တော်လှန်‌ရေးတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ အနုပညာရှင် “အမျိုးသမီးများ”

မင်းသမီး ချစ်သုဝေ

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ချစ်သုဝေ ကိုတော့ အားလုံးပဲသိကြမှာပါ။ သူမ ကတော့ အဆိုတော် လင်းလင်းနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးခရီးလမ်းကို လျှောက်လှမ်းနေပြီးတော့ ချစ်ဖို့‌ကောင်းတဲ့အမွှာသမီးလေးတွေကို ပိုင်ဆိုင် ထားပါတယ်။ ချစ်သုဝေ ဟာ ခင်ပွန်းဖြစ်သူ လင်းလင်း လိုပဲ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။ နေအိမ်ချိတ်ပိတ်ခံရတဲ့အပြင် ၅၀၅ က နဲ့တရားစွဲဆိုခံရပြီး တိမ်းရှောင် နေရပေမယ့် တော်လှန်ရေး တာဝန်တွေ ကို ရောက်တဲ့ နေရာကနေ ကြိုးစားထမ်းဆောင်နေတာပါ။

မင်းသမီး ပိုင်ဖြိုးသု

ချစ်ဖို့ကောင်းတဲ့ အပြုံးပိုင်ရှင် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ မင်းသမီး ပိုင်ဖြိုးသု ကတော့ နွေဦးတော်လှန်ရေးမှာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့အတူ အမှန်တရားဘက်က ပြတ်ပြတ်သားသားဝန်းရံခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လဲ မိခင်ဖြစ်သူမှ သမီးအဖြစ်အမွေပြတ်စွန့်လွှတ်ခြင်းကို ခံခဲ့ရပေမယ့် တော်လှန်ရေးအတွက် နောက်မဆုတ်ပဲ ဆက်လက်တိုက်ပွဲဝင်နေဆဲပါပဲ။ အရေးတော်ပုံ အောင်မှ အိမ်ပြန်မယ်လို့ ကြွေးကြော်ထားတဲ့ မင်းသမီးချောလေးလဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေရှာတဲ့ပွဲတွေမှာ အားသွန်ခွန်စိုက်ပါဝင်ခဲ့ပြီး သူမတတ်ကျွမ်းတဲ့အနုပညာ နဲ့လဲ ပါဝင်ကူညီနေသူလေး ဖြစ်ပါတယ်။

MRTV-4 မင်းသမီး မြနှင်းရည်လွင်

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

MRTV-4 ဇာတ်လမ်းတွဲတွေမှာ အိုက်တင်ကောင်းကောင်း နဲ့ သရုပ်ဆောင်ရင်း လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသမီး မြနှင်းရည်လွင် ကိုတော့ အားလုံးပဲ သိကြမှာပါနော်။ မြနှင်းရည်လွင် ဟာလဲ အောင်မြင်မှု့တွေကို မနှမြော တော်လှန်ရေးအတွက်ကိုပဲ အာရုံစိုက်ပြီး တာဝန်တွေကိုကျေပွန်ဖို့ အမြဲတမ်းကြိုးစားနေသူပါပဲ။ လက်ရှိမှာ သူမဟာ လွတ်မြောက်နယ်မြေမှာ နေထိုင်နေပြီးတော့ တော်လှန်ရေးကြီး အောင်မြင်ဖို့ တတ်ကျွမ်းတဲ့ အနုပညာနဲ့ အကောင်းဆုံးကြိုးစားနေဆဲပါပဲ။

အလှမယ် ထားထက်ထက်

မြန်မာ့နိုင်ငံကိုယ်စားပြုပြီး နိုင်ငံရပ်ခြားမှာ သွားရောက် ယျဉ်ပြိုင်ခဲ့တဲ့ အလှမယ်လဲဖြစ် ကျွမ်းဘားမယ်လဲ ဖြစ်တဲ့ ထားထက်ထက် ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ ပါဝင်ခဲ့သူပါ။ အလှမယ်ပေမယ့် ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး ကြံ့ခိုင်တဲ့အင်အားတွေနဲ့ တော်လှန်ဖို့ကြိုးစားနေတာပါ။ လွတ်မြောက်နယ်မြေကို တော်လှန်ရေးကြီး စတင်ထဲက ရောက်ရှိနေတာဖြစ်ပြီး အခုချိန်ထိ အားမလျော့ ပဲ တော်လှန်ရေးကြီး အောင်မြင်ဖို့ကြိုးစားနေပါတယ်။

မော်ဒယ်သရုပ်ဆောင် မြတ်နိုးအေး

တတ်သစ်စ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီးတော့ အနာဂတ်မှာအောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေ တန်းစီနေတဲ့သူလေးကတော့ မြတ်နိုးအေး ပဲ ဖြစ်ပါတယ်။ သူမဟာလဲ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး မြန်မာပြည်မှာဖြစ်ပျက်နေတာတွေကို ကမ္ဘာ့နိုင်ငံတွေသိအောင် ကျယ်ကျယ်ပြန့်ပြန့် Speak Out လုပ်ပေးခဲ့သူလေး ဖြစ်ပါတယ်။ ဒါကြောင့်လဲ ၅၀၅ စာရင်းမှာပါဝင်ခဲ့ပြီး သူမရဲ့ ငယ်ရွယ်နုပျိုမူ့တွေကိုတော့ လွတ်မြောက်နယ်မြေမှာပဲ ကုန်ဆုံးစေခဲ့ပါတယ်။ အောင်မြင်မှု့တွေကို ပြတ်ပြတ်သားသားစွန့်လွှတ်ပြီး တော်လှန်ရေးအောင်နိုင်ဖို့အတွက်ကိုပဲ တာဝန်တွေကိုကြိုးစားထမ်းဆောင်နေပါတယ်။

ကဲ…ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ အာဂအမျိုးသမီးတွေများစွာ ရှိပါသေး တယ်နော်။ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။