ကမ္ဘာပေါ် မှာ ကရုဏာ အကောင်းဆုံး မြန်မာပြည် နဲ့ သတိထား ရမယ့် ကိုဗစ် “တတိယလှိုင်း”

ကမ္ဘာပေါ် မှာ ကရုဏာ အကောင်းဆုံး မြန်မာပြည် နဲ့ သတိထား ရမယ့် ကိုဗစ် “တတိယလှိုင်း”

ငြိမ် သက်နေ တဲ့ ကန်ရေပြင် ပေါ် မှာ ခဲလေး တလုံး ကျလိုက်သလို အခု မြန်မာပြည်ဟာလဲ ငြိမ်းချမ်းလုနီးပါး ရောဂါဘယ တွေငြိမ် သက်နေချိန် မှာ အိန္ဒိယပြန်ဆိုတဲ့ ခဲတစ်လုံးက ကျလာခဲ့ပြီ.. လှိုင်း ဂယက်တွေ ထ လာ ခဲ့ပြန်ပြီ..

ကိုယ့် အိမ် ထက် ဘေးအိမ် အရေး ကို ပိုပူရ ဆိုသ လို ကိုယ့်နိုင်ငံ မှာဖြစ်တာထက် အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပျက် နေတာကို ပိုပြီး ပူနေရပြီ.. သတိထားကြပါ… ကျားကိုက်လို့မသေပဲ ခလုတ်တိုက်မှ သေရ ကိန်းဆိုက် နေ မယ်။

ကိုယ့်နိုင်ငံမှာ covid19 အမြစ်ပြတ်လုနီးပါးအချိန်မှာ စိုးရိမ်စရာတတိယလှိုင်းက ရိုက်ခတ်လာခဲ့ပြန်ပြီ… အစုလိုက်အပြုံလိုက်ပေါ်လာတာကိုပဲ ကျေးဇူးတင်ရ မလိုဖြစ်နေပြီ.. သတိပေးလိုက်သလိုဖြစ်လာလို့လေ.. မပေါ့ကြပါနဲ့…ဗိုလ်ချုပ်ပြောသလို ပန်းတိုင်မရောက်မှီ မှာ..တက်မထောင်ကြပါနဲ့အုံး..

အခု မြို့အတော်များများမှာ ဘာမှ မဖြစ်သလိုသွားလာ နေကြတာဖြင့် ပိုးရှိသူတစ်စုံတစ်ယောက်များ ပါလာခဲ့ ရင် တပြုံကြီးသွားမှာ.. အိန္ဒိယ စင်ကာပူ မလေးရှားစတဲ့နိုင်ငံတွေဟာ လော့ဒေါင်း ဖြေတာ စောလွန်းသွားတဲ့အတွက် အခု အဖေကယ်ပါ အမေကယ်ပါဖြစ်နေရပြီ.. ထိမ်းချုပ်ဖို့ အရမ်းခက်ခဲသွားပြီ..တစ်ကပြန်စရတော့ မယ်..

ခုလဲမိမိတို့နိုင်ငံမှာ ကျောင်းပြန်ဖွင့်သံတွေ စီညံနေပါ တယ်.. တစ်နှစ်ကျောင်းနောက်ကျလို့ ဘဝ မဆုံးပါးသွားပါဘူး နိုင်ငံပြာယာမခတ်ပါဘူး..ဆန္ဒတွေမစောကြပါနဲ့.. တာဝန်ရှိသူတွေအနေနဲ့လဲ.. ကိုယ့်နိုင်ငံက လက်လုပ်လက်စား ဆင်းရဲသားတွေများတယ်.. သူတို့တွေဟာ အိမ်တွင်းမှာနေတာ ကြာလာတာနဲ့အမျှ ခက်ခဲလာကြမှာအမှန်ပါ။

အဓိကကျတာက.. ဒီဝမ်းရေးကိုဖြေရှင်းဖို့ပါပဲ ဝမ်းရေးမဝရင် လမ်းဘေးမချတဲ့ ကားသမားတွေလို. အိမ်ထဲမှာရိက္ခာပြတ်ရင် အပြင်မှာရတဲ့နည်းနဲ့ ရှာလာရင် တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်လာပါလိမ့်မယ် ဒါ့ကြောင့်.. ထောက်ပံ့ရေးကိုပထမ ထိန်းချုပ်ရေးကို ဒုတိယ ကုသရေးကို တတိယထားပြီး ကြိုးစားကြပါ။

ဟုတ်ပါတယ်.ဝမ်းရေး မှမပြည့်စုံရင် ရောဂါဖြစ်ခါမှဖြစ် ထွက်ပြီးရှာစားကြရမှာပဲ.မရရင်ရတဲ့နည်းနဲ့လေ.. လူအများထွက်လာရင် ဘယ်လိုပင် ထိန်းချုပ် ထိန်းချုပ် မရတော့ပါဘူး ဒါ့ကြောင့် ပြည်သူတွေရဲ့စားဝတ်နေရေးကို ပထမထား ပြီး ဖြေရှင်းသင့်တယ်လို့ဆိုတာပါ.. ဦးဇင်းတို့မြန်မာပြည်ဟာ ကမ္ဘာမှာ ကရုဏာအများဆုံး ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံပါ.. ကူညီရိုင်းပင်းတတ်တဲ့နေရာမှာ ကမ္ဘာ့ထိပ်တန်းဝင် နိုင်ငံလေး တစ်ခုပါ..

ဒါ့ကြောင့်.. ရှိတဲ့လူတွေ ကမျှကြပါ ပေါတဲ့လူတွေကပေးကြပါ များတဲ့လူတွေကကူကြပါ..နောက်ပြီး.. အစိုးရနဲ့ပြည်သူ ပြည်သူနဲ့တပ်မတော်…အားလုံးလက်တွဲပြီး ဒီတတိယ လှိုင်းကို အောင်မြင်စွာကျော်ဖြတ်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်…

ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်)
30.5.2020

Add a Comment

Your email address will not be published. Required fields are marked *

three + thirteen =