အဖြူရောင် ဖက်ရှင်လေး ကိုဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေ နဲ့ အသည်းယားစရာ ပို့စ်ပေးဓာတ်ဖမ်းနေတဲ့” ဖြူဖြူထွေး”

မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေကို တစ်နေ့ထပ်တစ်နေ့ ပိုပြီး ရရှိလာနေတာဖြစ်ပါတယ်။ လတ်တလောမှာလည်း ဖြူဖြူထွေးဟာ ကိုယ်တိုင် ဇာတ်ညွန်းရေး ဒါရိုက်တာလုပ်ပြီး ကြော်ငြာလေးတွေကို ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။ သူမရဲ့ ကြော်ငြာလေးတွေကလည်း တမူထူး ခြားပြီး ရယ်စရာလေးတွေထည့်သွင်းထားတာကြောင့် ပရိသတ်တွေကလည်း သဘောကျအားပေးနေရတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ အနုပညာနယ်ပယ်ထဲ ကို ရောက်ရှိလာတာမကြာသေးပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေများစွာရှိတာတွေ့ရပါတယ်။ ရိုးသားဖြူစင်သူလေးဖြစ်တဲ့ သူမဟာ ဝတ်စားဆင်ယဉ်မှုမှာလည်း ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ်လိုက်ဖက်အောင်ဝတ်ဆင်တတ် သူပဲဖြစ်ပါတယ်။ ချစ်စရာပုံလေးတွေကို အမြဲဖော်ပြပေးတဲ့ ဖြူဖြူထွေးက ယခုမှာ လည်း ပရိသတ်တွေ ချစ်အားပိုစေမယ့် ပုံလေးတွေတင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေးက ဆန်းသစ် တဲ့ အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး အသည်းယားစရာအမူအရာ လေးတွေနဲ့ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူထွေးက “အဖြူရောင်လေးနဲ့က ဘယ်သူကောင်မလေးလဲ” ဆိုတဲ့ caption လေးနဲ့ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ အဖြူရောင်ဖက်ရှင်လေးနဲ့ ချစ်စရာ ကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Phyu Phyu Htwe fb account

zawgyi Version





Unicode Version