ကိုဗစ် ရဲ့ လက္ခဏာ တမျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်း ကုထုံးများ

လည်ချောင်းနာတယ်ဆိုတာက ဆိုးရွား လှတဲ့ ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပေမယ့် အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်း နာတာက တစ်ခုအပါအဝင်ဖြစ်နေတော့ လည်ချောင်းနာဝေဒနာ ခံစားလာရပြီဆိုရင် ယုန်ထင်ကြောင်ထင်နဲ့ တွေးပူစရာပါ။ COVID-19 ဆိုတာက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးမို့ လည်ချောင်းနာ ဝေဒနာက သူ့ရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေတာ သိပ်တော့ မထူးဆန်းလှပါဘူး။ လေ့လာချက်တွေအရဆိုရင် Positive လူနာ ၁၄ ရာခိုင်နှုန်းလောက်မှာ လည်ချောင်းနာတဲ့ လက္ခဏာတွေ ပြသခဲ့ကြပါတယ်တဲ့။

သေချာသိနားလည်ထားသင့်တာကတော့ လည်ချောင်းနာတာက COVID-19 ရဲ့ ရောဂါလက္ခဏာ တွေထဲက တစ်ခုသာဖြစ်ပြီးတော့ လည်ချောင်းနာတိုင်း COVID-19 လို့ တထစ်ချမှတ်ယူလို့ မရဘူးဆိုတာပါပဲ။ အအေးမိ၊ တုပ်ကွေးနဲ့ တခြားရောဂါတွေကြောင့် လည်ချောင်းနာတာမျိုး ခံစားရနိုင်ပါတယ်။ တကယ်တမ်း ဒီလို လည်ချောင်းနာဝေဒနာမျိုး ခံစားလာရတယ်ဆိုရင် အိမ်တွင်းကုထုံးတွေနဲ့ တင်ကုစားလို့ ရနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို သက်သာလျော့ပါးစေနိုင်တဲ့ အိမ်တွင်းကုထုံး တွေကို ပြောပြပေးချင်ပါတယ်။

“လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်း ကုထုံးများ” လည်ချောင်းနာတာကို သက်သာစေမယ့် အိမ်တွင်း ကုထုံးတစ်ချို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ ဆားရေနဲ့ ပလုပ်ကျင်းပါ၊ Apple cider vinegar ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါမှုန့်ကို ရေဖော်ပြီးလည်း ပလုပ်ကျင်းနိုင်ပါတယ်၊ အေးမြတဲ့ရေကို များများသောက်ပေးပါ၊ ရေခဲတုံး ငုံပေးပါ၊ ခြောက်သွေ့တဲ့လေကို ရှောင်ပါ၊ စိုထိုင်းစရှိတဲ့နေရာမျိုးမှာနေပါ၊ အက်စစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ၊ ငုံဆေးပြား ငုံပါ၊ လက်ဖက်ရည်ကြမ်းကို အနည်းငယ်စီ သောက်ပေးပါ၊ ပျားရည် ငုံပါ၊ မျိုချပါ၊ အကိုက်အခဲပျောက်ဆေး သောက်ပါ၊ နှာရှူဆေးသုံးကြည့်ပါ၊ နာကျင်မှုသက်သာအောင် စကားပြောတာကို လျှော့ပါ၊ ဘက်တီးရီးယားတွေ လျော့နည်းစေဖို့ သွားကြားက အညစ်အကြေးတွေကို ရှင်းလင်းပါ၊ ဓာတ်မတည့်မှုဝေဒနာတစ်မျိုးမျိုးရှိနေရင် သက်သာစေမယ့် ဆေးဝါးမှီဝဲပါ၊ ခွန်အားပြည့်ပြီး ကိုယ်ခံအားမြင့်တက်လာအောင် အနားယူပါ၊ ရေနွေးငွေ့ပါဝင်တဲ့ရေနဲ့ ရေချိုးပါ၊ အိပ်စက်ရာမှာ ခေါင်းကို မြင့်မြင့်ထားပြီး အိပ်ပါ။

