လက်ဝါးပြင် ပေါ်က ထီပေါက်ကိန်း နှင့် ချမ်းသားခြင်း အမှတ် အသားများ
|လက်ဝါးပြင် ပေါ်က ထီပေါက်ကိန်း နှင့် ချမ်းသားခြင်း အမှတ် အသားများ
ကျွန်ုပ်ဆီမှာ လက္ခဏာ လာတွက်တဲ့ လက္ခဏာကြည့်ပရိသတ် အတော်များများ မေးတတ်တဲ့ အကြောင်းအရာလေးပါ ပို့စ်မှာတင်ဖို့ လုပ်နေတာလဲကြာပါပြီ၊ လက္ခဏာကြည့်သူများနေတာနဲ့ မတင်ဖြစ်တာပါ၊ ဒီနေ့တော့မအားတဲ့ကြားထဲက ကျွန်ုပ်ရဲ့လက္ခဏာကြည့် ပရိသတ်တွေ ဗဟုသုတရအောင် နဲ့မိမိတို့လက္ခဏာမှာကျွန်ုပ်ပြထားတဲ့ အမှတ်အသားလေးတွေ ပါမပါ တိုက်ကြည့်လိုက်ပါဦး။
ပါလာရင်တော့ ကျွန်ုပ်နဲ့ အမြန်ဆုံးဆက်သွယ်ပြီး ထီပေါက်ကိန်း ရှိတဲ့လနဲ့ဘယ်နံပါတ်လေးတွေအကျိုးပေးလဲ ဆိုတာ တိုင်ပင်လိုက်ကြရအောင် ထီပေါက်ပြီးချမ်းသာရင်လဲ လက္ခဏာဆရာမင်းခန့်ကိုမမေ့ကြပါနဲ့ဦးဗျာ ။
၁။ တနင်္လာဂြိုလ်ခုံပေါ်ကတြိဂံ
လက္ခဏာကြည့်ပရိသတ်ရဲ့ လက်သူကြွယ်အောက်က တနင်္လာဂြိုလ်ခုံပေါ်မှာ တြိဂံအမှတ်သားလေး ပါလာရင် လက္ခဏာရှင်ဟာအရာရာမှာအများနဲ့မတူပဲ တီထွင်ကြံဆမှုတွေကိုနည်းလမ်းသစ်ရှာဖွေရင်းငွေအစုလိုက်ဝင်ရကိန်းအမှတ်ပါပဲ။
၂။ အသက်အရံလမ်းကြောင်း
လက္ခဏာကြည့်ပရိသတ်ရဲ့လက်ဝါးမှာအင်္ဂါ လမ်းကြောင်း(သို့) အသက်အရံလမ်းကြောင်းလေး အရံပါလာမယ်ဆိုရင် လက္ခဏာရှင်ဟာ ဘဝရဲ့ပထမအရွယ်မှာပဲ အချိန်အနည်းငယ်အတွင်း ငွေအစုလိုက်ရတတ်ပါတယ်။
၃။ လက်ကောက်ဝတ်ပေါ်ကတြိဂံ
လက္ခဏာကြည့်ပရိသတ်ရဲ့ လက်ဝါးအောက် လက်ကောက်ဝတ် ပေါ်မှာတြိဂံအမှတ်အသားလေးပါလာရင်တော့ လက္ခဏာရှင်ဟာ ထင်မှတ်မထားပဲ ငွေအစုလိုက်ကြီးကြီးမားမားရကိန်းပါပဲ ထီဆုကြီးပေါက်ကိန်းလဲဖြစ်နိုင်သလို အမွေရုတ်တရက်များများစားစားရကိန်းလဲပြောနိုင်ပါတယ် တခြားမထင်မှတ်တဲ့အရာနဲ့လဲဝင်လာနိုင်တယ် သေချာတာ ကတော့ဝင်လာမဲ့ငွေပမာဏကကြီးမားပါတယ်။
၎။ ဒုတိယအင်္ဂါဂြိုလ်ပေါ်ကထောင့်မွန်လေး ထောင့်
လက္ခဏာရှင်ရဲ့လက်ဝါးမှာ ဒုတိယအင်္ဂါဂြိုလ်လုံပေါ်က ထောင့်မှန်လေးထောင့် အမှတ်အသား ရှိနေရင်နေရင်တော့ လူချမ်းသာဖြစ်ဖို့ ကံအဆောက်အဦးလေးပါလာခြင်းပါပဲ ဘဝမှာဆင်းဆင်းရဲရဲသိပ်မနေရပါဘူး ချမ်းသာကြွယ်ဝမဲ့သူဌေးကြီးဖြစ်ဖို့ အမှတ်အသားပါပဲ ဒီလိုအမှတ်အသားပါလာရင်တော့ ဘယ်လောက်ပဲဆင်းရဲနေပါစေ၊ လက္ခဏာရှင် ဟာသေချာပေါက် သူဌေးကြီးစာရင်းဝင်သွားပါပြီ အချိန်သာစကားပြောသွာပါလိမ့်မယ်။
၅။ လက်ဖဝါးအလယ်က ထောင့်မွန်လေးထောင့်
လက္ခဏာရှင်ရဲ့ လက်ဖဝါးအလယ်မှာ ထောင့်မှန်လေးထောင့် အမှတ်အသား ပါရှိလျင် ဘဝမှာအခွင့်ရေးကောင်းတွေရရှိပြီး၊ ငွေကြေးချမ်းသာစွာနေထိုင်ရမည်၊
၆။ တနင်္ဂနြေဂြိုလ်ခုံပေါ်ကထောင့်မွန်လေးထောင့်
လက္ခဏာရှင်ရဲ့လက်သူကြွယ်အောက် တနင်္ဂနွေဂြိုလ်ခုံ ပေါ်မှာ ထောင့်မှန်လေးထောင့်အမှတ်အသားပါလာရင် တော့ဘဝမှာ ငွေကြေးနဲ့ကျော်ကြားမှုများစွာရကာ သူဌေးစာရင်းဝင် သူများဖြစ်လိမ့်မည်။
ယခုတင်ပြပေးလိုက်တဲ့ အမှတ်အသားလေးတွေကတော့ လက္ခဏာရှင် ရဲ့ငွေကြေးကံကောင်းမှုကိုအဓိကဖော်ပြထားတာဖြစ်ပါတယ် အဲဒီတော့ ထီပေါက်မလား အမွေရမလား ဆိုတာကတော့အထက်ကဖော်ပြထားတဲ့အမှတ်အသားတွေကိုသေချာကြည့်ပြီးလက္ခဏာမှာပါတဲ့ လမ်းကြောင်းတွေနဲ့ပြန်လည် သုံးသပ်ရတာပါ အခြားကံကောင်းတဲ့အမှတ်သားလေးတွေအားတဲ့အချိန်မှာပြန်လည်တင်ပေးသွားမယ်၊ လက္ခဏာ ကြည့်ပရိသတ်များကျန်းမာပါစေဗျာ။
လက္ခဏာဆရာမင်းခန့်
ရေကြောင်းအင်ဂ်င်နီယာ (AE.EX)