ဆေးရုံတွေ ရဲ့ အောက်စီဂျင် ဘယ်ကရ သလဲ?

ကျတော်တို့ မေ့ဆေးနဲ့ ICU Intensivist ဆရာဝန်များ အတွက် အဆန်းတကျယ်မဟုတ်ပေမယ့် အခြား အရပ်ဖက်ပြည်သူများ အတွက် ဗဟုသုတ ဖြစ်ဖို့ ဆေးရုံတွေအတွက် အောက်စီဂျင် ထုတ်ပေးနိုင်တဲ့ နည်း များ ကို တင်ပြပေးအပ်ပါတယ်။ ကျတော်တို့ ဆေးဝန်ထမ်းများ ပင် ကိုယ့်ဆေးရုံ ရဲ့ အောက်စီဂျင် ဘယ် က ရသလဲ။ မစပ်စု တတ်တာ လည်း အံ့ဩ မိပါတယ်။

ကိုးဗစ်ကာလ အောက်စီဂျင် အများအပြားသုံးစွဲ နိုင်ဖို့ ကုတင် 50 ဆေးရုံ‌လောက် က အစ အောက်စီဂျင် အလုံအလောက် ရှိနေဖို့လိုပါတယ်၊အောက်စီဂျင် ရင်းမြစ်မရှိ ပါပဲ အခြားဘာရှိရှိ အလုပ်မဖြစ်ပါ။ Oxygen is not the gas, but the essential Drug ပါ။ အောက်စီဂျင် ဟာ မရှိမဖြစ် ဆေးဝါး ပါ။

1.အလွယ်ဆုံးက တော့ အိုးတွေ အများကြီး ချိတ်ဆက်သွယ်တန်းထား တဲ့ Oxygen Cylinder Manifold System ပါ။

ခွဲခန်း လူနာ ခန်း နဲ့ အပြင် အဝေးမှာ သီးခြား အဆောက်အဦ နဲ့ ထားရပါမယ်။ Sizeကြီးအိုးများ ကို အနည်းဆုံး တဖက် 10လုံး လောက် ဘယ် ညာ ဆက်သွယ် ထားတဲ့စနစ်ပါ။ ဘယ်တန်းက အိုး တွေကုန်ရင် ညာတန်း ဖွင့် ဘယ်တန်းက အိုးတွေ အသစ်လဲ၊ ညာကုန် ဘယ် ပြန်ဖွင့် ညာအိုးတွေ လဲ။ ဒီနည်းက ရှေးဟောင်း နည်း မီးမလိုပါဘူး။ စောင့်ကြည့်ဖို့ လူ ၊ သယ်ယူစရာ ကား ၊ Oxygen Regulator အိုး ကြီးတွေ ရင်းနှီးရပါမယ်၊ အိုး လေး တွေ ဖြည့် ဖို့ ပိုက်ခေါင်း ဆောင်ထားရင် ခရီးတို လူနာအသယ်အပို့ ဝန်ဆောင်မှုပေးနိုင်ပါမယ်။ (ဒါပေမယ့် သိသလောက် ဆေးရုံ အလတ် များဟာ အိုးကြီး ၂ လုံး ၃ လုံး နဲ့သာ စခန်းသွားနေကြပါတယ်။)

2.oxygen Generator စက်ကြီးများပါ။

လေထဲ က Nitrogen + Oxygenရောနေတဲ့ ရိုးရိုးလေကို လေစုပ်စက်နဲ့ စုပ်သွင်းပြီး Nitrogen ဖယ် စစ်နိုင်တဲ့ Zeolites Chamber တွေထဲဖြတ် ပြီး Oxygen ချည်းသက်သက် ကို လေအိုး ထဲ မောင်းထည့်၊ ထိုမှ တဆင့် Oxygen Cylindersထဲ ထည့်ချင်ထည့် စု၊ သို့မဟုတ် ဆေးရုံ ပိုက်လိုင်းစနစ်ထဲ ထည့်တဲ့စက်နဲ့ ပိုက်လိုင်းစနစ်ပါ။ ထိုစက် ကတော့ ကုမ္မဏီ အလိုက်ဈေး နဲ့ ဝန်ဆောင်မှုစရိတ် အမြဲ ရှိနေ ပါမယ်။ လျှပ်စစ်မီး မပြတ်လိုပါတယ်။ မီးစက်အကြီး ထိုင်ထားကြရပါမယ်။ အိုးကြီးတွေထဲလည်း စု ထား ဖို့ လိုသလို Cylinder Manifold System နဲ့ ချိတ်ဆက် ထားလေ့ ရှိပါတယ်။ အတန်ကြီးတဲ့ ကုတင် 100ဆေးရုံတိုင်းမှာ အနည်းဆုံး ၂ လုံး (တလုံးပျက် တလုံးမောင်း၊ ပျက်တဲ့အလုံးပြင် ၊) ရှိထားသင့်တာ တော့ ကြာပါပြီ၊

