အများ နဲ့ မတူတဲ့ အတွေးအခေါ် ပိုင်ရှင် မင်းသား “နေထူးနိုင်”

အများ နဲ့ မတူတဲ့ အတွေးအခေါ် ပိုင်ရှင် မင်းသား “နေထူးနိုင်”

နေထူးနိုင် တဲ့ သူ့အကြောင်းတွေ ရေးပြ ရရင်အများကြီးဗျ ရေနံချောင်းသား တွင်းကုန်းဇာတိ ရေနံချောင်း ဒီဂရီကောလိပ်ကနေ ဘွဲ့ရခဲ့တယ် ကိုယ့်ဒူး ကိုယ်ချွန်ပြီး အောင်မြင်တဲ့မင်းသားတယောက်ဖြစ်ခဲ့တယ် သူ့ဇာတ်ကားတွေရဲ့ ရိုက်ကွင်းနေရာ တော်တော်များများက ရေနံချောင်းမြို့ကို အခြေတည်တယ်။

ရေနံချောင်းမြို့ရဲ့ အလှအပတွေ ကို TVဖန်သားပြင်ကနေ တနိုင်ငံလုံးသိအောင် ကြိုးစားပြနေတယ် မှတ်မိသေးတယ် မကွေးမှာတက္ကသိုလ်တက်ချိန် မြစ်အနောက်ဘက်က သူငယ်ချင်းတွေနဲ့ခင်တော့ သူ့ဇာတိ ကိုယ့်ဇာတိ အပြန်အလှန် မိတ်ဖွဲ့ရင်း ကိုယ်တွေ ရေနံချောင်းဇာတိမှန်း သိရော မင်းသားနေထူးနိုင် မြို့ကပဲ တဲ့

သူတို့နယ်တွေဘက်မှာ မင်းသား ကားတွေ ဆို ရုံပြည့်ရုံလျံ အားပေးကြ တာတဲ့ ဘာလို့လည်းလို့ မေးကြည့်တော့ သူ့ဇာတ်ကားတွေက မိသားစု အကုန်ကြည့်လို့ရတယ် အောက်လုံးမပါဘူးတဲ့ ဗဟုသုတ ဖြစ်စရာ တွေးစရာတခုခုကျန်ခဲ့တယ်တဲ့ တယ်ဟုတ်ပလားပေါ့

အမှန်ပြောရရင်အဲချိန်အထိ သူ့ကားတွေ ကောင်းကောင်း မကြည့်ဘူးသေးဘူး မြစ်အနောက်ဘက်တကြောက သူ့ဖန်တွေ ပေါမှပေါ မင်းသူ့ကိုသိလားတဲ့ ငါနဲ့တရပ်ကွက်ထဲပဲလို့ နောက် ဆည်မြောင်းမှာ အလုပ်စလုပ်တော့ တာဝန်ကျတဲ့နေရာကလည်း အဝေးကြီးခုခေတ်လို အင်တာနက်ကလည်းမဖွံ့ဖြိုး သူငယ်ချင်းတတွေ ညရောက်ရင် သူ့ ဇာတ်ကားတွေ ဌားကြည့်တော့တာပဲ။

ဇာတ်ကားထဲက နေရာလေးတွေ ကြည့်ရင်း ဒါက ငါတို့မြို့က ဘယ်နေရာလေးဆိုပြီး အလွမ်းဖြေခဲ့ရတယ် နောက်တခါ သူ့ကိုinterviewရင် ပိုက်ဆံပေးရမယ် ဆိုပြီး media ကနေအတိအလင်းကြေညာတော့ ပွက်လောရိုက်ခဲ့တာမှတ်မိသေးတယ် တပါတ်မှာတရက် မိသားစုကို ရောက်ရာအရပ်ကပြန်ပြီး ဂရုစိုက်တက်သေးတယ် မိန်းမ အပေါ်လည်း အရမ်းချစ်တက်သူကြီးပေါ့(ရေနံချောင်းသားတွေကအရမ်းချစ်တက်ကြတယ်)

