အလန်းစား ဖက်ရှင်လေးတွေ နဲ့ သွယ်လျလှပတဲ့ Body လေးကလိုက်ဖက်မှု ရှိပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေ ပေါ်လွင်နေတဲ့ ရွှေအိမ်စည်

မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အပြစ်ဆိုဖွယ် မရှိအောင်လှနေတဲ့ မိန်းမချောလေး တစ်ဦး ဖြစ်ပါတယ် ။ ရွှေအိမ်စည်က အလှမယ်လေးအဖြစ် စတင်အောင်မြင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ရွှေအိမ်စည်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ် ။

သူများတွေနဲ့မတူအောင် ယုံကြည်မှုအပြည့်နဲ့ အမြဲတမ်းထင်ပေါ်လှပနေတတ်တဲ့ ရွှေအိမ်စည်က ညှို့အားပြင်းတဲ့ အလှပိုင်ရှင်လေး ဆိုရင် လည်း မမှားပါဘူးနော် ။ အထူးသဖြင့်ရွှေအိမ်စည်က ပြုံးလိုက်တိုင်းမှာ ပါးချိုင့်လေးတွေပေါ်လွင်ပြီး အရမ်းချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ် ။ တဖြည်းဖြည်းနဲ့ ပိုပိုပြီး အလှတွေတိုးလာတဲ့ ရွှေအိမ်စည်က အခုလည်း အမိုက်စား ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို ချပြလိုက်တာ ဖြစ်ပါတယ် ။

ရွှေအိမ်စည်က အလန်းစားဖက်ရှင်လေးတွေကိုဝတ်ဆင်ပြီး ရင်ခုန်စရာကောင်းလောက်အောင် ပို့စ်ပေးခဲ့တဲ့ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ဖြူဖွေးကြည်လင်တဲ့အသားအရေပိုင်ရှင်လေး ရွှေအိမ်စည်ကတော့ Crochet Outfits လေးတွေနဲ့လိုက်ဖက်မှုရှိပြီး ဆွဲဆောင်မှုရှိရှိ လှနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့အမိုက်စား အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

zawgyi


