ကိုဗစ် ဖြစ်ဖူးတဲ့ သူ ဟာ ပြန်ဖြစ်နိုင်သလား? ဒါလည်း အတော်များများ က မေးကြတဲ့ ကိစ္စပါ။

“အချို့မှာပြန်ဖြစ်နိုင်ပါတယ်” အသေး စိတ်ရှင်းပြသွားပါ့မယ်။

အဲ့ဒီ ကိုဗစ်ဖြစ်ခဲ့သူဟာ.. (၁) ရောဂါပြင်း ပြင်းထန်ထန်ဖြစ်ခဲ့သူ (moderate and severe) သမားလား? (၂) ရောဂါမပြင်းထန်သူ (mild) နဲ့ ရောဂါလက္ခဏာလုံးဝမပြခဲ့သူ (asymptomatic) သမားလား?

ကမ္ဘာပေါ်မှာအခုအခြေအနေမှာ ၈၀ ရာနှုန်းသော ကိုဗစ်ရောဂါဖြစ်ဖူးသူတွေဟာ (၂) သမားတွေပါ။

(၁) သမားဆိုရင် ရောဂါပြန်ဖြစ်ဖို့ အခွင့်အလမ်းအလွန်နည်းပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဝင်လာရင် မှတ်မိထားပြီးပြန်ချမယ့် memory immune cell တွေ အလုံအလောက်တွေ့ရပါတယ်။ ဘယ်လောက်ကြာကြာရောဂါပြီးနေမလဲဆိုတာ သုသေသနလုပ်နေဆဲပါ။

(၂) သမားဆိုရင် ရောဂါပြန်ဖြစ်နိုင်ခြေပိုများပါတယ်။ သူတို့မှာ memory immune cell တွေ အလုံအလောက်မတွေ့ရပါ။ ကိုဗစ်-၁၉ ဟာ ရောဂါအသစ်မို့အတိအကျပြောဖို့ခက်ပါတယ်။

သေချာတာတစ်ခုက ကိုဗစ် ဖြစ်ပြီးလို့ ပြန်နေကောင်း လာသူတွေမှာ antibodies ထွက်ခဲ့တာတော့အမှန်ပါပဲ။ အဲ့ဒီအတွက်ကြောင့် သူများထက်တော့ကိုဗစ်ရောဂါဖြစ်နိုင်ခြေ နည်းပါလိမ့်မယ်။ ပြန်မဖြစ်တော့ဘူးစိတ်ချလို့ လုံးဝအာမမခံနိုင်ပါ။ အဲ့ဒါကြောင့် (၂) သမားတွေကို ပိုဂရုစိုက်ပါလို့ပြောတာ။

အမေရိကန်သမ္မတ ထရမ့်တောင် ကိုဗစ်ကပြန် နလန်ထလာတော့ သူပြန်ဖြစ်နိုင်မဖြစ်နိုင်ရယ်၊ ပြန်မဖြစ်ပဲရောဂါပြီးနေရင်တောင် ဘယ်လောက်ကြာကြာခံမလဲဆိုတာရယ်ကို အသေအချာဘယ်သူမှမပြောနိုင်ဘူးလို့တောင် ပြောခဲ့သေးတာ။

ဆရာကြီး Dr. Maung Maung Oo တင်ထားတဲ့ သတင်းတစ်ခုမှာ အမေရိကန်မှာပဲ Jordan Josey ဆိုတဲ့သူဟာ ကိုဗစ်ဖြစ်ရာကနေ မေလဆန်းမှာ ပြန်ကောင်းလာခဲ့ပါတယ်။ သူ့သွေးရည်ကြည် convalescent plasma ကိုတောင် မေလ ၁၈ ရက်နေ့မှာ လှူဒါန်းခဲ့ပါသေးတယ်။ နှစ်ပတ်ကြာတော့ swab test လုပ်ကြည့်ရာမှာ Negative ပြခဲ့ပါတယ်။

