စာအုပ် တအုပ် ကြောင့် ဘဝ ပြောင်းသွား တဲ့ လူငယ် တဦး

စာအုပ် တအုပ်ကြောင့် ဘဝ ပြောင်းသွားတဲ့ လူငယ်တဦး (လူငယ်တွေ ကိုယ်ပိုင် ဝင်ငွေရှိတာ ဝမ်းသာစရာပါ)

လွန်ခဲ့တဲ့၂နှစ်ကျော်လောက်က ယုဇနပလာဇာဘက်က လမ်းဘေးလက်ဖက်ရည်ဆိုင်က စားပွဲ ထိုးလေး ကိုယ့်ကိုလာပြောဖူးတယ်။

“ကျနော် ဒီဆိုင်မှာမနေတော့ဘူး အလုပ်ထွက်တော့မယ်” ဆိုပြီး လာတိုင်ပင်ဖူးတယ်။ ကိုယ် ကလည်း “မအေးမေ”ဆေးပေါ့လိပ် တစ်လိပ်ကို မီးညှိလိုက်ပြီး “ရော့ ဒီစာအုပ်ဖတ်” ဆိုပြီး မင်းမြတ်သူရဝတ္ထုတစ်အုပ်ပေးဖတ်လိုက်တယ်။

နောက်တစ်ရက်ရောက်တော့ “အကိုပေးတဲ့ စာအုပ်က ကောင်းတယ်ဗျာ ကျနော် အားတွေ ရှိသွားပြီ မနက်ဖြန်အလုပ်ထွက်တော့မယ် ဒါပေမယ့် ဘယ်ကစလုပ်ရမှန်းမသိဘူး” လို့လာပြောတယ်။ ကိုယ်ကလည်း ကာကာဆိုင်က ခပ်ညံ့ညံ့ဂျုံနဲ့ လုပ်ထားတဲ့ သကြားပလာတာကို ကောက်ဝါးလိုက်ရင်း “မင်းမနက်ဖြန် ကာကီဘောင်းဘီဝတ်” “ဗျာ ကာကီ ဘောင်းဘီမရှိဘူးဗျ ကျနော့်မှာ” “အေး ကာကီဘောင်းဘီ မရှိရင် ဂျေဂျေဘောင်းဘီဝတ်” “ဟုတ် ပြီးတော့ရော”

“ယုဇနပလာဇာထိပ်ကနေ တွေ့ရာလိုင်းကားစီး ဂိတ်ဆုံးထိလိုက် ဂိတ်ဆုံးတာနဲ့ အဲ့မှာ ဆင်းတော့ အဲ့မှာ မင်းဘဝ စ,ပြီ” စားပွဲထိုးကလေးရဲ့မျက်နှာမှာ ပီတိတွေဖြာလို့ … ။

“အကို စာအုပ်တွေထဲကလို ပညာရှိအဘိုးကြီးတွေက တကယ်ရှိလားဟင်” ကျနော်က နှုတ်ခမ်းလေးကွေးရုံမျှပြုံးလိုက်ပြီး “မင်းသိလာမှာပေါ့ကွာ” ဆိုပြီး သူ့ပုခုံးကိုကိုင် အားပေးပြီး ထွက်လာခဲ့ပါတယ်။

နောက်ရက်က စပြီး အဲ့ဒီစားပွဲထိုးလေးကို မတွေ့တော့ပါဘူး။ ဘယ် ဘဝရောက်သွားမှန်းလဲ မသိဘူး။ ကြာခဲ့ပါပြီ။ ဟိုးတရက်က သူ့ဆိုင်ရှင် ကာကာမာမူနဲ့တွေ့လို့ မေးကြည့်တော့ ဒလဘက်မှာ တောင်းစားနေတယ်ဆိုလား ဘာဆိုလား … ။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအတွက် ဝမ်းသာခြင်း ဖြစ်မိပါတယ်။ ကိုယ့်ဝင်ငွေ ကိုယ့်အလုပ်အကိုင်လေးနဲ့ အတည်တကျ ဖြစ်သွားလို့…

Zaw Myo Hlaing

zawgyi

စာအုပ္ တအုပ္ေၾကာင့္ ဘဝ ေျပာင္းသြားတဲ့ လူငယ္တဦး (လူငယ္ေတြ ကိုယ္ပိုင္ ဝင္ေငြရွိတာ ဝမ္းသာစရာပါ)

