ကိုရိုနာ ဗိုင်းရပ်စ်ဟာ လက်ပေါ် မှာ ဘယ်လောက်ကြာကြာ အသက်ရှင် နိုင်လဲ?

ဒါအရေးကြီး တဲ့ မေးခွန်း ဖြစ်ပါ တယ်။ ခဏခဏ မေးကြတဲ့ မေးခွန်းပါ။ လက်ပေါ်မှာ ဘယ်လောက် ကြာကြာ အသက်ရှင်သလဲသိမှ ရောဂါ ဘယ်လို ကူးလွယ်သလဲ သိမှာဖြစ်ပါတယ်။

အရင်တုန်းက အမေရိကန်က သုသေသနပညာရှင်တွေက အရာဝတ္ထုတွေပေါ်မှာ ဘယ်လောက် ကြာကြာ အသက်ရှင်သလဲ စမ်းသပ်ခဲ့ပေမယ့် လူရဲ့အရေပြားပေါ်မှာ မစမ်းသပ်ခဲ့ပါ။ ဆေးပညာကျင့်ဝတ်အရ လူရဲ့အရေပြားပေါ်ကို ရောဂါပိုးတင်ပြီး စမ်းဖို့ မသင့်လို့ဖြစ်ပါတယ်။

ကျနော်ခြောက်တန်းတုန်းက ဖတ်ဖူးခဲ့တဲ့ Microbes hunters ဆိုတဲ့ စာအုပ်ကိုသွားသတိရပါတယ်။ မိုက်ခရိုစကုပ်ကို စထွင်ခဲ့ကာ ရောဂါပိုးကိုပထမဆုံးစတွေ့ခဲ့တဲ့ Leeuwenhoek တို့၊ Spallanzani တို့သာရှိရင် ကျိန်းသေကိုယ့်အသားပေါ်ကိုယ်တင်ပြီးစမ်းသပ်ကြမှာပါ။

ဂျပန်နိုင်ငံက Dr Ryohei Hirose ဦးဆောင်တဲ့အဖွဲ့ဟာ လူရဲ့အရေပြားကို autopsies ကယူပြီး စမ်းသပ်ခဲ့ကြပါတယ်။ ကိုဗစ် ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နဲ့ တုပ်ကွေး Influenza A ဖြစ်စေတဲ့ ဗိုင်းရပ်စ်တို့ကို နှိုင်းယှဉ်စမ်းသပ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ လူရဲ့အရေပြားပေါ်မှာ (၉.၀၄) နာရီကြ ာအသက်ရှင်နေနိုင်တာကို တွေ့ရပါတယ်။

Influenza A ဗိုင်းရပ်စ်ဟာ လူရဲ့အရေပြားပေါ်မှာ (၁.၈၂) နာရီကြာအသက်ရှင်နေနိုင်တာကိုတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ကိုဗစ် ဟာ Influenza တုပ်ကွေးထက်ပိုပြီးကူးစက်လွယ်နေတာကို တွေ့ရပါတယ်။ ကျနော်တို့ တုပ်ကွေးထက် ပိုပြီးဂရုစိုက်ကာ မကူးစက်အောင် သတိထား နေရပါတော့မယ်။

အဲ့ဒီစမ်းသပ်မှုမှာ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကို သဘာဝအတိုင်း လူတွေ ချောင်းဆိုးနှာချေတဲ့ ပုံရအောင် လူရဲ့ချွဲအမှုန်နဲ့ ရောပေးကာ အရေပြားပေါ် တင်ပေးလိုက်ပါတယ်။ အဲ့လိုတကယ့်ချောင်ဆိုးနှာချေတဲ့ချွဲအမှုန်လို ဖန်တီးပေးလိုက်တာနဲ့ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ သူရှင်သန်ဖို့အဟာရရတဲ့အတွက် (၁၁) နာရီကြာအောင် လူရဲ့အရေပြားပေါ်မှာ အသက်ရှင်တာကိုတွေ့ရပါတယ်။

အဲ့ဒီတော့ကျနော်တို့ ဘာလိုက်နာရမလဲ?

ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ လက်ပေါ်မှာ ( ၉ နာရီကနေ ၁၁ နာရီအထိ ) အသက်ရှင်နိုင်တဲ့အတွက် ရောဂါပိုးရှိသူရဲ့ လက်နဲ့ထိတွေ့ခဲ့ အဲ့ဒီလောက်ကြာကြာထိတွေ့ခဲ့တဲ့အရာတွေဟာ အများကြီးပါ။ ကျနော်တို့လက်ပေါ်ပါလာရင်၊ အရေပြားပေါ်ကပ်ပါလာရင် (၉ နာရီကနေ ၁၁ နာရီအထိ) အသက်ရှင်နေနိုင် ပါတယ်။ အဲ့ဒီတော့ လက်ကိုမကြာခနဆေးဖို့ကအရေးကြီးလာပါပြီ။

အရေးကြီးတာက အဲ့ဒီသုသေသနမှာ လက်ကို အီသနော 80% ပါတဲ့ hand sanitizer နဲ့ ပိုးသန့်စင်လိုက်တဲ့အခါမှာ ၁၅ စက္ကန့်အတွင်း ဗိုင်းရပ်စ်တွေ သေကုန်တာ တွေ့ရပါတယ်။ အဲ့ဒီတော့ လက်ကိုဆပ်ပြာ (သို့မဟုတ်) အယ်ကိုဟော 60% ပါတဲ့ hand sanitizer နဲ့ အနည်းဆုံး ၂၀ စက္ကန့်မကြာခဏ ဆေးပေးခြင်းဟာ ထိရောက်သော ကာကွယ်မှုတစ်ခုဆိုတာ ပိုပြီးသေချာလာပါတယ်။

ဒီစမ်းသပ်မှုမှာ ရောဂါဖြစ်နိုင်တဲ့ဗိုင်းရပ်စ်ပမာဏကို ထည့်မစဉ်းစားပဲ #ရောဂါပိုးရဲ့ အသက်ရှင်နိုင်တဲ့အချိန်ကိုပဲ အဓိကသုသေသနပြုခဲ့တာဖြစ်ပါတယ်။ သုသေသနပြုခဲ့တာလည်း နမူနာ ၃ ခုပဲသုံးခဲ့တာမို့ စမ်းသပ်မှုအရွယ်အစားက သေးပါတယ်။

နောက်တခုက အခုလို forensic autopsy ကရယူတဲ့ လူ့အရေပြားနဲ့ သက်ရှိလူ ရဲ့ လက်ပေါ်တင်ကြည့်တာက ကွာခြားမှုရှိနိုင်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Mask တပ်ခြင်းနဲ့ #လက်ကိုမကြာခနအသေအချာဆေးခြင်းဟာလိုကို လိုအပ်တယ်ဆိုတာ ထပ်မံ၍အသိပေးလိုက်ပါတယ်ခင်ဗျား။

Richard Myo Thant