Tin Aung
unicode
တခါသုံး Mask ကို ပြန်လည် သန့်စင်ပြီး အသုံးပြု လို့ရတဲ့ နည်းလမ်းလေး ပါ…
“MASK နဲ့ ဒဏ်ကြေး”.. အပြင်ထွက်ကြရာ တွင် လူတိုင်း MASK တပ်ဆင်ကြ ရန်နှင့် မတပ်ဆင် ပါက ဒဏ်ကြေးငွေပေးဆောင်ကြ ရမည်ဖြစ်ကြောင်း ကြေငြာချက်တွေ ထွက် လာပါတယ်…
MASK တပ်ဆင်ခြင်းသည် COVID-19 ရောဂါပြန့်ပွားမှု ကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း အားလုံးက လက်ခံလာချိန်မှာ ကိုယ်စီကိုယ်ငှ လိုက်နာကြရမှာဖြစ်ပါတယ်…
MASK တပ်ဆင်ဖို့ရာ ငွေရေးကြေးရေးက ပါလာသဖြင့် အခက်အခဲရှိသူများရှိနိုင်ပါတယ်.. MASK မဝယ်နိုင်လို့ ဒဏ်ကြေးကြောက်လို့ MASK တစ်ခုထဲကို လက်ပြောင်းလက်လွှဲ လူအများတပ်ဆင်ခြင်းသည် VIRUS ပိုမိုကူးစက်ပြန့်ပွားမှုကို ဖြစ်စေနိုင်ပါတယ်…
MASK လှူဒါန်းမှုများမှာ တစ်ခါသုံး MASK များကို အတွေ့များ ပါတယ်.. တစ်ခါသုံး ကိုကြာကြာသုံးနိုင်ဖို့ အကြံပြုပါရစေ.. အိမ်ပြန်ရောက်တာနဲ့ အိမ်ပေါက်ဝမှာဘဲ MASK ကိုဖြုတ် ပုံထဲပါတဲ့အတိုင်းအင်္ကျီချိတ်မှာချိတ် ဆပ်ပြာရေဖြန်းလိုက်ပါ.. ငါးမိနစ်လောက်ထားပြီး ရေသန့်သန့်နဲ့ ဆပ်ပြာရေစင်အောင်ဖြန်းပေးပါ.. သန့်ရှင်း စင်ကြယ်သွားတဲ့ အခါ နေအပူချိန်ရ လေရတဲ့နေရာမှာ လှန်းထားပါ.. ခြောက်သွေ့သွားတဲ့အခါ အပေါက်အပြဲ ရှိမရှိစစ်ဆေးပြီး ကောင်းပါက ဆက်သုံးလို့ရပါပြီ…
ဆပ်ပြာရေ ဖြန်းစရာဗူး မရှိရင် ဆပ်ပြာရေမှာ ငါးမိနစ်ခန့်စိမ်ခြင်း ရေသန့်သန့်ဖြင့်ဆေးခြင်းနဲ့ အစားထိုးနိုင်ပါတယ်.. ညှစ်ခြင်း ပွတ်တိုက်ခြင်းမပြုပါနဲ.. MASK အသားက ရေစိုစိုမှာ ပျက်စီးလွယ်ပါတယ်…
သုံးပြီးသား MASK ကိုဆေးကြောမှု မရှိဘဲ အိမ်ထဲမှာဖြစ်သလိုထားခြင်းသည် အိမ်တွင်းနေသူများ ပါဘေးဖြစ်စေပါတယ်…
လှုဒါန်းသူများပိုကုသိုလ်ရစေဖို့ မိမိက ခံနိုင်ရည် ရှိပြီး သေဘေးမကြောက်သော်လည်း မိမိကြောင့်သက်ကြီးရွယ်အိုများ ကလေးများ ဘေးမဖြစ်ကြစေဖို့ ကူးစက်ပြန့်ပွားလူသားများဒုက္ခမဖြစ်စေဖို့ MASK ကိုစနစ်တကျတပ်ဆင်သုံးစွဲကြပါစို့လို့ တိုက်တွန်းမေတ္တာရပ်ခံပါရစေ…
Tin Aung