လြန္ခဲ့တဲ့၂ႏွစ္ေက်ာ္ေလာက္က ယုဇနပလာဇာဘက္က လမ္းေဘးလက္ဖက္ရည္ဆိုင္က စားပြဲ ထိုးေလး ကိုယ့္ကိုလာေျပာဖူးတယ္။

“က်ေနာ္ ဒီဆိုင္မွာမေနေတာ့ဘူး အလုပ္ထြက္ေတာ့မယ္” ဆိုၿပီး လာတိုင္ပင္ဖူးတယ္။ ကိုယ္ ကလည္း “မေအးေမ”ေဆးေပါ့လိပ္ တစ္လိပ္ကို မီးညႇိလိုက္ၿပီး “ေရာ့ ဒီစာအုပ္ဖတ္” ဆိုၿပီး မင္းျမတ္သူရဝတၳဳတစ္အုပ္ေပးဖတ္လိုက္တယ္။

ေနာက္တစ္ရက္ေရာက္ေတာ့ “အကိုေပးတဲ့ စာအုပ္က ေကာင္းတယ္ဗ်ာ က်ေနာ္ အားေတြ ရွိသြားၿပီ မနက္ျဖန္အလုပ္ထြက္ေတာ့မယ္ ဒါေပမယ့္ ဘယ္ကစလုပ္ရမွန္းမသိဘူး” လို႔လာေျပာတယ္။ ကိုယ္ကလည္း ကာကာဆိုင္က ခပ္ညံ့ညံ့ဂ်ဳံနဲ႔ လုပ္ထားတဲ့ သၾကားပလာတာကို ေကာက္ဝါးလိုက္ရင္း “မင္းမနက္ျဖန္ ကာကီေဘာင္းဘီဝတ္” “ဗ်ာ ကာကီ ေဘာင္းဘီမရွိဘူးဗ် က်ေနာ့္မွာ” “ေအး ကာကီေဘာင္းဘီ မရွိရင္ ေဂ်ေဂ်ေဘာင္းဘီဝတ္” “ဟုတ္ ၿပီးေတာ့ေရာ”

“ယုဇနပလာဇာထိပ္ကေန ေတြ႕ရာလိုင္းကားစီး ဂိတ္ဆုံးထိလိုက္ ဂိတ္ဆုံးတာနဲ႔ အဲ့မွာ ဆင္းေတာ့ အဲ့မွာ မင္းဘဝ စ,ၿပီ” စားပြဲထိုးကေလးရဲ႕မ်က္ႏွာမွာ ပီတိေတြျဖာလို႔ … ။

“အကို စာအုပ္ေတြထဲကလို ပညာရွိအဘိုးႀကီးေတြက တကယ္ရွိလားဟင္” က်ေနာ္က ႏႈတ္ခမ္းေလးေကြး႐ုံမွ်ၿပဳံးလိုက္ၿပီး “မင္းသိလာမွာေပါ့ကြာ” ဆိုၿပီး သူ႔ပုခုံးကိုကိုင္ အားေပးၿပီး ထြက္လာခဲ့ပါတယ္။

ေနာက္ရက္က စၿပီး အဲ့ဒီစားပြဲထိုးေလးကို မေတြ႕ေတာ့ပါဘူး။ ဘယ္ ဘဝေရာက္သြားမွန္းလဲ မသိဘူး။ ၾကာခဲ့ပါၿပီ။ ဟိုးတရက္က သူ႔ဆိုင္ရွင္ ကာကာမာမူနဲ႔ေတြ႕လို႔ ေမးၾကည့္ေတာ့ ဒလဘက္မွာ ေတာင္းစားေနတယ္ဆိုလား ဘာဆိုလား … ။ ဘာပဲျဖစ္ျဖစ္ လူငယ္ေတြအတြက္ ဝမ္းသာျခင္း ျဖစ္မိပါတယ္။ ကိုယ့္ဝင္ေငြ ကိုယ့္အလုပ္အကိုင္ေလးနဲ႔ အတည္တက် ျဖစ္သြားလို႔…

Zaw Myo Hlaing