သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေ ကတော့ လူလေး လှရုံသာမက စိတ်ထားလေးပါ နူးညံ့သိမ်မွေ့သူ တစ်ယောက်ပါ။ ချစ်သုဝေဟာ သူမ ရဲ့ပိုင်ဆိုင်မှု၊ နေအိမ်တွေ ကိုပါ စွန့်လွှတ်ပြီး တစ်နိုင်ငံလုံး စစ် အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့ ပါဝင်အားဖြည့်ကူညီပေးနေသူတစ်ယောက်လို့ ဆိုလည်း မမှားပါဘူး။
လပေါင်းများစွာ အလုပ်တွေ ပစ်ပြီး အဝေးတစ်နေရာမှာ နေထိုင်နေ တဲ့ ချစ်သုဝေဟာ ဒီကနေ့မှာတော့ သူမရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး ပြောလာ ပါတယ်။ ချစ်သုဝေက “စိတ်အခြေအနေ တစ်ယောက်တည်း Lock ချနေတာအကောင်းဆုံး” ဆိုပြီး သူမ Instagram Story မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
ချစ်သုဝေ ကတော့ သူမတစ်ယောက်တည်း နေလိုတဲ့ အကြောင်း ရေးသားလာခဲ့တာဖြစ်ပြီး ပရိသတ်တွေက ချစ်သုဝေ ဒီလိုမျိုး ပြောလေ့ပြောထ မရှိတာ ကြောင့် စိုးရိမ် နေကြတာပဲဖြစ်ပါတယ်။
Source: Chit Thu Wai’s fb
Credit:Myanmar Celebrities
zawgyi
Source: Chit Thu Wai’s fb