လှပကျစ်လျစ်တဲ့ ကိုယ်ခန္ဓာ အမိုက်စားလေး ရရှိဖို့ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်နေတဲ့ ရွှေအိမ်စည် ရဲ့ ဗီဒီယိုဖိုင်

ချစ်ရတဲ့ ပရိသတ်ကြီးရေ… အလှမယ် ရွှေအိမ်စည်လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေထဲမှာ မသိသူ မရှိသလောက်ရှားပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ ပြစ်ချက်မရှိလောက်အောင် တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အိမ်စည်ကို မိန်းကလေးအချင်းချင်းကပါ အားကျ ချစ်ခင်နေတာပါနော်။

အိမ်စည်က အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝရုံသာမကပဲ သရုပ်ဆောင် ပိုင်း မှာလည်း ထူးချွန်လွန်းတာဖြစ်လို့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ် ။ လက်ရှိမှာတော့ stay home ကာလဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတဲ့ သူမက အကျိုးရှိအောင် လေ့ကျင့်ခန်းတွေကို ကြိုးကြိုးစားစား လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ယနေ့မှာလည်း အိမ်စည်က GYMမှာ သွားရောက်ဆော့ကစားနေတာ ဖြစ်ပြီး သွယ်လျလှပတဲ့ ကိုယ်ခန္ဓာ အမိုက်စားရရှိဖို့အတွက် လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်နေတာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပြုလုပ်နေတဲ့ ရွှေအိမ်စည်ရဲ့ အမိုက်စား ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ Myanmarload မှ ပြန်လည်တင်ဆက်ပေး လိုက်ပါရစေနော်….. ။

Source & Photo credit – Shwe Eain Si’s FB page