သင်မသိသေး တဲ့ ဦးနှောက် အကြောင်း စိတ်ဝင်စားစရာ အချက်များ

ဦးနှောက်ဟာ အာရုံကြောစနစ် နဲ့ ဗဟိုချက် ဖြစ်ပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်မှာ အရှုပ်ထွေးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဦးနှောက်မှာ စိတ်ဝင်စားစရာ အချက်အလက်တွေ အများကြီး ရှိပါတယ်။ နိုးထနေချိန်မှာ လူရဲ့ ဦးနှောက်ဟာ ၁၀ ဝပ် ကနေ ၂၃ ဝပ်အထိ ရှိတဲ့ လျှပ်စစ်ဓါတ်တွေ ထုတ်လွှတ်ပါတယ်။ ပုံရိပ်တစ်ခုကို ဖတ်ရှုဖို့အတွက် ဦးနှောက်ဟာ ၁၃ မီလီစက္ကန့် အချိန်ယူပါတယ်။ အလေးချိန် ၃ ပေါင် ရှိတဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်က ရယူတဲ့ အောက်ဆီဂျင်ရဲ့ ၂၀ % ကို ရယူသုံးစွဲတယ်လို့ ဆိုပါတယ်။

ဦးနှောက်ရဲ့ ၇၃ % ဟာ ရေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဦးနှောက်ထဲက သွေးကြောတွေ ကို ဆန့်ကြည့်မယ်ဆိုရင် အလျား မိုင် ၁ သိန်းအထိ ရောက်မှာပါ။ ထူးခြားတာက ဦးနှောက်ဟာ ခန္ဓာကိုယ်မှာ အဆီအများဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပြီး အဆီ ၆၀% ပါရှိပါတယ်။ ဦးနှောက်ကို သွေးရောက်မှု ၈ စက္ကန့်ကနေ ၁၀ စက္ကန့် ကြာသွားပြီဆိုရင် သတိမေ့သွားမှာပါ။ ဦးနှောက်ကို အရှုပ်ထွေးဆုံး ကွန်ပျူတာတစ်လုံးလို့ မြင်နိုင်ပါတယ်။ ဦးနှောက်ဟာ နျူရွန်ပေါင်း ဘီလျံ ၁၀၀ နဲ့ ဖွဲ့စည်းထားပြီး ကိုယ်ဝန်ဆောင်စ အချိန်မှာ နျူရွန်တွေဟာ တစ်မိနစ်ကို ၂ သိန်းခွဲနှုန်းနဲ့ အချက်ပြကြတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ အသက်ကြီးပြီး သတိမ ကောင်းတော့ခြင်းဟာ ဦးနှောက်အနေနဲ့ အရင်မှတ်ဥာဏ်ဟောင်းတွေကို ရှင်းမထုတ်နိုင်တာကြောင့် အသစ်အသစ်တွေကို မမှတ်နိုင်တော့တာလို့လည်း အမေရိကန်သုတေသီတွေက လေ့လာမှုတစ်ခုမှာ ပြောထားပါတယ်။

crd

ဦးေႏွာက္ဟာ အာ႐ုံေၾကာစနစ္ နဲ႔ ဗဟိုခ်က္ ျဖစ္ပါတယ္။ ဦးေႏွာက္ဟာ ခႏၶာကိုယ္မွာ အရႈပ္ေထြးဆုံး ကိုယ္အဂၤါအစိတ္အပိုင္း ျဖစ္ပါတယ္။ ဦးေႏွာက္မွာ စိတ္ဝင္စားစရာ အခ်က္အလက္ေတြ အမ်ားႀကီး ရွိပါတယ္။ ႏိုးထေနခ်ိန္မွာ လူရဲ႕ ဦးေႏွာက္ဟာ ၁၀ ဝပ္ ကေန ၂၃ ဝပ္အထိ ရွိတဲ့ လွ်ပ္စစ္ဓါတ္ေတြ ထုတ္လႊတ္ပါတယ္။ ပုံရိပ္တစ္ခုကို ဖတ္ရႈဖို႔အတြက္ ဦးေႏွာက္ဟာ ၁၃ မီလီစကၠန္႔ အခ်ိန္ယူပါတယ္။ အေလးခ်ိန္ ၃ ေပါင္ ရွိတဲ့ ဦးေႏွာက္ဟာ ခႏၶာကိုယ္က ရယူတဲ့ ေအာက္ဆီဂ်င္ရဲ႕ ၂၀ % ကို ရယူသုံးစြဲတယ္လို႔ ဆိုပါတယ္။

ဦးေႏွာက္ရဲ႕ ၇၃ % ဟာ ေရနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္ၿပီး ဦးေႏွာက္ထဲက ေသြးေၾကာေတြ ကို ဆန္႔ၾကည့္မယ္ဆိုရင္ အလ်ား မိုင္ ၁ သိန္းအထိ ေရာက္မွာပါ။ ထူးျခားတာက ဦးေႏွာက္ဟာ ခႏၶာကိုယ္မွာ အဆီအမ်ားဆုံး အဂၤါအစိတ္အပိုင္း ျဖစ္ၿပီး အဆီ ၆၀% ပါရွိပါတယ္။ ဦးေႏွာက္ကို ေသြးေရာက္မႈ ၈ စကၠန္႔ကေန ၁၀ စကၠန္႔ ၾကာသြားၿပီဆိုရင္ သတိေမ့သြားမွာပါ။ ဦးေႏွာက္ကို အရႈပ္ေထြးဆုံး ကြန္ပ်ဴတာတစ္လုံးလို႔ ျမင္ႏိုင္ပါတယ္။ ဦးေႏွာက္ဟာ န်ဴ႐ြန္ေပါင္း ဘီလ်ံ ၁၀၀ နဲ႔ ဖြဲ႕စည္းထားၿပီး ကိုယ္ဝန္ေဆာင္စ အခ်ိန္မွာ န်ဴ႐ြန္ေတြဟာ တစ္မိနစ္ကို ၂ သိန္းခြဲႏႈန္းနဲ႔ အခ်က္ျပၾကတယ္လို႔ ဆိုပါတယ္။

ကြၽန္ေတာ္တို႔ အသက္ႀကီးၿပီး သတိမ ေကာင္းေတာ့ျခင္းဟာ ဦးေႏွာက္အေနနဲ႔ အရင္မွတ္ဥာဏ္ေဟာင္းေတြကို ရွင္းမထုတ္ႏိုင္တာေၾကာင့္ အသစ္အသစ္ေတြကို မမွတ္ႏိုင္ေတာ့တာလို႔လည္း အေမရိကန္သုေတသီေတြက ေလ့လာမႈတစ္ခုမွာ ေျပာထားပါတယ္။