အထက်ပါ နည်းလမ်းတွေက လည်ချောင်းနာခြင်းဝေဒနာကို လျော့ပါးစေမယ့် အိမ်တွင်း ကုထုံးတွေ ဖြစ်ပါတယ်။ အကယ်၍ COVID-19 လို့ သံသယရှိနေတယ်ဆိုရင်… လည်ချောင်းနာတိုင်း COVID-19 မဟုတ်ပါဘူး။ တကယ်လို့ COVID-19 ကြောင့် လည်ချောင်းနာတာ ဆိုရင်လည်း အထက်ပါအိမ်တွင်း ကုထုံးတွေက လည်ချောင်းနာတာကိုသာ သက်သာစေမှာပါ။ ရောဂါကိုတော့ တိုက်ထုတ်နိုင်မှာမဟုတ်ပါဘူး။ လည်ချောင်းနာတဲ့ဝေဒနာကို ဖျားနာကိုက်ခဲမှုတွေ၊ ရာသီတုပ်ကွေးလိုရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ COVID-19 ကြောင့်လား တခြားဝေဒနာတ ွေကြောင့်လားဆိုတာကို သိချင်ရင် အကြမ်းဖျဉ်းအားဖြင့် အောက်ပါအခြေအနေတွေကို ကြည့်ရှုပြီး ခွဲခြားနိုင်ပါတယ်။

COVID-19 : လည်ချောင်းနာခြင်းနဲ့အတူ ဖျားမယ်၊ ကိုယ်ပူမယ်၊ ချောင်းဆိုးမယ်၊ ပင်ပန်းနွမ်းနယ် မယ်။ တခြားလက္ခဏာတွေလည်း ပြသနိုင်ပါတယ်။ သေချာတာကတော့ ပိုးရှိမရှိ စစ်ဆေးကြည့်မှ တိကျတဲ့ အဖြေထွက်နိုင်တယ်ဆိုတာပါပဲ။ ပုံမှန်အဖျားဝေဒနာ : နှာခေါင်းတွေနီရဲနေအောင် နှာစေးမယ်၊ လည်ချောင်းလည်းနာမယ်။ ဖျားနိုင်ပေမယ့် ပြင်းထန်လေ့မရှိဘူး။ တုပ်ကွေး : တုပ်ကွေးလက္ခဏာအများအပြားဟာ COVID-19 နဲ့ ဆင်တူတတ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာခြင်းအပြင် ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ နှာချေတာ၊ ကိုလက်ကိုက်ခဲတာနဲ့ နာကျင်တာတွေဖြစ်တယ်ဆိုရင်တော့ တုပ်ကွေးဖြစ်နိုင်ခြေပိုများပါတယ်။ တကယ်လို့ ကိုယ့်ရဲ့လည်ချောင်းနာဝေဒနာအပေါ် စိတ်မချလို့ သံသယရှိတယ် ဆိုရင်တော့ နီးစပ်ရာ Fever Clinic တွေဆီကို သွားရောက်ပြီး စမ်းသပ်စစ်ဆေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ (Dr. Phyo Wai Lynn), ရေးသားသူ Ye Zon Aung

zawgyi

လည္ေခ်ာင္းနာတယ္ဆိုတာက ဆိုး႐ြား လွတဲ့ က်န္းမာေရးျပႆနာတစ္ခုမဟုတ္ေပမယ့္ အေတာ္ေလး ခံရက္တဲ့ ေဝဒနာတစ္ခုပါ။ ေနာက္ၿပီး COVID-19 ရဲ႕ ေရာဂါလကၡဏာေတြထဲမွာလည္း လည္ေခ်ာင္း နာတာက တစ္ခုအပါအဝင္ျဖစ္ေနေတာ့ လည္ေခ်ာင္းနာေဝဒနာ ခံစားလာရၿပီဆိုရင္ ယုန္ထင္ေၾကာင္ထင္နဲ႔ ေတြးပူစရာပါ။ COVID-19 ဆိုတာက အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါတစ္မ်ိဳးမို႔ လည္ေခ်ာင္းနာ ေဝဒနာက သူ႔ရဲ႕ ေရာဂါလကၡဏာတစ္ခုျဖစ္ေနတာ သိပ္ေတာ့ မထူးဆန္းလွပါဘူး။ ေလ့လာခ်က္ေတြအရဆိုရင္ Positive လူနာ ၁၄ ရာခိုင္ႏႈန္းေလာက္မွာ လည္ေခ်ာင္းနာတဲ့ လကၡဏာေတြ ျပသခဲ့ၾကပါတယ္တဲ့။

