အွန်လိုင်းတွင် ဖော်ပြရောင်းချသော N95 Mask များလုံးဝ ဝယ်ယူခြင်းမပြုရန် ကျန်းမာရေးဌာနတိုက်တွန်း

နယ်စပ်မှဝင်လာပြီး အွန်လိုင်းတွင်ဖော်ပြရောင်းချသော N95Maskများလုံး၀ ဝယ်ယူခြင်းမပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (ညွှန်ကြားရေးမှူး)၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲက ဒေါက်တာသန်းနိုင်စိုးကပြောသည်။ အောက်တိုဘာ၁၁ရက်ဆက်သွယ်မေးမြန်းရာတွင်ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောကြားခဲ့သည်။”စိတ်မချရတဲ့ Maskကိုပြောနိုင်တာကတော့အွန်လိုင်းကရောင်းတဲ့ဟာတွေပေါ့။ဘယ်ကဘယ်လိုရမှန်းမသိ။ဘာအရည်အသွေးမှန်းမသိ။တံဆိပ်ဆိုတာ ဒီခေတ်ကအကုန်အတုလုပ်လို့ရတယ်။နောက်တစ်ခုကနယ်စပ်ဒေသကတရားမဝင် ဝင်ရောက်လာတဲ့ဟာတွေပေါ့။

အထူးသဖြင့် N95လိုဟာမျိုးဆိုရင်လုံး၀၀ယ်ယူအသုံး မပြုသင့်ပါဘူး။သူဟာ တကယ့် ကျန်းမာရေးအတွက်ICUလိုနေရာမျိုးမှာတကယ့်ကိုကူးစက်မှုများနိုင်တဲ့နေရာမှာဝတ်ဆင်ရတဲ့အကာအကွယ်ဖြစ်လို့ ဒီလိုဟာမျိုးကိုအတုအပလုပ်တဲ့သူဟာလည်း ကျင့်ဝတ် နဲ့ပြည့်စုံမှာမဟုတ်ပါဘူး။နောက်ခွဲခန်းသုံး နှာခေါင်းစည်း maskတွေ ဈေးသက်သာ တိုင်းပြည်သူတွေကိုမသုံးစွဲစေချင်ပါဘူး။ဈေးသက်သာပြီး ကိုယ့်အတွက်လုံခြုံမှုမရှိတဲ့ဟာကိုတပ်နေရတာ မကောင်းဘူးပေါ့။ပိုတောင်ကူးနိုင်ပါသေးတယ်”ဟု၎င်းကပြောသည်။

လက်ရှိတွင်N95maskများကို တစ်ခုလျှင်နှစ်ထောင်၊တစ်ထောင့်ငါးရာ စသဖြင့်အွန်လိုင်းတွင်ဖော်ပြရောင်းချနေပြီး ခွဲခန်းသုံးနှာခေါင်းစည်းများကိုလည်း ကျပ်တစ်ထောင်နှုန်းဖြင့်ရပ်ကွက်အတွင်းလိုက်လံရောင်းချလျက်ရှိသည်။ နှာခေါင်းစည်း အစစ်အတုနှင့်ပတ်သက်၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဖေ့စ်ဘုတ်တွင် ယနေ့အတွက်သိကောင်းစရာတွင် ခွဲခြားနိုင်ကြောင်းလည်းသိရသည်။လက်ရှိတွင်တစ်နိုင်ငံလုံးအနေဖြင့်အောက်တိုဘာ၁၀ရက်ည၈နာရီအထိcovid19အတည်ပြုလူနာ ၂၆၀၆၄၊သေဆုံး၅၉၈ဦး၊ဆေးရုံဆင်းရသူ၇၀၅၀ဦးရှိသည်။

s‌ource : မင်းမင်း( Myanmar Harp)

