ျမန္မာ နဲ႔ ဘဂၤလားေဒ့ရွ္ အၾကား အင္အားျပင္း မုန္တုိင္း တခု၀င္ေရာက္ တုိက္ခတ္ဖြယ္ ရွိ
|ဒီသီတင္းပတ္ေႏွာင္းပိုင္း ဘဂၤလား ပင္လယ္ေအာ္မွာ ဆိုင္ကလုန္း မုန္တိုင္းႀကီးတခု ျဖစ္ေပၚလာနိုင္ၿပီး လာမယ့္ ရက္အနည္းငယ္ အတြင္း ဘဂၤလားေဒ့ရွ္ နဲ႔ ျမန္မာနိုင္ငံအၾကား မိုးစတင္ ရြာသြန္းနိုင္တယ္လို႔ အိႏၵိယနိုင္ငံ အေျခစိုက္ မိုးေလဝသဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။ အခုလက္ရွိမွာေတာ့ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္း နဲ႔ ကပၸလီပင္လယ္ျပင္ၾကား ေနာက္ ၄၈ နာရီအတြင္း ေလဖိအား နည္း ရပ္ဝန္းတခုျဖစ္ေပၚလာဖို႔ အလားအလာေတြ ရွိေနတယ္လို႔ ေဒသတြင္း ဆိုင္ကလုန္းမုန္တိုင္း သတိေပး အခ်က္ျပစင္တာ ညႊန္ၾကား ေရးမွဴး N Puviarasan ကThe New Indian Express သတင္းစာကို ေျပာပါတယ။
ဒီအေျခအေနေတြေၾကာင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း၊ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္း နဲ႔ နီကိုဘာကၽြန္းတဝိုက္ ေမလ ၁၆ ရက္ဝန္းက်င္ မွာ အေနာက္ေတာင္မုတ္သုံေလ ဝင္ေရာက္နိုင္တယ္ လို႔ ခန္႔မွန္းထားပါတယ္။
မုန္တိုင္းဦးတည္ရာက အိႏၵိယနိုင္ငံ ဘက္ ဦးတည္လာမယ္ဆိုရင္ Tamil Nadu ျပည္နယ္ မွာ အပူခ်ိန္ အေျပာင္းအလဲေတြ ရွိလာနိုင္ပါတယ္။ မုန္တိုင္း လမ္းေၾကာင္းက Tamil Nadu ျပည္နယ္နဲ႔ အေရွ႕ဘက္ကမ္းရိုးတန္းနားမဟုတ္ပဲ ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ကို ဉီးတည္တိုက္ခတ္မယ္ ဆိုရင္ေတာ့ ျပည္နယ္တြင္း အပူခ်ိန္ေတြဆက္လက္ျမင့္တက္ေနဉီးမွာ ျဖစ္ေၾကာင္း ညႊန္ၾကားေရးမွဴး Puviarasan က ေျပာပါတယ္။
ဗြီအိုေအသတင္းဌာန
unicode
ဒီသီတင်းပတ်နှောင်းပိုင်း ဘင်္ဂလား ပင်လယ်အော်မှာ ဆိုင်ကလုန်း မုန်တိုင်းကြီးတခု ဖြစ်ပေါ်လာနိုင်ပြီး လာမယ့် ရက်အနည်းငယ် အတွင်း ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံအကြား မိုးစတင် ရွာသွန်းနိုင်တယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် မိုးလေဝသဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလက်ရှိမှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်ကြား နောက် ၄၈ နာရီအတွင်း လေဖိအား နည်း ရပ်ဝန်းတခုဖြစ်ပေါ်လာဖို့ အလားအလာတွေ ရှိနေတယ်လို့ ဒေသတွင်း ဆိုင်ကလုန်းမုန်တိုင်း သတိပေး အချက်ပြစင်တာ ညွှန်ကြား ရေးမှူး N Puviarasan ကThe New Indian Express သတင်းစာကို ပြောပါတယ။
ဒီအခြေအနေတွေကြောင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နဲ့ နီကိုဘာကျွန်းတဝိုက် မေလ ၁၆ ရက်ဝန်းကျင် မှာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်တယ် လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဦးတည်ရာက အိန္ဒိယနိုင်ငံ ဘက် ဦးတည်လာမယ်ဆိုရင် Tamil Nadu ပြည်နယ် မှာ အပူချိန် အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ မုန်တိုင်း လမ်းကြောင်းက Tamil Nadu ပြည်နယ်နဲ့ အရှေ့ဘက်ကမ်းရိုးတန်းနားမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဉီးတည်တိုက်ခတ်မယ် ဆိုရင်တော့ ပြည်နယ်တွင်း အပူချိန်တွေဆက်လက်မြင့်တက်နေဉီးမှာ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး Puviarasan က ပြောပါတယ်။
ဗွီအိုအေသတင်းဌာန