အိမ်နေရင်း မပြင်မဆင်လေး နဲ့ တောင် ကိုရီးယားသူလေး လို ဆွဲဆောင်မှု ရှိရှိ လှနေတဲ့ ဝင့်ယမုံနိုင်

အိမ်နေရင်း မပြင်မဆင်လေး နဲ့ တောင် ကိုရီးယားသူလေး လို ဆွဲဆောင်မှု ရှိရှိ လှနေတဲ့ ဝင့်ယမုံနိုင်

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများ နဲ့ နာမည်ကြီးလာသူ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဝင့်ယမုံနိုင်ကတော့ MRTV-4 ဇာတ်လမ်းတွဲများရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “ The Sign of Love” ရုပ်သံဇာတ်လမ်းတွဲနဲ့ ပထမဆုံး ပွဲဦးထွက်ခဲ့ပြီး ဗီလိန်ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အချစ်နဲ့ အမုန်း ကြား ပြင်းထန်တဲ့ အားပေးမှုတွေကို သိမ်းပိုက်သွားခဲ့တဲ့သူပဲဖြစ်ပါတယ်။ ဝင့်ယမုံနိုင်ဟာ သူမရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ တွေတိုင်းဟာ ပြသနေစဉ်အချိန်မှာ ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များတဲ့ ဇာတ်လမ်းတွဲဖြစ်ခဲ့ပြီး သူမရဲ့ ကာရိုက်တာကိုလည်း ကြိုက်နှစ်သက်ကြတဲ့ အထိကို သရုပ်ဆောင်ပီပြင်ပြီး ဇာတ်လမ်းကို ဆွဲဆောင်နိုင်အောင် သရုပ်ဆောင်ကောင်းသူပါ။

တစ်ခါနဲ့ တစ်ခါ မတူညီတဲ့ ကာရိုက်တာတွေ ကို လုပ်ဆောင်နေရင်း နဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုရရှိခဲ့ပြီး အလှတွေလည်း ပိုလို့ လှပလာသူလို့ ပြောရင်မှားမယ် မထင်ပါဘူးနော်.။ ဗီလိန်အတွက် ခေတ်ဆန်တဲ့ အဝတ်အစားများနဲ့ ဟော့ခဲ့သလို ရိုးယဉ်တဲ့ ဆရာမလေးအသွင်ကိုလည်း “ကျွန်မက မဟေသီ”ဇာတ်လမ်း တွဲမှာ ပီပြင်အောင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သူပါ.။ ဘယ်အချိန်ဖြစ်ဖြစ် ဖြူဖွေးပြီး မဟာဆန်ဆန်လေးကြည့်ကောင်းနေတဲ့ ဝင့်ယမုံနိုင်က ဒီနေ့မေလ (၃၀)ရက်နေ့မှာတော့ အိမ်နေရင်း ပုံစံလေးနဲ့ အလှပုံရိပ်လေးတွေကို သူမပရိသတ်တွေ အတွက် “So sour candy .I’m sour candy” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

သီးသန့်ကြီး ပြင်ဆင်ထားတာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ဆွဲဆောင်မှုရှိရှိလှနေတဲ့ ဝင့်ယမုံလေးကတော့ တစ်နေ့တစ်ခြား အလှတွေပိုတိုး လို့ လာနေသလားမှတ်ရတယ်နော် ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း ဆွဲဆောင်မှုအပြည့်နဲ့ လှနေတဲ့ ဝင့်ယမုံနိုင်ရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်။

crd : panpyoelat