ပုပ္ပါး ရဲ့ ညနေခင်း အလှတွေကို ခံစားရင်း ရင်ခုန်စရာ အမူအရာလေးတွေနဲ့ ပို့စ်ပေးဓာတ်ဖမ်းထားတဲ့ မေမြင့်မိုရ်

မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ သရုပ်ဆောင်နယ်ပယ်မှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပိုမိုလူသိများလာခဲ့ပြီး နောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

မေမြင့်မိုရ် က တမူထူးခြားတဲ့ ပင်ကိုယ် အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အကြည့်စူးစူးလေးတွေကို ပိုင်ဆိုင်ထားတဲ့သူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမဟာ ပုပ္ပါးမှာရိုက်ထားတဲ့ ချစ်စရာပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း မေမြင့်မိုရ် က
ကြွေရက်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ မေမြင့်မိုရ် က ပုပ္ပါးမြို့လေးရဲ့ ညနေခင်းအလှတရားတွေကို ခံစားရင်း အသည်းယားစရာကောင်းအောင် ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မေမြင့်မိုရ် က ” ညနေခင်း Sunset ကြည့်ရင်း မင်းကိုလွမ်းပြီးငေးဖြစ်တယ် ” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…..ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ ချစ်စရာ ကောင်းနေတဲ့ မင်းသမီးချောလေးမေမြင့်မိုရ် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Source – May Myint Mo fb page

zawgyi



