ရန်သူတွေကို တိုက်ခိုက်ဖို့ ကိုဗစ် ကို ဘုရားသခင်က လွှတ်လိုက်တာ ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ ကြေညာ

ရန်သူတွေကို တိုက်ခိုက်ဖို့ ကိုဗစ် ကို ဘုရားသခင်က လွှတ်လိုက်တာ ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ ကြေညာ

စစ်သွေးကြွ အဖွဲ့တစ်ခုဖြစ်တဲ့ အိုင်အက်စ် အဖွဲ့က ၎င်းတို့ရန်သူတွေကို တိုက်ခိုက်ဖို့အတွက် အလ္လာအရှင်က ကိုဗစ်ရောဂါပိုးကို ဖန်တီးပြီး ကမ္ဘာကိုစေလွှတ်လိုက်တာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူတို့ ဆိုလိုတာက အခု ကိုဗစ်ရောဂါဟာ ဘုရားသခင် အလိုတော်ကျဖြစ်ကြောင်း၊ မိမိတို့ကို ကူညီပြီး တိုက်ခိုက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ အခု ဆိုရင် အရှေ့အလယ်ပိုင်း မှာ တိုက်ခိုက်မှု အရှိန်တွေ ပြန်လည်စတင်နေပြီဖြစ်ပြီး၊ ကိုယ်ပိုင်နယ်မြေအတွက် တိုက်ပွဲဝင်ကြတာလို့ ဆိုပါတယ်။ အီရက်နဲ့ ဆီရီးယားမှာတော့ မဟာမိတ်တွေရဲ့ စွမ်းဆောင်မှုကြောင့် စစ်ရေးအရ အရှုံးကြီး ရှုံးထား တယ်လို့ ဆိုရမှာပါ။

အိုင်အက်စ်အဖွဲ့ ကတော့ ကိုဗစ်-၁၉ကို ဘုရားသခင် ရဲ့ ပြစ်ဒဏ်ခတ်ခြင်း-လို့ တင်စား ထားပြီး၊ အိုင်အက်စ်ရဲ့ ရန်သူတော် နိုင်ငံတွေ ကိုဗစ်ကြောင့် အကြပ်အတည်းဖြစ်ပေါ်နေတာတွေကိုကြည့်ပြီး၊ သူတို့တစ်တွေ ပျော်ရွှင်တယ်လို့ ဆိုထားပါတယ်။

ဒီကြေညာချက်ကို Abu Hamza al-Quraishi အမည်ရ လူမှု ကွန်ရက် အကောင့်ကနေ စတင်ဖြန့်ဝေခဲ့တာပါ။ သူဟာ အိုင်အက်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်ကြေညာလေ့ရှိပြီး၊ သူ့ကိုယ်သူ “အိုင်အက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ “လို့ ကြေညာထားသူဖြစ်ပါတယ်။

(၃၃)မိနစ်ကြာတဲ့ အသံသွင်း ကြေညာချက်မှာ ” နောက်ဆုံးတော့ ကျနော် တို့ပဲ အောင်ပွဲခံကြမှာပါ …. “လို့ ဆိုထားပါတယ်။ Abu Hamza က ” ဘုရားရှင်ရဲ့ အလိုတော်အတိုင်းပါပဲ … မသမာသူတွေကို နှိမ်နင်းဖို့ ဒီရောဂါကပ်ဆိုးပြီးကို လွှတ်လိုက်တာပါ …. ဒါကို သာမန်မျက်လုံးနဲ့ မမြင်နိုင် ပါဘူး “လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး ” အခု ဘုရားသခင်က ကျနော် တို့ဘက်က ပါနေခြင်းအတွက် … မသမာသူတွေကို နှိမ်နင်းပေးခြင်းအတွက် ကျနော်တို့ ဝမ်းမြောက် ဝမ်းသာဖြစ်နေကြပါတယ် “လို့ အဆုံးသတ်ထားပါတယ်။ အိုင်အက်စ်အဖွဲ့ဟာ ကမ္ဘာမှာ အကြွင်းအကျန် ရှိနေဆဲဖြစ်ပြီး၊ အလွန်ရက်စက်တဲ့ ရာဇဝတ်မှု တွေကို ဆက်လက် ကျူးလွန်နေဆဲပါ။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *

10 + 17 =