ခုလို ကပ္ေရာဂါ ကာလႀကီး မွာ CHALLENGE တစ္ခု နဲ႔ ေနထူးႏိုင္ ကို စိန္ေခၚလိုက္တဲ့ ေဝဋဳေက်ာ္

ပရဟိတ မင္းသားႀကီး ေဝဋဳေက်ာ္ ကေတာ့ အသက္ အ႐ြယ္ တစ္ခုေရာက္ရွိ လာခ်ိန္မွာ အႏုပညာ လုပ္ငန္းေတြ ထက္ လူမႈ အက်ိဳးျပဳလုပ္ငန္းေတြကို သာ ေဆာင္႐ြက္ေနတာပဲ ျဖစ္ပါတယ္။ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ေနတဲ့ ေဝဋဳေက်ာ္က ႐ုပ္ရွင္ေလာက က လူၾကမ္းသ႐ုပ္ေဆာင္ေတြ အတြက္ အက်ိဳးရွိေစမယ့္ Challenge တစ္ခုနဲ႔ သူငယ္ခ်င္းျဖစ္သူ ေနထူးႏိုင္ ကို အခုလိုပဲ စိန္ေခၚထားပါတယ္။

“ေနထူးႏိူင္ေရ Challenge ေခၚၿပီေဟ့။ ဒီလို ကပ္ေရာဂါကာလ မွာ ငါတို ႔႐ုပ္ရွင္ ဗီဒီယိုေလာကက စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ လူၾကမ္း သ႐ုပ္ေဆာင္မ်ား အတြက္ ကူၾကရေအာင္ကြာ ငါက ၅ သိန္း မတည္မယ္။

ပိုသူက လိုသူကို ကူဖို႔အတြက္ အႏုပညာေလာက သားမ်ား အႏုပညာကို ခ်စ္ၾကသူမ်ား၊ မုန္းၾကသူမ်ား ဘယ္လို မွ မေန​ၾကသူမ်ား အားလုံး အလုပ္လက္မဲ့ ျဖစ္ေနၾက ရတဲ့ လူၾကမ္း သ႐ုပ္ေဆာင္မ်ား အတြက္ က်ပ္၅၀၀/၁၀၀၀ ကအစ သိန္းေပါင္း မ်ားစြာ အထိ ႏိုင္သေလာက္ ကြၽန္ေတာ္ တို႔နဲ႔အတူ ဝိုင္းဝန္းပါဝင္ လွဴဒါန္းေပးၾက ပါလို႔။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ ေရးသားထားပါတယ္။

ေဝဋဳေက်ာ္ ကေတာ့ သူကိုယ္တိုင္ ေငြ (၅) သိန္း မတည္ျပီး ရုပ္ရွင္ေလာကက လူၾကမ္း သရုပ္ေဆာင္ၾကီးေတြအတြက္ ကူညီေထာက္ပံ့ေပး သြားမွာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီး ကို ေက်းဇူးအထူးတင္ရိွပါတယ္။

Source: Wai Lu Kyaw Foundation’s fb

unicode

ပရဟိတ မင်းသားကြီး ဝေဋုကျော် ကတော့ အသက် အရွယ် တစ်ခုရောက်ရှိ လာချိန်မှာ အနုပညာ လုပ်ငန်းတွေ ထက် လူမှု အကျိုးပြုလုပ်ငန်းတွေကို သာ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ ဝေဋုကျော်က ရုပ်ရှင်လောက က လူကြမ်းသရုပ်ဆောင်တွေ အတွက် အကျိုးရှိစေမယ့် Challenge တစ်ခုနဲ့ သူငယ်ချင်းဖြစ်သူ နေထူးနိုင် ကို အခုလိုပဲ စိန်ခေါ်ထားပါတယ်။

“နေထူးနိူင်ရေ Challenge ခေါ်ပြီဟေ့။ ဒီလို ကပ်ရောဂါကာလ မှာ ငါတို့ရုပ်ရှင် ဗီဒီယိုလောကက စားဝတ်နေရေး ခက်ခဲနေကြတဲ့ လူကြမ်း သရုပ်ဆောင်များ အတွက် ကူကြရအောင်ကွာ ငါက ၅ သိန်း မတည်မယ်။

ပိုသူက လိုသူကို ကူဖို့အတွက် အနုပညာလောက သားများ အနုပညာကို ချစ်ကြသူများ၊ မုန်းကြသူများ ဘယ်လို မှ မနေကြသူများ အားလုံး အလုပ်လက်မဲ့ ဖြစ်နေကြ ရတဲ့ လူကြမ်း သရုပ်ဆောင်များ အတွက် ကျပ်၅၀၀/၁၀၀၀ ကအစ သိန်းပေါင်း များစွာ အထိ နိုင်သလောက် ကျွန်တော် တို့နဲ့အတူ ဝိုင်းဝန်းပါဝင် လှူဒါန်းပေးကြ ပါလို့။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဝေဋုကျော် ကတော့ သူကိုယ်တိုင် ငွေ (၅) သိန်း မတည်ပြီး ရုပ်ရှင်လောကက လူကြမ်း သရုပ်ဆောင်ကြီးတွေအတွက် ကူညီထောက်ပံ့ပေး သွားမှာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Wai Lu Kyaw Foundation’s fb

Add a Comment

Your email address will not be published. Required fields are marked *

3 × five =