ရင်သပ်ရှုမောဖွယ် ပင်ကိုယ် အလှတရားတွေပေါ်လွင်ပြီး ပရိသတ်တွေ အသည်းယားအောင် ဖမ်းစားထာ တဲ့ မေမြင့်မိုရ် ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4မှာ ဇာတ်လမ်း တွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်အတိုတွင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ အကောင်းဆုံးကြိုးစားမှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။လတ်တလော မှာတော့ မေမြင့်မိုရ် ဟာ ကြော်ငြာလေးတွေ နဲ့ Photo Shooting လေးတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။

မေမြင့်မိုရ် ဟာ တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေရှိပြီး ဆွဲဆောင်မှုရှိတဲ့ အကြည့် စူးစူးလေးတွေနဲ့ ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း သူမရဲ့ နေ့စဉ်လှုပ်ရှာမှုပုံရိပ်လေးတွေ နဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးပါတယ်။ ယနေ့မှာလည်း မေမြင့်မိုရ်က ပုပ္ပါးမြို့ရဲ့ အလှအပတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ မေမြင့်မိုရ်က လိုက်ဖက်ညီတဲ့ ပန်းနုရောင် ဂါဝန်လေးကို ဝတ်ဆင် ထားပြီး သဘာဝ အလှတရားတွေအပြိုင် လှရက်လွန်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖွေးနုဖက်ပြီး ကြည်လင်လှပတဲ့ သူမရဲ့ အသားအရေကိုပိုမိုပေါ်လွင်နေတာကြောင့် ပရိသတ်တွေ အသည်းယားအချစ်ပိုမိစေမှာ အသေအချာပါပဲနော်။ ကဲ…ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်ရှိရှိ လှသွေးကြွယ်ပြီး ချစ်ဖို့ကောင်းနေတဲ့ မေမြင့်မိုရ် ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video & Source – May Myint Mo fb page

zawgyi



