ချစ်ပရိတ်သတ်ကြီး အတွက် ဖိုးချစ်က သတင်းကောင်းလေး တစ်ခုပါး လာခဲ့ပါတယ်

မြန်မာ့ဇာတ်သဘင်လောကရဲ့ ဥက္ကဌတစ်ယောက်ဖြစ်တဲ့အပြင် ဇာတ်သဘင် အဖွဲ့သားတွေရဲ့အကျိုးကိုပဲ ရှေးရှုပြီး ပရိသတ်တွေလေးစားချစ်ခင်ရတဲ့ ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင် ဆိုတဲ့ page ကနေတဆင့် အနုပညာလှုပ်ရှားမှုတိုင်းကို မျှဝေပေးနေခဲ့တာပါ ။ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ လှူဒါန်းနိုင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ သဘင်ပညာနဲ့ ရန်ပုံငွေဖျော်ဖြေပွဲကြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခုလို ကိုဗစ်ကာလကြီးမှာ အိမ်ထဲမှာပဲနေပြီး ပူပင်သောကတွေကိုပြေငြိမ်းနိုင်စေဖို့ ချစ်ပရိတ်သတ်ကြီး အတွက် ဖိုးချစ်က သတင်းကောင်းလေးတစ်ခုပါးလာခဲ့ပါတယ် ။ ဒါကတော့ လာမဲ့အောက်တိုဘာ(၂၃)ရက်နေ့ ည(၇)နာရီအချိန်မှာ ဖိုးချစ်ရဲ့ဇာတ်အလှသဘင်ဟာ ဆိုရင် ကိုဗစ်အတွက်လိုအပ်နေတဲ့နေရာများမှာ လှူဒါန်းနိုင်ရန် ရည်ရွယ်ပြီး ရန်ပုံငွေပွဲကြီးတစ်ခု ကပြဖျော်ဖြေ တင်ဆက်ဖို့ရှိတဲ့အကြောင်းပဲဖြစ်ပါတယ် ။ ဒီရန်ပုံငွေပွဲကြီးကို Channel Kရုပ်သံလိုင်းနဲ့ ဖိုးချစ်သဘင် closed group တို့မှာ အခမဲ့ တိုက်ရိုက်live ကြည့်ရှုနိုင်မှာဖြစ်ပြီး live ပြသနေစဉ်အချိန်အတွင်းမှာလည်း ချစ်ပရိတ်သတ်ကြီးအနေနဲ့ အနည်းအများ ပဓာနမထားဘဲ သဒ္ဓါတတ် အားနည်းများမဆိုထည့်ဝင်လှူဒါန်းနိုင်ကြောင်း ဖိုးချစ်က ရေးသားဖော်ပြခဲ့ပါတယ် ။

ဒီရန်ပုံငွေပွဲကြီးကရရှိလာတဲ့ အလှူငွေများအားလုံးနဲ့ sponsor များမှရရှိလာတဲ့ဝင်ငွေများအားလုံးကို Ayeyarwady Centre, CB Centre နဲ့အခြားသောကိုဗစ်အတွက်လိုအပ်နေတဲ့နေရာများမှာ လှူဒါန်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။ အခုလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ကာလကြီးမှာ အပေးအကမ်းရက်ရောတဲ့ မြန်မာလူမျိုးတို့ရဲ့ နှလုံးသားလှစိတ်ထားလေးကို ဖိုးချစ်နဲ့အတူပြသလိုက်ကြရအောင် ပရိသတ်ကြီးရေ ..။

Source : Phoe Chit/Cele Gabar

zawgyi

ျမန္မာ့ဇာတ္သဘင္ေလာကရဲ႕ ဥကၠဌတစ္ေယာက္ျဖစ္တဲ့အျပင္ ဇာတ္သဘင္ အဖြဲ႕သားေတြရဲ႕အက်ိဳးကိုပဲ ေရွးရႈၿပီး ပရိသတ္ေတြေလးစားခ်စ္ခင္ရတဲ့ ဇာတ္မင္းသားေလး ဖိုးခ်စ္ကေတာ့ ၿမိဳ႕ေ႐ႊမန္းသားဖိုးခ်စ္တို႔ကတဲ့ဇာတ္အလွသဘင္ ဆိုတဲ့ page ကေနတဆင့္ အႏုပညာလႈပ္ရွားမႈတိုင္းကို မွ်ေဝေပးေနခဲ့တာပါ ။ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းေတြမွာ လႉဒါန္းႏိုင္ဖို႔ ကိုယ္တတ္ကြၽမ္းတဲ့ သဘင္ပညာနဲ႔ ရန္ပုံေငြေဖ်ာ္ေျဖပြဲႀကီး ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

အခုလို ကိုဗစ္ကာလႀကီးမွာ အိမ္ထဲမွာပဲေနၿပီး ပူပင္ေသာကေတြကိုေျပၿငိမ္းႏိုင္ေစဖို႔ ခ်စ္ပရိတ္သတ္ႀကီး အတြက္ ဖိုးခ်စ္က သတင္းေကာင္းေလးတစ္ခုပါးလာခဲ့ပါတယ္ ။ ဒါကေတာ့ လာမဲ့ေအာက္တိုဘာ(၂၃)ရက္ေန႔ ည(၇)နာရီအခ်ိန္မွာ ဖိုးခ်စ္ရဲ႕ဇာတ္အလွသဘင္ဟာ ဆိုရင္ ကိုဗစ္အတြက္လိုအပ္ေနတဲ့ေနရာမ်ားမွာ လႉဒါန္းႏိုင္ရန္ ရည္႐ြယ္ၿပီး ရန္ပုံေငြပြဲႀကီးတစ္ခု ကျပေဖ်ာ္ေျဖ တင္ဆက္ဖို႔ရွိတဲ့အေၾကာင္းပဲျဖစ္ပါတယ္ ။ ဒီရန္ပုံေငြပြဲႀကီးကို Channel K႐ုပ္သံလိုင္းနဲ႔ ဖိုးခ်စ္သဘင္ closed group တို႔မွာ အခမဲ့ တိုက္႐ိုက္live ၾကည့္ရႈႏိုင္မွာျဖစ္ၿပီး live ျပသေနစဥ္အခ်ိန္အတြင္းမွာလည္း ခ်စ္ပရိတ္သတ္ႀကီးအေနနဲ႔ အနည္းအမ်ား ပဓာနမထားဘဲ သဒၶါတတ္ အားနည္းမ်ားမဆိုထည့္ဝင္လႉဒါန္းႏိုင္ေၾကာင္း ဖိုးခ်စ္က ေရးသားေဖာ္ျပခဲ့ပါတယ္ ။

ဒီရန္ပုံေငြပြဲႀကီးကရရွိလာတဲ့ အလႉေငြမ်ားအားလုံးနဲ႔ sponsor မ်ားမွရရွိလာတဲ့ဝင္ေငြမ်ားအားလုံးကို Ayeyarwady Centre, CB Centre နဲ႔အျခားေသာကိုဗစ္အတြက္လိုအပ္ေနတဲ့ေနရာမ်ားမွာ လႉဒါန္းသြားမွာျဖစ္တယ္လို႔လည္းသိရပါတယ္ ။ အခုလိုအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ကာလႀကီးမွာ အေပးအကမ္းရက္ေရာတဲ့ ျမန္မာလူမ်ိဳးတို႔ရဲ႕ ႏွလုံးသားလွစိတ္ထားေလးကို ဖိုးခ်စ္နဲ႔အတူျပသလိုက္ၾကရေအာင္ ပရိသတ္ႀကီးေရ ..။Source : Phoe Chit/Cele Gabar