုင်နှင့် ၊ သင်းပိုင်; ရေသနုပ်၊

ဆန်းစွာ လုပ်သည့် ၊ လက်ဆုပ်တောင်ဝှေး၊ ဂုဏ်ရောင်ပြေးလျက် ၊ ကြိုင်မွှေး ပျံ့သင်း၊ ဤတောင်မင်း၌ ၊ သီတင်းသုံးရာ ၊ မှန်ခဲ့ပါ၏၊

လေးဖြာစုံပုံ ၊ လေးဓာ တ်စုံသား ၊ တိဂုံဆံရှင်၊ မြတ်သခင်ကို ၊အိပ်လျှင် ရှိခိုး၊နိုးလျှင် ဓိဋ္ဌာန် ၊ ပြည်နိဗ္ဗာန်ကို ၊ အမှန်ရောက်ရပါလိုသော် မြတ်ရှင်စောသြကာသ……သြကာသ……သြကာသ။

ဇမ္ဗူဒီပ ဘုရားရှိခိုးအမျိုး မျိုးနှင့် ဝတ်ရွတ်စဉ်ပရိတ်တော်

zawgyi

ေအာင္ေၾကာင္းမဂၤလာ ၊ ေအာင္ေဇယ်တည့္ ၊မဟာမုနိ ၊ တုမရွိလွ်င္ ၊ ေဗာဓိေညာင္ေ႐ႊ၊

ပလႅင္ေျမမွ ၊ လွည့္ေႁခြစိုးစံ ၊ သတ္ဌာနံတြင္၊ ခက္လွ်ံၫြန႔္ေဝ ၊ လင္းလြန္းေျမဝယ္၊ ေနစဥ္အခါ ၊ ဥကၠလာမွ ၊ သမာၻထူးလွ၊

တပုႆႏွင့္ ၊ ဘလႅိကေမာင္ ၊ ညီႏွင့္ေနာင္တို႔၊ဘုန္းေခါင္ထံပါး ၊ ေရာက္လာျငား၍၊ ႏွစ္ပါးေမႊးထုံ၊ သရဏဂုဏ္ႏွင့္ ၊ ရွစ္စုံဆံျမတ္၊

သရီဓာတ္ကို ၊ ရလတ္ေသာခါ ၊ မင္းျမတ္စြာႏွင့္ ၊ ေဒဝါအမ်ား ၊ မိုးသိၾကားတို႔ ၊ ႀကိဳးစားမယုတ္ ၊ လြန္အားထုတ္၍ ၊ သိဂၤုတ္ေတာင္တြင္၊တိဂုံရွင္ကို ၊ ဖူးျမင္ေစဌာ ၊ ဌာပနာ၏၊

ေရွး ခါရိပ္ၿမဳံ ၊ စံၾကတုံသည္ ၊ သံ; ဂုံ; ပ; ရွင္၊ထြတ္သခင္တို႔ ၊ ေနာင္လွ်င္ ေမွ်ာ္ဆ၊ေကာင္းက်ိဳးရဖို႔ ၊ ဓမၼက႐ိုဏ္ ၊ေျခာက္ေရာင္ဆိုင္ႏွင့္ ၊ သင္းပိုင္; ေရသႏုပ္၊

ဆန္းစြာ လုပ္သည့္ ၊ လက္ဆုပ္ေတာင္ေဝွး၊ ဂုဏ္ေရာင္ေျပးလ်က္ ၊ ႀကိဳင္ေမႊး ပ်ံ႕သင္း၊ ဤေတာင္မင္း၌ ၊ သီတင္းသုံးရာ ၊ မွန္ခဲ့ပါ၏၊

ေလးျဖာစုံပုံ ၊ ေလးဓာ တ္စုံသား ၊ တိဂုံဆံရွင္၊ ျမတ္သခင္ကို ၊အိပ္လွ်င္ ရွိခိုး၊ႏိုးလွ်င္ ဓိ႒ာန္ ၊ ျပည္နိဗၺာန္ကို ၊ အမွန္ေရာက္ရပါလိုေသာ္ ျမတ္ရွင္ေစာၾသကာသ……ၾသကာသ……ၾသကာသ။

ဇမၺဴဒီပ ဘုရားရွိခိုးအမ်ိဳး မ်ိဳးႏွင့္ ဝတ္႐ြတ္စဥ္ပရိတ္ေတာ္