zawgyi

နယ္စပ္မွဝင္လာၿပီး အြန္လိုင္းတြင္ေဖာ္ျပေရာင္းခ်ေသာ N95Maskမ်ားလုံး၀ ဝယ္ယူျခင္းမျပဳရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ (ၫႊန္ၾကားေရးမႉး)၊ က်န္းမာေရးအသိပညာ ျမႇင့္တင္ေရးဌာနခြဲက ေဒါက္တာသန္းႏိုင္စိုးကေျပာသည္။ ေအာက္တိုဘာ၁၁ရက္ဆက္သြယ္ေမးျမန္းရာတြင္က်န္းမာ‌ေရးႏွင့္ အားကစားဝန္ႀကီးဌာနမွေျပာေရး ဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးကေျပာၾကားခဲ့သည္။”စိတ္မခ်ရတဲ့ Maskကိုေျပာႏိုင္တာကေတာ့အြန္လိုင္းကေရာင္းတဲ့ဟာေတြေပါ့။ဘယ္ကဘယ္လိုရမွန္းမသိ။ဘာအရည္အေသြးမွန္းမသိ။တံဆိပ္ဆိုတာ ဒီေခတ္ကအကုန္အတုလုပ္လို႔ရတယ္။ေနာက္တစ္ခုကနယ္စပ္ေဒသကတရားမဝင္ ဝင္ေရာက္လာတဲ့ဟာေတြေပါ့။

အထူးသျဖင့္ N95လိုဟာမ်ိဳးဆိုရင္လုံး၀၀ယ္ယူအသုံး မျပဳသင့္ပါဘူး။သူဟာ တကယ့္ က်န္းမာေရးအတြက္ICUလိုေနရာမ်ိဳးမွာတကယ့္ကိုကူးစက္မႈမ်ားႏိုင္တဲ့ေနရာမွာဝတ္ဆင္ရတဲ့အကာအကြယ္ျဖစ္လို႔ ဒီလိုဟာမ်ိဳးကိုအတုအပလုပ္တဲ့သူဟာလည္း က်င့္ဝတ္ နဲ႔ျပည့္စုံမွာမဟုတ္ပါဘူး။ေနာက္ခြဲခန္းသုံး ႏွာေခါင္းစည္း maskေတြ ေဈးသက္သာ တိုင္းျပည္သူေတြကိုမသုံးစြဲေစခ်င္ပါဘူး။ေဈးသက္သာၿပီး ကိုယ့္အတြက္လုံၿခဳံမႈမရွိတဲ့ဟာကိုတပ္ေနရတာ မေကာင္းဘူးေပါ့။ပိုေတာင္ကူးႏိုင္ပါေသးတယ္”ဟု၎ကေျပာသည္။

လက္ရွိတြင္N95maskမ်ားကို တစ္ခုလွ်င္ႏွစ္ေထာင္၊တစ္ေထာင့္ငါးရာ စသျဖင့္အြန္လိုင္းတြင္ေဖာ္ျပေရာင္းခ်ေနၿပီး ခြဲခန္းသုံးႏွာေခါင္းစည္းမ်ားကိုလည္း က်ပ္တစ္ေထာင္ႏႈန္းျဖင့္ရပ္ကြက္အတြင္းလိုက္လံေရာင္းခ်လ်က္ရွိသည္။ ႏွာေခါင္းစည္း အစစ္အတုႏွင့္ပတ္သက္၍က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနေဖ့စ္ဘုတ္တြင္ ယေန႔အတြက္သိေကာင္းစရာတြင္ ခြဲျခားႏိုင္ေၾကာင္းလည္းသိရသည္။လက္ရွိတြင္တစ္ႏိုင္ငံလုံးအေနျဖင့္ေအာက္တိုဘာ၁၀ရက္ည၈နာရီအထိcovid19အတည္ျပဳလူနာ ၂၆၀၆၄၊ေသဆုံး၅၉၈ဦး၊ေဆး႐ုံဆင္းရသူ၇၀၅၀ဦးရွိသည္။

s‌ource : မင္းမင္း( Myanmar Harp)