ေသခ်ာသိနားလည္ထားသင့္တာကေတာ့ လည္ေခ်ာင္းနာတာက COVID-19 ရဲ႕ ေရာဂါလကၡဏာ ေတြထဲက တစ္ခုသာျဖစ္ၿပီးေတာ့ လည္ေခ်ာင္းနာတိုင္း COVID-19 လို႔ တထစ္ခ်မွတ္ယူလို႔ မရဘူးဆိုတာပါပဲ။ အေအးမိ၊ တုပ္ေကြးနဲ႔ တျခားေရာဂါေတြေၾကာင့္ လည္ေခ်ာင္းနာတာမ်ိဳး ခံစားရႏိုင္ပါတယ္။ တကယ္တမ္း ဒီလို လည္ေခ်ာင္းနာေဝဒနာမ်ိဳး ခံစားလာရတယ္ဆိုရင္ အိမ္တြင္းကုထုံးေတြနဲ႔ တင္ကုစားလို႔ ရႏိုင္ပါတယ္။ လည္ေခ်ာင္းနာေဝဒနာကို သက္သာေလ်ာ့ပါးေစႏိုင္တဲ့ အိမ္တြင္းကုထုံး ေတြကို ေျပာျပေပးခ်င္ပါတယ္။

“လည္ေခ်ာင္းနာ သက္သာေစမယ့္ အိမ္တြင္း ကုထုံးမ်ား” လည္ေခ်ာင္းနာတာကို သက္သာေစမယ့္ အိမ္တြင္း ကုထုံးတစ္ခ်ိဳ႕ကေတာ့ေအာက္ပါအတိုင္းျဖစ္ပါတယ္။ ဆားေရနဲ႔ ပလုပ္က်င္းပါ၊ Apple cider vinegar ဒါမွမဟုတ္ မုန္႔ဖုတ္ဆိုဒါမႈန္႔ကို ေရေဖာ္ၿပီးလည္း ပလုပ္က်င္းႏိုင္ပါတယ္၊ ေအးျမတဲ့ေရကို မ်ားမ်ားေသာက္ေပးပါ၊ ေရခဲတုံး ငုံေပးပါ၊ ေျခာက္ေသြ႕တဲ့ေလကို ေရွာင္ပါ၊ စိုထိုင္းစရွိတဲ့ေနရာမ်ိဳးမွာေနပါ၊ အက္စစ္ဓာတ္ပါဝင္တဲ့ အစားအစာေတြကို ေရွာင္က်ဥ္ပါ၊ ငုံေဆးျပား ငုံပါ၊ လက္ဖက္ရည္ၾကမ္းကို အနည္းငယ္စီ ေသာက္ေပးပါ၊ ပ်ားရည္ ငုံပါ၊ မ်ိဳခ်ပါ၊ အကိုက္အခဲေပ်ာက္ေဆး ေသာက္ပါ၊ ႏွာရႉေဆးသုံးၾကည့္ပါ၊ နာက်င္မႈသက္သာေအာင္ စကားေျပာတာကို ေလွ်ာ့ပါ၊ ဘက္တီးရီးယားေတြ ေလ်ာ့နည္းေစဖို႔ သြားၾကားက အညစ္အေၾကးေတြကို ရွင္းလင္းပါ၊ ဓာတ္မတည့္မႈေဝဒနာတစ္မ်ိဳးမ်ိဳးရွိေနရင္ သက္သာေစမယ့္ ေဆးဝါးမွီဝဲပါ၊ ခြန္အားျပည့္ၿပီး ကိုယ္ခံအားျမင့္တက္လာေအာင္ အနားယူပါ၊ ေရေႏြးေငြ႕ပါဝင္တဲ့ေရနဲ႔ ေရခ်ိဳးပါ၊ အိပ္စက္ရာမွာ ေခါင္းကို ျမင့္ျမင့္ထားၿပီး အိပ္ပါ။