ဇူလိုင်လထဲမှာ ကိုဗစ်ပြန်ဖြစ်လိုက်တာ တစ်လလောက်ဘာမှမလုပ်နိုင်ပါ။ လှေခါးတောင်မတက်နိုင်ပါ။ အဓိကက သူကရောဂါပြီးနေတယ်လို့ထင်ထားရာကနေ ရောဂါပြန်ဖြစ်ခဲ့တာပါ။

ပြန်ဖြစ်ခဲ့ဖူးတဲ့အကြောင်းတွေ ကျနော်ရေးဖူးတာရှိပါတယ်။ အခု သိပ္ပံနည်းကျသုသေသနကို ကြည့်ရအောင်ပါ။

Chongqing Army Medical University မှာရှိတဲ့ Dr Ye Lilin ဦးဆောင်တဲ့အဖွဲ့ဟာ ကိုဗစ်လူနာ ၅၉ ယောက်ကို သုသေသနပြုခဲ့ပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက်က ကိုဗစ်ပြန်မဖြစ်နိုင်အောင် ကာကွယ်ပေးမယ့် immunity ကိုလေ့လာချင်လို့ပါ။

အဲ့ဒီလူနာ ၅၉ ေယာက္မွာ …

၁၀ ယောက်က ရောဂါလက္ခဏာလုံးဝမပြခဲ့တဲ့ asymptomatic သမားတွေ၊ ၁၀ ယောက်က ရောဂါလက္ခဏာမပြင်းထန်ခဲ့တဲ့ mild သမားတွေ၊ ၃၂ ယောက်က ရောဂါအထိုက်အလျောက်ဖြစ်ခဲ့တဲ့ moderate သမားတွေ၊ ၇ ယောက်က ရောဂါပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ severe သမားတွေ၊ အဲ့ဒီမှာအဓိကလေ့လာတာက ရောဂါဖြစ်ဖူးသူတွေရဲ့ ကိုယ်ခန္ဓာကတုန့်ပြန် တဲ့ B-cells နဲ့ T-cells (သွေးဖြူဥတွေ) ကိုလေ့လာတာ။

B-cells က bone marrow က ထုတ်ပေးတာ၊ T-cells က thymus က ထုတ်ပေးတာ။

T-cells မှာ helper T-cells နဲ့ killer T-cells တွေရှိတယ်။ helper T-cells တွေက B-cells တွေကို antibodies ထုတ်ပေးဖို့နှိုးဆွပေးသလို killer T-cells တွေကိုလည်း ကူညီတယ်။ killer T-cells တွေက အပြင်က ပိုးဝင်လာရင် ပိုးဝင်နေတဲ့ဆဲလ်တွေကို သတ်ပစ်တဲ့ သွေးဖြူဥဆဲလ်တွေပဲ။

T-cells တွေက cytokines တွေကို messenger မော်လီကျူးအနေနဲ့သုံးပြီး ကျန်လူ့ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားစနစ်တုန့်ပြန်မှုကို (immune system response) ဆွဲတင်ပေးတယ်။

ကဲ … အဲ့ဒီတော့ T-cells နဲ့ B-cells တွေရဲ့လုပ်ဆောင်ချက်တွေကို အကြမ်းဖျင်းသိရင် သုသေသနတွေ့ရှိချက်ကို ဆက်ပြောမယ်။

asymptomatic နဲ့ mild သမားတွေမှာ Covid-19 ဗိုင်းရပ်စ်ကိုမှတ်မိမယ့် virus-specific germinal center (GC) B-cells response ပမဏအလုံအလောက်မတွေ့ရဘူး။

GC B-cells အလုံအလောက်တုန့်ပြန်မှုရှိထားမှ သွေးထဲမှာ ကိုဗစ်ရောဂါပိုးကို မှတ်မိပြီးပြန်ခုခံမယ့် လုံလောက်တဲ့ကြာရှည်ခံအင်အားရမယ်။

ဒါ့ကြောင့် asymptomatic နဲ့ mild (ရောဂါလက္ခဏာမပြင်းထန်ခဲ့သူတွေ) ဆက်ပြီး ကာကွယ်မှုအပြည့်ယူပါလို့ပြောတာ။ ကူးစက်နိုင်ခြေရှိနေသေးတယ်။

