အမျိုးသားရော / အမျိုးသမီးပါ သခွားသီး ဆောင်သင့်တဲ့ အကြောင်း အရင်း

ဒီတစ်ခေါက်မှာတော့ ရင်းနှီးနေကျ အသီးအနှံလေးတွေရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြပေးသွားမှာပါ။ အဲ့ဒါကတော့ သခွားသီးစားခြင်းရဲ့ အကျိုးကျေးဇူးလေးတွေဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ အသုံးဝင်မယ့် အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။

၁။ ကျောက်ကပ်ဆေးပေးနိုင်ခြင်း

သခွားသီးက ရေဓာတ်ဖြည့်အစားအစာတစ်မျိုးဖြစ် ပြီး ရိုးရိုးရေသောက်တာထက် ရေထဲ သခွားသီး၊ ပူစီနံရွက်ထည့်သောက်ပေးမယ်ဆိုရင်တော့ အူလမ်းကြောင်းနဲ့ကျောက်ကပ်ကို သန့်စင်ပေးနိုင်ပြီး ဝမ်းပိတ်ခြင်းကလည်းကာကွယ်ပေးနိုင်ပါတယ်။

၂။ အူမကြီးကင်ဆာကာကွယ်ပေးခြင်း

သခွားသီးစားပေးခြင်းက ကင်ဆာရောဂါတွေကိုလည်း ဟန့်တား ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အစာခြေအူလမ်းကြောင်ဆိုင်ရာ ကင်ဆာရောဂါများအတွက် စားသုံးပေးနိုင်ပြီး အထူးသဖြင့် အူမကြီးကင်ဆာအတွက်အသုံးဝင်ပါတယ်။

၃။ နှလုံးရောဂါနှင့် သခွားသီး

နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေအနေနဲ့ သခွားသီးစားသုံးပေးမယ် ဆိုရင် မကောင်းတဲ့ Cholesterol တွေကို ချေဖျက်ပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါရှိသူတွေအနေနဲ့ သခွားသီးကို ထမင်းစားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။

၄။ ဆီးချိုရောဂါ

ဆီးချိုရောဂါသမားတွေအနေနဲ့ သခွားသီးစားသုံးပေးခြင်းက သွေးတွင်းသကြား ပါဝင်မှုနူန်းကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဆီးချိုရောဂါသမားတွေအနေနဲ့ သခွားသီးကို မကြာခဏ စားသုံးပေးနိုင်ပါတယ်။

၅။ အလှအပနှင့် သခွားသီး

အားလုံးသိကြတဲ့အတိုင်း မျက်နှာပေါ်ကို သခွားသီးစိတ်လေးတွေ ကပ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားအရေလေးတွေ ကောင်းမွန်လာတာကို ခံစားရမှာပါ။ သခွားသီးက ရေဓာတ်ဖြည့်ပေးမယ့်အပြင် မျက်နှာအမဲစက်တွေနဲ့နေလောင်ဒဏ်ကိုပါ သက်သာစေနိုင်ပါတယ်။

Ref healthline