ထီပေါက်အောင် အမိုက်စား ထီလက်မှတ် ဝယ်နည်းလေးကို မျှဝေ လာတဲ့ “ရဲရင့်အောင်”

ထီပေါက်အောင် အမိုက်စား ထီလက်မှတ် ဝယ်နည်းလေးကို မျှဝေ လာတဲ့ “ရဲရင့်အောင်”

နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းကျော် အဆိုတော် ရဲရင့်အောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီး သားဖြစ်မယ် ထင်ပါတယ်နော်.။ ရဲရင့်အောင်ဟာ “နင့်အနားနား” သီချင်း နဲ့ ပရိသတ်တွေ သတိထားမိကာ တောက်လျှောက် ထွက်လာခဲ့တဲ့ သူ့ရဲ့ သီချင်းတိုင်းဟာ ပရိသတ်တွေ ကြားမှာ ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်.။ သီချင်းတိုင်းက အသည်းကွဲ သံစဉ်သီချင်းတွေဖြစ်ပြီး ခံစားချက်တွေနဲ့ ခံစားရေးဖွဲ့ထားတဲ့ သီချင်းတွေ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ရင်ကို အမှန်အကန် ထိရှစေတဲ့ အကြောင်းက တိကျပြီးသား ပါပဲနော်…။

ရဲရင့်အောင်က ချစ်သူ ဧငြိမ်းဖြူနဲ့ ချစ်သူတွေ အဖြစ်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး ချစ်တဲ့ သူ့ရဲ့ သီချင်းလေတွေ ကိုလည်း ဖန်တီးကာ သီဆိုနေဆဲပဲ ဖြစ်ပါတယ်နော်.။ ဒီနေ့မေလ (၃၀)ရက်နေ့မှာတော့ ရဲရင့်အောင်က သူ့ရဲ့ သီချင်းစာသားတွေထဲက စာသားလေးတစ်ကြောင်းကို Troll ထားတဲ့ ပုံလေး နဲ့အတူ “အက္ခရာတူမတူ လိုက်တိုက်မနေချင်တော့ဘူး .။ နောက်က နံပါတ်တူတာနဲ့ သိန်းတစ်သောင်းခွဲ တန်းယူမှာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ စာသာလေးက “ကကြီးကနေ အ အထိ” ဆိုတဲ့ စာသားဖြစ်ပြီး ထီဖွင့်ခါနီ ထီဝယ်စဉ်က အရောင်း ဝန်ထမ်းမေးတဲ့ မေးခွန်းကို မေးတဲ့ နေရာမှာ ရဲရင့်အောင် ရဲ့ သီချင်း စာသားကို အစားထိုးထားတာပဲ ဖြစ်ပါတယ်.။

ရဲရင့်အောင်ကတော့ သူ့ရဲ့ သီချင်းစာသား နဲ့ Troll ထားတဲ့အပေါ် သူကိုယ်တိုင် ကပါ ရုပ်တည်တည် နဲ့ အမိုက်စား ထီပေါက်အောင် ထီလက်မှတ်ဝယ်နည်းလေးကို ပရိသတ်တွေကို မျှပေး လိုက်တာပဲဖြစ်ပါတယ်နော်.ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ရဲရင့်အောင်ရဲ့ ထီပေါက်အောင် ထီလက်မှတ် ဝယ်နည်းလေးကို သဘောကျရင် မှတ်ချက်လေးတွေ ရေးပေး ခဲ့ပါဦးနော်.။

Source: Yair Yint Aung’ s Facebook

Add a Comment

Your email address will not be published. Required fields are marked *

eleven + 10 =