ကိုဗစ် Positive လူနာတောင် မဟားတရား အားနာခဲ့ရ တဲ့ ကိုဗစ် ကုသရေး အင်းယားစင်တာ

ကျွန်တော့်ကို positive ဆိုပီး မနက် ၁၀နါရီခွဲလောက် က လှမ်း ပြောတယ်။ ကုသဆောင်ရွှေ့ရမယ်လို့ ပြောတော့ နေ့လည်စာ ဘာညာ လုပ်စရာရှိတာ လုပ်ပီးအဆင်သင့်စောင့်နေလိုက်တယ်မ။

လာမလာ နဲ့ ညနေစာပါ စားပီး ည ရှစ်နာရီလောက်မှာ ကားနဲ့ ကျွန်တော် တို့ Q ကပေါ့စတစ် သမားဒေ အကုန်လုံး ရွှေ့ပြောင်း ခဲ့လိုက်ကြတယ်(အ.လ.ကခွဲ ၃၆ မဂ်လာဒုံ က ဗော်လန်တီယာညီအကို များ အားလုံးအထူးကျေးဇူးပါဗျ အစစ အရာရာ အကုန်အဆင်ပြေခဲ့ရပါတယ် ခင်ဗျ)။ ဘယ်ခေါ် သွားမှန်းလည်း မသိ လိုက်တော့လိုက်ခဲ့ရတာပဲ။ ဘာမှ ကြိုတင် အကြောင်း ကြားထားတာ မရှိပါဘူး။ အဲ့လိုနဲ့ပဲ ရောက်လာ ခဲ့ပါတော့တယ်Y angon convention centre

အားလားလား ဗျာ Positive ဖစ်ရတာ အားတောင်မဟားတရား နာသွားတယ်။ အဲ့လို နဲ့ပဲ ခေတ်မှီ ဖို့အတွက် ရောက်ရောက်ချင်းမှာ QR code ယူကြရတယ် ဗျ အဲ့ဒါရတော့မှ အခန်း ထဲ ရောက်ပါတယ်လေးယောက်တခန်း ဖွဲ့စည်းပေး ထားတယ် KBZ Bank နဲ့ ရွှေသံလွင် ကုမ္ပဏီ Sky Net က လှူထားပေး တယ် လို့ သိရတယ် ခဗျ။

အခန်းထဲ ရောက်ပီးပီးချင်း အိမ်သာ အရင် သွားကြည့်တယ် အားဒေ နာရပြန်ပါပီ ကိုယ့်အိမ် မှာတောင် မရနိုင်တဲ့ ဆားဗစ်မျိုး နဲ့ဗျ။ ရေပူရေအေး ဘိုထိုင် အဝတ်လျော်စက်အရာအားလုံး အဆင်သင့်ပဲ ခဗျ ထပ်ဆင့် အားဒေနာရပါတယ်။ အဲ့လိုနဲ့ပဲ အခန်းထဲ ပြန်ရောက် မှ ပေးထားတာလေးဒေ လှန်လှော ကြည့်မိတော့(ကိုယ်တိုင်လည်း ဆင်ခြင်ခဲ့ပေမယ့် ဖစ်လာတဲ့ အခါကျတော့ လူပေါင်း များစွာ ကို အနှောင့်အယှက် ဖစ်မိစေတဲ့အတွက် စိတ်မကောင်းများစွာ ဖစ်ရပါတယ်)ပြင်ဆင်ပေး ထားတာလေးဒေများဗျာ ဓာတ်ပုံဒေ သာ ကြည့်ကြပါတော့။

ပြောချင်တာကတော့ဗျာ ဒီရောဂါ ကြီး ကို ဘယ်သူမှ မဖစ်ချင် ကြပါဘူး။ stay at home ကြပါ လက်ကိုဆေး ကြပါ ဒါပေမယ့်လည်း မဆင်ခြင်နိုင်ကြဘူး အဲ့တော့ ဖစ်လာကြတယ် ဖြစ်လာတဲ့ အခါ ကြိတ်မကု ကြပါနဲ့။ မြို့နယ် Q ဒေ ဝင်ကြပါ ဆေးစစ်မှု ခံယူကြပါ မကြောက်ကြ ပါနဲ့ Q ဒေလည်း အဆင်ပြေအောင် ဝိုင်းဝန်းနေကြပါတယ်ကုသဆောင် ဒေမှာလည်း အကောင်းဆုံး စီစဉ် ဆောင်ရွက်ပေးနေပါတယ်။

အရာအားလုံး အဆင်ပြေတယ်ဆိုပေမယ့် လာခဲ့ဖို့တော့မဖိတ်ခေါ် ချင်ပါဘူး ခင်ဗျာ အတတ်နိုင်ဆုံး အိမ်မှာနေကြပါ လက်ဆေးကြပါ ကာကွယ်ကြပါ။ဒီရောဂါဆိုးကြီး ကို အတူတူ တိုက်ထုတ်ကြရအောင်ဗျာ

#မှားတာရှိရင်ဝန္တာမိပါ ခင်ဗျ

Credit မူရင်းရေးသားသူ