မိုးရွာ ထဲမှာ စွန့်ပစ် ခံလိုက်ရတဲ့ ကလေးငယ် ရဲ့ စိတ်မကောင်းဖွယ် အဖြစ်

မိုးရွာ ထဲမှာ စွန့်ပစ် ခံလိုက်ရတဲ့ ကလေးငယ် ရဲ့ စိတ်မကောင်းဖွယ် အဖြစ်

မေ၃၀ရက် ည (၁၁)နာရီအချိန်က မိုးရွာနေချိန် မန္တလေးမြို့၊ ၈၃လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြား၊ ဈေးချိုတော် အနီးတွင် မွေးကင်းစကလေးငယ် တဦးကို စွန့်ပစ်သွား ခဲ့ကြသည်။

စွန်ပစ်ခံရ၍ မိုးရေထဲ ခြင်များ ကိုက်သဖြင့် ငိုကြွေးနေသည့် ကလေးငယ် ကို သာသနာ့ပါလ အသင်းမှ ဆက်သွယ်အကြောင်းကြားမှုကြောင့် မေ၃၀ရက် ည၁၁နာရီအချိန် သွားရောက်ခေါ်ယူခဲ့ကာ ကုတင် ၅၅၀ ကလေးဆေးရုံကြီး သို့ ပို့ဆောင်ပေး ခဲ့သည်။

အဆိုပါ ကလေးငယ်မှာ ကိုယ်အလေးချိန် ၄ ပေါင်သာရှိပြီး အသားအ‌ရေ အနည်းငယ်ဝါ နေသောကြောင့် ညတွင်းချင်းဆေးကုသမှုခံယူနေပါကြောင်း အလင်းစေတမန် အွန်လိုင်းပရဟိတ အဖွဲ့မှ သိရသည်။ ကလေးငယ် အတွက် ကူညီထောက်ပံ့မှုများ ပေးလိုပါက ဖုန်းနံပါတ် 09444051992 သို့ ဆက်သွယ် နိုင်သည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

seventeen − eleven =