3. Liquid Oxygen Plant (Liquid Oxygen Vacuum Insulated Evaporator) VIE

zawgyi

က်ေတာ္တို႔ ေမ့ေဆးနဲ႔ ICU Intensivist ဆရာဝန္မ်ား အတြက္ အဆန္းတက်ယ္မဟုတ္ေပမယ့္ အျခား အရပ္ဖက္ျပည္သူမ်ား အတြက္ ဗဟုသုတ ျဖစ္ဖို႔ ေဆး႐ုံေတြအတြက္ ေအာက္စီဂ်င္ ထုတ္ေပးႏိုင္တဲ့ နည္း မ်ား ကို တင္ျပေပးအပ္ပါတယ္။ က်ေတာ္တို႔ ေဆးဝန္ထမ္းမ်ား ပင္ ကိုယ့္ေဆး႐ုံ ရဲ႕ ေအာက္စီဂ်င္ ဘယ္ က ရသလဲ။ မစပ္စု တတ္တာ လည္း အံ့ဩ မိပါတယ္။

ကိုးဗစ္ကာလ ေအာက္စီဂ်င္ အမ်ားအျပားသုံးစြဲ ႏိုင္ဖို႔ ကုတင္ 50 ေဆး႐ုံ‌ေလာက္ က အစ ေအာက္စီဂ်င္ အလုံအေလာက္ ရွိေနဖို႔လိုပါတယ္၊ေအာက္စီဂ်င္ ရင္းျမစ္မရွိ ပါပဲ အျခားဘာရွိရွိ အလုပ္မျဖစ္ပါ။ Oxygen is not the gas, but the essential Drug ပါ။ ေအာက္စီဂ်င္ ဟာ မရွိမျဖစ္ ေဆးဝါး ပါ။

1.အလြယ္ဆုံးက ေတာ့ အိုးေတြ အမ်ားႀကီး ခ်ိတ္ဆက္သြယ္တန္းထား တဲ့ Oxygen Cylinder Manifold System ပါ။

ခြဲခန္း လူနာ ခန္း နဲ႔ အျပင္ အေဝးမွာ သီးျခား အေဆာက္အဦ နဲ႔ ထားရပါမယ္။ Sizeႀကီးအိုးမ်ား ကို အနည္းဆုံး တဖက္ 10လုံး ေလာက္ ဘယ္ ညာ ဆက္သြယ္ ထားတဲ့စနစ္ပါ။ ဘယ္တန္းက အိုး ေတြကုန္ရင္ ညာတန္း ဖြင့္ ဘယ္တန္းက အိုးေတြ အသစ္လဲ၊ ညာကုန္ ဘယ္ ျပန္ဖြင့္ ညာအိုးေတြ လဲ။ ဒီနည္းက ေရွးေဟာင္း နည္း မီးမလိုပါဘူး။ ေစာင့္ၾကည့္ဖို႔ လူ ၊ သယ္ယူစရာ ကား ၊ Oxygen Regulator အိုး ႀကီးေတြ ရင္းႏွီးရပါမယ္၊ အိုး ေလး ေတြ ျဖည့္ ဖို႔ ပိုက္ေခါင္း ေဆာင္ထားရင္ ခရီးတို လူနာအသယ္အပို႔ ဝန္ေဆာင္မႈေပးႏိုင္ပါမယ္။ (ဒါေပမယ့္ သိသေလာက္ ေဆး႐ုံ အလတ္ မ်ားဟာ အိုးႀကီး ၂ လုံး ၃ လုံး နဲ႔သာ စခန္းသြားေနၾကပါတယ္။)

2.oxygen Generator စက္ႀကီးမ်ားပါ။

ေလထဲ က Nitrogen + Oxygenေရာေနတဲ့ ႐ိုး႐ိုးေလကို ေလစုပ္စက္နဲ႔ စုပ္သြင္းၿပီး Nitrogen ဖယ္ စစ္ႏိုင္တဲ့ Zeolites Chamber ေတြထဲျဖတ္ ၿပီး Oxygen ခ်ည္းသက္သက္ ကို ေလအိုး ထဲ ေမာင္းထည့္၊ ထိုမွ တဆင့္ Oxygen Cylindersထဲ ထည့္ခ်င္ထည့္ စု၊ သို႔မဟုတ္ ေဆး႐ုံ ပိုက္လိုင္းစနစ္ထဲ ထည့္တဲ့စက္နဲ႔ ပိုက္လိုင္းစနစ္ပါ။ ထိုစက္ ကေတာ့ ကုမၼဏီ အလိုက္ေဈး နဲ႔ ဝန္ေဆာင္မႈစရိတ္ အၿမဲ ရွိေန ပါမယ္။ လွ်ပ္စစ္မီး မျပတ္လိုပါတယ္။ မီးစက္အႀကီး ထိုင္ထားၾကရပါမယ္။ အိုးႀကီးေတြထဲလည္း စု ထား ဖို႔ လိုသလို Cylinder Manifold System နဲ႔ ခ်ိတ္ဆက္ ထားေလ့ ရွိပါတယ္။ အတန္ႀကီးတဲ့ ကုတင္ 100ေဆး႐ုံတိုင္းမွာ အနည္းဆုံး ၂ လုံး (တလုံးပ်က္ တလုံးေမာင္း၊ ပ်က္တဲ့အလုံးျပင္ ၊) ရွိထားသင့္တာ ေတာ့ ၾကာပါၿပီ၊

3. Liquid Oxygen Plant (Liquid Oxygen Vacuum Insulated Evaporator) VIE