ကိုရိုနာ ဗိုင်းရပ်စ် လူသားဆီ မကူးခင် ကြားခံ ကူးစက်ခဲ့တဲ့ သတ္တဝါ ကို သိပ္ပံပညာရှင် များတွေ့ရှိ

ကိုရိုနာ ဗိုင်းရပ်စ် လူသားဆီ မကူးခင် ကြားခံ ကူးစက်ခဲ့တဲ့ သတ္တဝါ ကို သိပ္ပံပညာရှင် များတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သိပ္ပံ ပညာရှင်တွေ ဆက်ပြီး အစဉ်တစိုက် လေ့လာ ခဲ့ကြရာမှာ ဒီနေ့မနက် ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်တစ်ခုအရ လက်ရှိ ကပ်ဘေးကိုဖြစ်ပေါ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ လူတွေဆီကို မကူးခင်မှာ လင်းနို့တွေ ဆီမှာရော သင်းခွေချပ်တွေဆီမှာပါ အချိန်အတန်ကြာ ရှိနေခဲ့နိုင်တယ်လို့ တွေ့ရှိ ခဲ့ကြပါ တယ်။

အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီ ကို ပြည်နယ် လော့စ်အယ်လာမော့စ် အမျိုးသားဓာတ်ခွဲခန်းရဲ့ အဲဒီ သုတေသနမှာ ပါဝင်ခဲ့သူ အယ်လင်နာဂျော်ဂျီက “ကျွန်မတို့ရဲ့ သုတေသနအရ အခု ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မှာ မျိုးဗီဇ တစ်ခုကနေ တစ်ခုကို ကူးလူးခဲ့တဲ့ သမိုင်းကြောင်း အရှည်ကြီး ရှိခဲ့ ပါတယ်။ လူတွေဆီကို မကူးခင်မှာ လင်းနို့တွေနဲ့ သင်းခွေချပ်တွေကြား မှာ အပြန်အလှန် အချိန်အတော်ကြာ ကူးစက် နေခဲ့တာပါ”လို့ ဆိုပါတယ်။

လက်ရှိ ကိုရိုနာ ကပ်ဘေး စတင် ခဲ့တယ်လို့ ယူဆထားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ သားငါးဈေး မှာ သင်းခွေချပ်တွေဟာ လူ ကြိုက်များ တဲ့ အစားအစာ တစ်မျိုး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခု ကပ်ဘေးဟာ သင်းခွေချပ်တွေက စတင်ခဲ့တယ်လို့တောင် ယူဆမှုတွေ ရှိခဲ့ ပါတယ်။

သင်းခွေချပ်တွေကနေ ကူးစက်တာလို့ အခိုင်အမာ ပြောဖို့ စောလွန်းနေသေးပြီး ကြား ထဲမှာ ကွင်းဆက်ပျက်နေတဲ့ တခြား သတ္တဝါ တစ်ကောင်ကောင် ရှိနေဦးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လင်းနို့နဲ့ သင်းခွေချပ်အပြင် တခြား သတ္တဝါ တစ်မျိုးမျိုးနဲ့လည်း မျိုးဗီဇဖလှယ် ပြီး လူတွေကို ကူးစက်တာလို့ ယူဆထားကြ တာလည်းဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

14 − 8 =