ဗီဒီယိုလောကကြီး ပျက်ဆီးနေချိန် ရအောင်တောင့်ခံတယ် နယ်တွေ ကိုယ်တိုင်ဆင်းပြီး videoလောက ပြန်လည်ဦးမော့လာအောင် ကြိုးစားနေတာတွေလည်း မြင်နေရတယ် သူ့ကို မှီခိုနေရတဲ့ မိသားစု အနည်းဆုံး၆၀-၈၀ကြားရှိတယ် သူတို့တွေ စားဝတ်နေရေးအတွက် ကြိုးစားပေးနေရ တာတဲ့ interviewတခုမှာ ဖြေတာကြားဘူးလိုက်တယ်။

မြန်မာပြည်မှာ ရေကြီးရေလျှံဖြစ် တော့ အများသူဌာ ရေဘေးသင့်ပြည်သူတွေအတွက်အစားအသောက်တွေ အဝတ်အထည်တွေ လှူဒါန်းနေချိန် သူ့အတွေးအခေါ်ကအများနဲ့မတူပြန်ဘူး ရေဘေးသင့်ဒေသက ကျွဲ တွေ နွားတွေ အတွက် အစားအသောက်တွေ လှူနေပြန်ရော

နောက်မန္တလေးဘက်မှာ တာဝန် ကျတော့ ကျောက်ဆည်က ညီတယောက်နဲ့ ခင်တယ် သူကနေထူးနိုင် ဖန် အကြီးစားကြီးဗျ ခုခေတ်ပေါ်နေတဲ့ မင်းသားတွေကိုမကြိုက်ပဲ ဘာလို့သူ့ကိုကြိုက်တာလည်း မေးကြည့်ဘူးတယ် သူ့ကားတွေမှာ မောင်နဲ့အမိသားနဲ့နှမ မကြားဝံ့မနာသာတွေမပါဘူး ဗဟုသုတ ဖြစ်စရာတွေပါ တယ်တဲ့ အောက်လုံး မသုံးဘူးတဲ့ စရိုက်တဲ့ကားတွေကသာ ကလေးကားတွေ များပေမယ့်နောက်ပိုင်း ရိုက်တဲ့ကားတွေ မှာ တော်တော်လေးကောင်းတယ်ဆိုပဲ။

ကိုယ်တွေကမြန်မာကားသိပ်မကြည့်ဖြစ်တော့ အလှမ်း မမှီပါဘူး ဟော ရာသီဥတုပူပြင်း လို့ တနှစ်ထက်တနှစ်အပူချိန်မြင့်တက်လာချိန် အများသူဌာ ပန်ကာ ဝယ် airconတပ်ဖို့လုပ်နေချိန်မှာ မြန်မာပြည်ရဲ့အပူချိန်စံချိန်တင်တဲ့ ချောက်မြို့မှာ နေပူပူမှာ တောင်ကတုံးတွေအပေါ်သစ်ပင်စိုက်ဖို့ သူကြိုးစား တော့ ဝိုင်းဝန်းဝေဖန်သံတွေ ကြားရ ပြန်ရော ဘယ်အပင်မှမဖြစ်ထွန်းဘူးဆိုပြီး လှောင်ပြောင်သံတွေကို အလုပ်နဲ့သက်သေပြသွားတယ်။

ခုဆိုသစ်ပင်လေးတွေ စိမ်းစို လို့ နောက် ၃ နှစ်လောက်ဆို ချောက်မြို့အပူချိန် လျော့ချနိုင်ပြီ နောက် Covid ဖြစ်တော့လည်း ဇာတိမြေကို ပစ်မထားခဲ့ဘူး စက်မှု့ဇုန် မှာရှိတဲ့ သူ့ရဲ့ရုပ်ရှင်ခြံ ကို အချိန်မရွေး အသုံးပြုပါ ဆိုပြီး လှူဒါန်းထားသေးတယ်။ တခြားလိုအပ်တာတွေရှိရင်လည်းပြောပါ သူကူညီ ပါမယ်တဲ့ သူ့ကိုချစ်တဲ့သူတွေကော မုန်းတဲ့သူတွေ အတွက်ကော သူအများကြီးတော့ ပြောနေမှာ မဟုတ်ဘူး သူလုပ်စရာရှိတာ အကောင်းဆုံး လုပ်နေမှာပါ တောင်ကတုံးတွေကို သျှောင်များများ ထုံးနိုင်ပါစေကိုကြီး

Soe Paing Oo

Add a Comment

Your email address will not be published. Required fields are marked *

two × 1 =