သမီးရည္းစား အခ်င္းခ်င္း အဆက္သြယ္ ျဖတ္ရာ ေယာက်္ားေလး မွ ၎ခ်စ္သူအား ဓားျဖင့္ထိုး

မုဒုံ_ဓါးထိုးမႈ သတင္းအျပည့္အစုံ

သမီးရည္းစား အခ်င္းခ်င္း အဆက္သြယ္ျဖတ္ရာ ေယာက်္ားေလး မွ ၎ခ်စ္သူအား ဓားျဖင့္ထိုး၍ ရဲစခန္း၌ သြားေရာက္အဖမ္းခံ

မြန္ျပည္နယ္ မုဒုံၿမိဳ႕ ၿမိဳ႕မ(၄)ရပ္ အခြန္လြတ္ေစ်း အနီးယေန႔နံနက္(၈)နာရီခ်ိန္ခန႔္၌ ဓားထိုးမႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ လြန္ခဲ့ေသာ ၂၀၁၈ ခုႏွစ္ ၌ ေမာင္ေဇယ်ာကို ၂၃ ႏွစ္(မေကြးၿမိဳ႕ေနသူ) သည္ မုဒုံၿမိဳ႕ ၿမိဳ႕မ ၄ ရပ္ကြက္ရွိ မသဇင္ဖူး(၂၂) ႏွစ္ႏွင့္ ခ်စ္သူျဖစ္ ခဲ့ၾကၿပီး ၂၀၂၀ ခုႏွစ္ ဧၿပီလအတြင္း ဖုန္းဆက္သြယ္ေျဖၾကားျခင္း မရွိေသာေၾကာင့္ ေမလ ၁၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွ မုဒုံၿမိဳ႕ သို႔ လိုက္လာၿပီး ၎ခ်စ္သူ မသဇင္ဖူးႏွင့္ေတြ႕ဆုံရန္ ႀကိဳးစားေသာ္လည္း အေတြ႕မခံသျဖင့္

၁၃.၅.၂၀၂၀ ရက္ေန႔နံနက္ပိုင္း ၌ မုဒုံၿမိဳ႕ အခြန္လြတ္ေစ်း အနီး မသဇင္ဖူး ေစ်းမွျပန္လာသည့္ အခ်ိန္ အသင့္ပါလာေသာ ဓားျဖင့္ထိုး၍ မသဇင္ဖူးစီးနင္း လာေသာ ဆိုင္ကယ္အား ယူေဆာင္၍ မုဒုံၿမိဳ႕မ ရဲစခန္းသို႔ သြားေရာက္ အဖမ္းခံခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

အဆိုပါ ဓားထိုးမႈက်ဴးလြန္သူ ေမာင္ေဇယ်ာ ကို ၂၃ ႏွစ္သည္ တပ္မေတာ္မွ စစ္သည္တစ္ဦးျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလခန႔္ ၌ အမွတ္(၂၀၁၅) သံခ်ပ္ကာတပ္ရင္း(မေကြး)မွ တိုက္/စည္းသင္တန္း တက္ေရာက္စဥ္ ခြင့္မဲ့ပ်က္ကြက္ခဲ့သူ စစ္ေျပး တစ္ဦးျဖစ္ေၾကာင္း သတင္း ရရွိသည္။

ျဖစ္စဥ္ႏွင့္ ပါတ္သက္၍ ေဇယ်ာကိုအား မုဒုံၿမိဳ႕မရဲစခန္း (ပ)၁၃၃၃/၂၀၂၀ ရာ ၃၂၆ (လက္နက္ျဖင့္ အျပင္းထန္နာက်င္ေစမႈ႕) ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

#အမႊာညီေနာင္

unicode

မုဒုံ_ဓါးထိုးမှု သတင်းအပြည့်အစုံ

သမီးရည်းစား အချင်းချင်း အဆက်သွယ်ဖြတ်ရာ ယောကျ်ားလေး မှ ၎င်းချစ်သူအား ဓားဖြင့်ထိုး၍ ရဲစခန်း၌ သွားရောက်အဖမ်းခံ

မွန်ပြည်နယ် မုဒုံမြို့ မြို့မ(၄)ရပ် အခွန်လွတ်ဈေး အနီးယနေ့နံနက်(၈)နာရီချိန်ခန့်၌ ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော ၂၀၁၈ ခုနှစ် ၌ မောင်ဇေယျာကို ၂၃ နှစ်(မကွေးမြို့နေသူ) သည် မုဒုံမြို့ မြို့မ ၄ ရပ်ကွက်ရှိ မသဇင်ဖူး(၂၂) နှစ်နှင့် ချစ်သူဖြစ် ခဲ့ကြပြီး ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ဖုန်းဆက်သွယ်ဖြေကြားခြင်း မရှိသောကြောင့် မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှ မုဒုံမြို့ သို့ လိုက်လာပြီး ၎င်းချစ်သူ မသဇင်ဖူးနှင့်တွေ့ဆုံရန် ကြိုးစားသော်လည်း အတွေ့မခံသဖြင့်

၁၃.၅.၂၀၂၀ ရက်နေ့နံနက်ပိုင်း ၌ မုဒုံမြို့ အခွန်လွတ်ဈေး အနီး မသဇင်ဖူး ဈေးမှပြန်လာသည့် အချိန် အသင့်ပါလာသော ဓားဖြင့်ထိုး၍ မသဇင်ဖူးစီးနင်း လာသော ဆိုင်ကယ်အား ယူဆောင်၍ မုဒုံမြို့မ ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဓားထိုးမှုကျူးလွန်သူ မောင်ဇေယျာ ကို ၂၃ နှစ်သည် တပ်မတော်မှ စစ်သည်တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလခန့် ၌ အမှတ်(၂၀၁၅) သံချပ်ကာတပ်ရင်း(မကွေး)မှ တိုက်/စည်းသင်တန်း တက်ရောက်စဉ် ခွင့်မဲ့ပျက်ကွက်ခဲ့သူ စစ်ပြေး တစ်ဦးဖြစ်ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်နှင့် ပါတ်သက်၍ ဇေယျာကိုအား မုဒုံမြို့မရဲစခန်း (ပ)၁၃၃၃/၂၀၂၀ ရာ ၃၂၆ (လက်နက်ဖြင့် အပြင်းထန်နာကျင်စေမှု့) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#အမွှာညီနောင်

Add a Comment

Your email address will not be published. Required fields are marked *

20 + eleven =