“မုတ်သုံရာသီကာလ” မှာ ပြည်သူ များသို့ သတင်းစကားပါး လိုက်တဲ့ အမေစု

“မုတ်သုံရာသီကာလ” မှာ ပြည်သူ များသို့ သတင်းစကားပါး လိုက်တဲ့ အမေစု

မုတ်သုန်လေ တိုက်ခတ် ဝင်ရောက် လာပြီး မိုးရာသီ သို့ ရောက်ရှိ လာ ပြီ ၍ ပြည်သူများ ရာသီအလိုက် ဖြစ်ပေါ် တတ်တဲ့ ရောဂါတွေ ကို ကာကွယ်၊ ဂရုစိုက် ကြရန် နိုင်ငံတော် အတိုင်ပင်ခံ သတင်း စကားပါး…

မုတ်သုန်လေ တိုက်ခတ် ဝင်ရောက် လာ ပါပြီ။ ‘မုတ်သုန်’ ဆိုတာ ကတော့ ‘ရာသီ’ လို့ အဓိပ္ပါယ်ေ ပါက် တဲ့ အာရာဘီ ဝေါ်ဟာရက ဆင်းသက်လာတာ ဆိုတော့ ‘ရာသီလေ’လို့ ခေါ်ရမှာပေါ့။

မြန်မာနိုင်ငံ မိုးရာသီ ဝင်လာပါပြီ။ ဒါပေမဲ့ ကျွန်မ တို့ ငယ်ငယ်တုန်း က မိုးတွင်းမျိုး မဟုတ် တော့ပါ။ ဒါက အသက်ကြီးသူတို့ စရိုက်အ ရ “ ဟိုး…ဒို့ငယ်ငယ် တုန်းက ဒီလိုမဟုတ်ဘူး ” လို့ပြော တဲ့ စကားမျိုး မဟုတ်ပါဘူး ။ ရာသီဥတုပြောင်းလဲခြင်း ကို ထောက်ပြ တာဖြစ် ပါတယ်။

မပြောင်းလဲ တာကတော့ ရာသီအလိုက် ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ လိုခြင်းပါပဲ။ Covid-19 နဲ့ လုံးပန်း နေရလို့ မိုးကာလမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး တို့ လို အခြား အန္တရာယ်တွေကို မမေ့ထား ပါနဲ့။ ဖျားနာတယ် ဆိုရင် ကိုယ်ခံအား ကျဆင်း ပါတယ်။ အခံအားကောင်း ဖို့က အခုလို အချိန်မှာ အထူး လိုအပ်တယ်လေ။

ဖျားနာတယ် ဆိုရင် သတိထားပါ၊ အနီးဆုံး ကျန်းမာရေးဌာ န ကို သွားပြပါ။ ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ Covid-19 ကြောင့် ကလေးများ ပုံမှန်ထိုးရမဲ့ ကာကွယ်ဆေး ထိုးနှံ /တိုက်ကျွေး ရေး အစီအစဉ်တွေ အချိန်ကျ မဆောင်ရွက်နိုင်ခဲ့ ပါဘူး။

ကာကွယ်ဆေးများဟာ ကလေးတွေ တစ်သက်တာ အတွက် အလွန် အရေးကြီးတာကြောင့် covid-19 ကာကွယ်၊ ထိန်းချုပ်ရေး နဲ့လုံးပန်း နေရသခိုက်မှာပဲ၊ ကျန်းမာရေးဝန်ကြီးဌာနက ဒီအစီစဉ် ကိုစတင် ဆောင်ရွက်နေပါပြီ။ ကလေး မိဘများ ကလည်း အထူး ဂရုစိုက်ပြီး ပူးပေါင်းဆောင်ရွက် စေချင် ပါတယ်။

တစ်ခါတလေ စဉ်းစားမိ ပါတယ်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင်၊ ပြည်သူများ ဘဝလုံခြုံအောင် ကြိုးပမ်းရတာဟာ၊ ရာသီလေလို အချိန် အကန့် အသတ်နဲ့သာ တိုက်လို့ရတာမျိုးမဟုတ်၊ အမြဲတမ်းအချိန်မရွေး တိုက်ခတ်နေရမဲ့ အရာ ပါပဲ။

ပြည်သူများ ရာသီမရွေး စိတ်ခွန်အား ၊ ကိုယ်ခွန်အား နဲ့ ပြည့်ကြပါစေ။

Source – Aung San Suu Kyi

Add a Comment

Your email address will not be published. Required fields are marked *

6 + 5 =