ဖြူဖွေး၀င်းမွတ်နေတဲ့ အသားအရည်လေး ပေါ်လွင်ထင်ဟပ်နေပြီး ဆွဲဆောင်မှုရှိရှိ လှနေတဲ့ ရွှေအိမ်စည်

ပရိသတ်ကြီးရေ အမိုက်စားဘော်ဒီကောက်ကြောင်းလေးနဲ့ တမူထူးခြားတဲ့ရုပ်ရည်လေး ကိုပိုင်ဆိုင်ထားပြီး Missတစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သတိထားမိလာကြတဲ့ ရွှေအိမ်စည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာMissတစ်ယောက်အနေနဲ့လည်း အောင်မြင်မှုရရှိခဲ့ပြီး ယခုဆိုရင် မော်ဒယ်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ပွင့်လင်းရိုးသားစွာ နေထိုင်တတ်တဲ့ အိမ်စည်လေးကို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတာပါ။

ရွှေအိမ်စည်ဟာ ဖက်ရှင်ပိုင်းမှာဆိုရင်လည်း သူမနဲ့လိုက်ဖက်တဲ့ ထိမိနေတဲ့ဖက်ရှင်ဒီဇိုင်းတွေ နဲ့အမြဲ မိုက်နေလေ့ရှိသူတစ်ယောက်ပါနော်။ အိမ်စည်ဟာ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်‌ကိုင်လာတာဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေအထိပါ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းဟာလည်း မိန်းကလေးချင်းပါ အားကျရတဲ့ အမိုက်စားဘော်ဒီလေး ဖြစ်ပါတယ်နော်။

မကြာသေးမီကလည်း ရွှေအိမ်စည်ဟာ သူမရဲ့ Facebook စာမျက်နှာမှာ “လုပ်ယူစရာမလိုပဲ သူ့ဟာနဲ့သူ ဖြစ်လာတဲ့အရာတွေကို သဘောကျတယ်” ဆိုတဲ့ captionလေးနဲ့ သူမရဲ့ ခပ်မိုက်မိုက်ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Shwe Eain Si’s Facebook page

zawgyi



