တသိန်းကျော်သာ တန်တဲ့ ဖုန်းတလုံး အတွက် ဖြစ်မှ ဖြစ်ရလေဗျာ

ဖုန်း တလုံး လူ့အသက် ၃ ချောင်း (တသိန်းကျော်လောက် ပဲ တန်တဲ့ဖုန်းအတွက် ဖြစ်မှ ဖြစ်ရလေ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အိမ်သာကျင်းထဲ ကျသွား သောဖုန်း ဆင်းဆယ်ရာမှ လူသုံးဦး အောက်ဆီဂျင်ပြတ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ည ၁၀ နာရီက ကောလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာ နေအိမ် တစ်လုံးတွင် အိမ်သာကျင်းထဲ ပြုတ်ကျသောဖုန်းကို တစ်ရွာတည်းနေ အမျိုးသားမှ ဆယ်ယူခိုင်းခဲ့တာ ဖြစ်ပါတယ်။

၎င်းမှာ ပြန်တက်မလာ၍ ဖုန်းပိုင်ရှင်မှ ဆင်းကြည့် ခဲ့သည်။ နှစ်ဦးစလုံး တက်မလာသဖြင့် ဖုန်းပိုင်ရှင်၏ ဖခင် မှ လိုက်လံဆင်းကြည့်ရာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

အိမ်သာကျင်းမှာ အနက် ၉ ပေခန့် ရှိပါတယ်။ “တွင်းထဲ မှာ ရေကလည်း နည်းနည်းပဲရှိတာ။ အရင်ဆင်းသွားကြတဲ့ နှစ်ယောက်က ဆယ်ယူရတာ ခက်ခဲလို့ ကြာနေခဲ့သေးတာ”ဟု ဆယ်ယူပြီး ဆေးရုံပို့ဆောင်ပေးခဲ့သူ အုပ်တိုက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။

သေဆုံးသူ ၃ ဦးအနက် အရင် ဆင်းသွားကြသော ၂ ဦးမှာ နေရာတွင် သေဆုံးသည်ဟု သိရပြီး နောက်မှ လိုက်ဆင်းခဲ့သော ဖခင်ဖြစ်သူမှာ ချောင်းနားတိုက်နယ် ဆေးရုံ၌ သေဆုံးခဲ့ကြောင်းသိရပါတယ်။

zawgyi

ဖုန္း တလုံး လူ႔အသက္ ၃ ေခ်ာင္း (တသိန္းေက်ာ္ေလာက္ ပဲ တန္တဲ့ဖုန္းအတြက္ ျဖစ္မွ ျဖစ္ရေလ)

စစ္ကိုင္းတိုင္း၊ ေကာလင္းၿမိဳ႕နယ္တြင္ အိမ္သာက်င္းထဲ က်သြား ေသာဖုန္း ဆင္းဆယ္ရာမွ လူသုံးဦး ေအာက္ဆီဂ်င္ျပတ္ ေသဆုံးမႈ ျဖစ္ပြားခဲ့ပါတယ္။

ယမန္ေန႔ည ၁၀ နာရီက ေကာလင္းၿမိဳ႕နယ္၊ ႀကိဳ႕ပင္ေက်း႐ြာ ေနအိမ္ တစ္လုံးတြင္ အိမ္သာက်င္းထဲ ျပဳတ္က်ေသာဖုန္းကို တစ္႐ြာတည္းေန အမ်ိဳးသားမွ ဆယ္ယူခိုင္းခဲ့တာ ျဖစ္ပါတယ္။

၎မွာ ျပန္တက္မလာ၍ ဖုန္းပိုင္ရွင္မွ ဆင္းၾကည့္ ခဲ့သည္။ ႏွစ္ဦးစလုံး တက္မလာသျဖင့္ ဖုန္းပိုင္ရွင္၏ ဖခင္ မွ လိုက္လံဆင္းၾကည့္ရာ ေသဆုံးခဲ့ျခင္း ျဖစ္ပါတယ္။

အိမ္သာက်င္းမွာ အနက္ ၉ ေပခန႔္ ရွိပါတယ္။ “တြင္းထဲ မွာ ေရကလည္း နည္းနည္းပဲရွိတာ။ အရင္ဆင္းသြားၾကတဲ့ ႏွစ္ေယာက္က ဆယ္ယူရတာ ခက္ခဲလို႔ ၾကာေနခဲ့ေသးတာ”ဟု ဆယ္ယူၿပီး ေဆး႐ုံပို႔ေဆာင္ေပးခဲ့သူ အုပ္တိုက္ကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ဝင္းက ေျပာပါတယ္။

ေသဆုံးသူ ၃ ဦးအနက္ အရင္ ဆင္းသြားၾကေသာ ၂ ဦးမွာ ေနရာတြင္ ေသဆုံးသည္ဟု သိရၿပီး ေနာက္မွ လိုက္ဆင္းခဲ့ေသာ ဖခင္ျဖစ္သူမွာ ေခ်ာင္းနားတိုက္နယ္ ေဆး႐ုံ၌ ေသဆုံးခဲ့ေၾကာင္းသိရပါတယ္။