အထက္ပါ နည္းလမ္းေတြက လည္ေခ်ာင္းနာျခင္းေဝဒနာကို ေလ်ာ့ပါးေစမယ့္ အိမ္တြင္း ကုထုံးေတြ ျဖစ္ပါတယ္။ အကယ္၍ COVID-19 လို႔ သံသယရွိေနတယ္ဆိုရင္… လည္ေခ်ာင္းနာတိုင္း COVID-19 မဟုတ္ပါဘူး။ တကယ္လို႔ COVID-19 ေၾကာင့္ လည္ေခ်ာင္းနာတာ ဆိုရင္လည္း အထက္ပါအိမ္တြင္း ကုထုံးေတြက လည္ေခ်ာင္းနာတာကိုသာ သက္သာေစမွာပါ။ ေရာဂါကိုေတာ့ တိုက္ထုတ္ႏိုင္မွာမဟုတ္ပါဘူး။ လည္ေခ်ာင္းနာတဲ့ေဝဒနာကို ဖ်ားနာကိုက္ခဲမႈေတြ၊ ရာသီတုပ္ေကြးလိုေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ COVID-19 ေၾကာင့္လား တျခားေဝဒနာတ ြေေၾကာင့္လားဆိုတာကို သိခ်င္ရင္ အၾကမ္းဖ်ဥ္းအားျဖင့္ ေအာက္ပါအေျခအေနေတြကို ၾကည့္ရႈၿပီး ခြဲျခားႏိုင္ပါတယ္။

COVID-19 : လည္ေခ်ာင္းနာျခင္းနဲ႔အတူ ဖ်ားမယ္၊ ကိုယ္ပူမယ္၊ ေခ်ာင္းဆိုးမယ္၊ ပင္ပန္းႏြမ္းနယ္ မယ္။ တျခားလကၡဏာေတြလည္း ျပသႏိုင္ပါတယ္။ ေသခ်ာတာကေတာ့ ပိုးရွိမရွိ စစ္ေဆးၾကည့္မွ တိက်တဲ့ အေျဖထြက္ႏိုင္တယ္ဆိုတာပါပဲ။ ပုံမွန္အဖ်ားေဝဒနာ : ႏွာေခါင္းေတြနီရဲေနေအာင္ ႏွာေစးမယ္၊ လည္ေခ်ာင္းလည္းနာမယ္။ ဖ်ားႏိုင္ေပမယ့္ ျပင္းထန္ေလ့မရွိဘူး။ တုပ္ေကြး : တုပ္ေကြးလကၡဏာအမ်ားအျပားဟာ COVID-19 နဲ႔ ဆင္တူတတ္ပါတယ္။ ဒါေပမယ့္ လည္ေခ်ာင္းနာျခင္းအျပင္ ခ်မ္းတုန္ဖ်ားတာ၊ ေခါင္းကိုက္တာ၊ ႏွာေခ်တာ၊ ကိုလက္ကိုက္ခဲတာနဲ႔ နာက်င္တာေတြျဖစ္တယ္ဆိုရင္ေတာ့ တုပ္ေကြးျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ တကယ္လို႔ ကိုယ့္ရဲ႕လည္ေခ်ာင္းနာေဝဒနာအေပၚ စိတ္မခ်လို႔ သံသယရွိတယ္ ဆိုရင္ေတာ့ နီးစပ္ရာ Fever Clinic ေတြဆီကို သြားေရာက္ၿပီး စမ္းသပ္စစ္ေဆးတာက အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ (Dr. Phyo Wai Lynn), ေရးသားသူ Ye Zon Aung