အဲ့ဒီတော့ အဲ့ဒီသုသေသနစာတမ်းအရပြောရရင် ရောဂါလက္ခဏာလုံးဝမပြခဲ့တဲ့ asymptomatic သမားတွေနဲ့ ရောဂါလက္ခဏာမပြင်းထန်တဲ့ mild symptoms သမား တွေ မှာ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကို မှတ်မိပြီး တုန့်ပြန်မယ့် memory B cell တွေအလုံအလောက်မထွက်ထားတာတွေ့ရတယ်။

သူတို့မှာ helper နဲ့ killer T cell တွေထွက်နေတာတော့တွေ့တယ်။ ဒါပေမယ့် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ T cell တွေမဟုတ်ဘူး။ တုပ်ကွေးနဲ့ အအေးမိတာကနေ ထွက်ခဲ့ပုံရတယ်။

အဲ့ဒီတော့ အဲ့ဒီလူတွေမှာ ကိုဗစ်ပြန်မဖြစ်အောင် လုံလောက်တဲ့အကာအကွယ်ကိုမတွေ့ရဘူး။

ကိုဗစ်အပြင်းအထန်ဖြစ်ပြီး သေတွင်းထဲကပြန်တက်လာတဲ့ severe သမားတွေမှာကျပြန်တော့လည်း memory B cell က အလုံအလောက်ရှိနေလို့ ကိုဗစ်ပြန်ဖြစ်ရင် ခံနိုင်ရည်ရှိမယ်။ ဒါပေမယ့် T cell က အလုံအလောက်မရှိပြန်ဘူး။

ဘာကြောင့် သူတို့မှာ T cell အလုံအလောက်မတွေ့ရတာလဲဆိုတာ အခုထိသေချာမသိသေးဘူး။ လူရဲ့ကိုယ်ခန္ဓာက B cell နဲ့ T cell ဟန်ချက်ညီညီနဲ့ ဗိုင်းရပ်စ်ဝင်လာရင်တိုက်ရတာ။

နိဂုံးချုပ်ပြောရရင် အခုတင်ပြခဲ့တာဟာ ရောဂါပြန်ဖြစ်နိုင်တဲ့ အနေအထားကို သုသေသနပြုထားတဲ့စာတမ်းတစ်ခုက တင်ပြခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က ၁၀၀၀၀၀ မှာ ၁ ယောက်ပြန်ဖြစ်နိုင်ရင်တောင် ကိုယ်မပါစေဖို့ သတိပေးမှာပါ။ အထူးသဖြင့် ရောဂါမပြင်းထန်ခဲ့တဲ့သူတွေကို သုသေသနတွေ့ရှိချက်ကို အသိပေးတာပါ။

အခြား အိန္ဒိယကသုသေသနတစ်ခုမှာ memory B cell လုံလောက်တယ်လို့ရေးထားတာဖတ်ဖူးပါတယ်။ ဘယ်လိုလူမျိုးမှာ ဘယ်လိုလုံလောက်တာလဲဆိုတာ အချိန်ရရင် ပြန်ဖတ်ပေးပါ့မယ်။

ဩစတေးလျကသုသေသနတစ်ခုမှာ ကိုဗစ်ကိုခုခံမယ့် antibodies တွေဟာ mild case လူနာတွေမှာ မြန်မြန်ပျက်စီးသွားတယ်လို့ဆိုထားပါတယ်။

ဒါ့ကြောင့် ကိုဗစ်ဖြစ်ပြီးသူများ mask တပ်ပါ၊ လက်သေချာဆေးပါ။ အခုလို mask တပ်ပြီး လက်ဆေးခြင်းအားဖြင့် အခြားရောဂါတွေကလည်း ကာကွယ်မှုပေးပါတယ်။

မိမိအသက်ကို မိမိဘာသာကာကွယ်ရပါမယ်။ ဘယ်သူမှပြန်မဖြစ်ဘူးလို့ ရာနှုန်းပြည့်အာမခံချက်မပေးနိုင်ပါ။

Richard Myo Thant