ကိုဗစ် နဲ့ ပတ်သက်ပြီး နောက်ဆုံးကြား ရတဲ့ သတင်းများ

နောက်ဆုံးကြားရသတင်းများ (14/10/2020)

ရန်ကုန်တိုင်းတွင်း ဝင်ထွက်ခွင့် ပိတ်ဆို့ ထားခြင်းများအား မနေ့က (၁၃.၁၀.၂၀၂၀) မှာ ဖွင့်ပေးလိုက်ပြီဟုသိရပါတယ်..

အိမ်စီးကား အဌားကားများ ပြန်လည် သွားလာနေကြပြီဖြစ်ပါတယ်..

ရန်ကုန်တိုင်းအတွင်း ဝင်ထွက်သူ အားလုံးအား မြို့အဝင် စုရပ် အသီးသီးတွင် Covid test kit ဖြင့် ချက်ချင်းစစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမတွေ့ရှိပါက Certificate ထုတ်ပေးကာ လိုရာခရီး ဆက်သွားနိုင်မည်ဟုသိရပါတယ်.. ၎င်း Certificate သည် ၄၈ နာရီ သက်တမ်းရှိပြီး တခြားပြည်နယ်တိုင်း မြို့များသို့ ရောက်ရှိပါက ပြန်လည်စစ်စရာမလိုပဲ ဝင်ထွက်ခွင့်များရရှိမည်ဟုသိရပါတယ်.. အဝေးပြေး Express ကားလိုင်း များအား သတ်မှတ်လူဦးရေ စည်းကမ်းချက်များနှင့်အညီ နောက်တပါတ်တွင်းပြန်ပြေးဆွဲခွင့် ရတော့မည်ဟု သိရပါတယ်.. ယာဉ်လိုင်းအားလုံးမဟုတ်ပဲ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် လုပ်နိုင်သည့် လိုင်းများသာ ပြန်ပြေးဆွဲခွင့်ရမည်ဟု သိရပါတယ်..

Covid +P အဖြေထွက်ခဲ့သော အမေရိကန်သမ္မတ သည် တပါတ်အတွင်း Negative ၂ ကြိမ်ဖြစ်ကာ အကောင်းပကတိ တိုင်း ပြန်ကျန်းမာလာကြောင်း ထူးဆန်းစွာတွေ့ရပါတယ်.. အိန္ဒိယ မှ မှာယူထားသော Remdivisir အသက် ကယ်ဆေးများ ပြည်တွင်းသို့ နောက်တသုတ် ထပ်ရောက်လာတော့မည်ဟု သိရပါတယ်..

ချစ်တဲ့kkh (ခေတ္တ ထိုင်ဝမ်ရေလက်ကြား)

zawgyi





