ထိုင်းပြန် (၄)ဦး ရွာဘုန်းကြီကျောင်း မှာ ထားဖို့ စီစဉ်တာကို ရွာသားများက လူစု လူဝေးဖြင့် ကန့်ကွက်

ထိုင်းပြန် (၄) ဦး ရွာဘုန်းကြီကျောင်မှာ ထားဖို့ စီစဉ်တာကို ရွာသားများက လူစုလူဝေးဖြင့် ကန့်ကွက်မှု ဖြစ်ပွား…

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာမှာ ရှိတဲ့ ရွှေဂူကြီးဘုန်းတော်ကြီးကျောင်းမှာ ထိုင်းနိုင်ငံကပြန်လာတဲ့ ပြည်ပပြန် (၄) ဦးကို ထားရှိဖို့စီစဉ်ခဲ့ရာမှာ ကျေးရွာသူကျေးရွာသားတွေက လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြတယ်လို့ ဝက်လက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း က ပြောပါတယ်။

“နိုင်ငံခြားပြန်တွေကိုပို့ပြီး ဘုန်းကြီးကျောင်း ကိုရောက်လို့ အေးအေးဆေးဆေးဖြစ်ပြီး ပြန်လာတဲ့ အချိန်ကျမှဖြစ်တာ။ ညနေ ၇ နာရီကျော်မှာ လူစုလူဝေးဖြစ်အောင် စည်းရုံးတဲ့သူက ရွာထဲမှာလိုက်ပြီး စည်းရုံးတယ်။ စည်းရုံးပြီးတော့ လူ ၃၀ လောက် အင်အားရလာတော့ ရွာထဲလှည့်ပြီး ဒီလူတွေကို ထုတ်ပေးဖို့ အော်တယ်။ ရွာထဲလှည့်အော်လို့ လူစုလူဝေး ၂၀၀ လောက် ဖြစ်သွားတဲ့အချိန်မှာ ဘုန်းကြီးကျောင်းဝန်းထဲကို ပိတ်ထားတာလဲမရဘူး အတင်းဝင်တယ်။ အဲ့ဒါနဲ့ မြို့နယ်ကနေ ဌာနဆိုင်ရာတာဝန်ရှိသူတွေရော ရဲတွေရော လွှတ်တော်ကိုယ်စားလှယ်တွေရော သွား တယ်။ အဲ့ဒီမှာ လူစုလူဝေးခွဲဖို့ပြောတာ ဘယ်လိုမှပြောလို့မရဘူး။ ကျွန်တော်တို့ဆီကပါတဲ့ လိုက်ထရပ်ကားတစ်စီးကို သူတို့က လူအုပ်နဲ့ ဒီလူတွေကိုပြန်ခေါ်ဖို့ အတင်းဆုတ်ခိုင်းပြီး လူတွေကို အတင်းဆွဲတင်ပေးလိုက်တယ်။ အမှောင်ထဲကနေ ခဲတွေနဲ့လည်း ပစ်ကြတယ်”လို့ ဦးစိုးဝင်းထွန်း က ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ်ကနေပြန်လာတဲ့သူ (၄) ဦးကို ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာကို တန်းပို့တာ မဟုတ်ဘဲ ရွှေဘိုမြို့မှာထားရှိပြီးမှ ပို့ခဲ့တာဖြစ်ပါတယ်။ ရွှေဘိုမှာထားတုန်းက သူတို့လေးဦးရဲ့ နမူနာတွေကို ဓါတ်ခွဲဆေးစစ်ရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း မရှိကြောင်း အဖြေထွက်ခဲ့ပြီးမှ ဝက်လက်မြို့ကို ထပ်ပို့ခဲ့တာဖြစ်ပါတယ်။

ဝက်လက်မြို့ကို ပို့တဲ့အချိန်မှာတာ့ ဝက်လက်မြို့ပေါ်မှာနဲ့ မူလက ထားတဲ့ နေရာတွေမှာ လူပြည့်နေတာကြောင့် ပင်းဇင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိရပ်ဖ နဲ့ ဘုန်းတော်ကြီးရဲ့ သဘောတူညီချက်အရ ထားဖို့စီစဉ်ခဲ့တာပါ။

အဲ့ဒီလိုစီစဉ်ပြီး မေလ ၃၀ ရက်နေ့ ည ၇ နာရီအချိန် ပြည်ပပြန် (၄) ဦးကို ပို့ပြီးတဲ့အခါ မှာတော့ ကျေးရွာသူ၊ကျေးရွာသားတွေက သဘောမတူ ကန့်ကွက်ကြောင်း ပြန်ခေါ်သွားဖို့ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်မှုအပြီး ပြည်ပပြန် (၄) ဦးကို ဘယ်လိုဆောင်ရွက် ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း က “ရွာက သဘောမတူလို့ ညတွင်းချင်း ပြန်ခေါ်ခဲ့တယ်။ ခေါ်ခဲ့ပြီးတော့ ဝက်လက်က တိုင်းရင်းဆေးရုံးမှာ တစ်ညသိပ်ခဲ့တယ်။ သိပ်ပြီးတော့ အခု သူတို့ကို ရွှေဘိုခရိုင်ကလည်း ရွှေဘိုကို ပြန်ခေါ်မယ်ဆို လို့ ရွှေဘိုကို ပြန်ပို့မယ်။ တကယ်တမ်း ဒီလေးယောက်ကလည်း ထိုင်းနိုင်ငံက ပြန်လာကတည်းက သူတို့ကို ရွှေဘိုမှာထားတယ်။ သူတို့ကို နမူနာယူ ဓါတ်ခွဲ စစ်ဆေးပြီး ပိုးမရှိကြောင်း အဖြေထွက်လို့ ပို့ခဲ့တာ။ ဒီအကြောင်းအရာ တွေကို ရှင်းပြတာကို လက်မခံဘဲ သူတို့ကစိုးရိမ်ပြီးတော့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ဝက်လက်မြို့ပေါ်မှာ ခြေချုပ်စောင့်ကြည့်အဖြစ် ထားရှိ ထားသူဦးရေ ၇၀ ကျော်ရှိပြီး သူတို့ကို မြို့ပေါ်က စာသင်ကျောင်းတွေ ရှိမ္မကားကျေးရွာ နဲ့ ရွှေပန်းကုံး ကျေးရွာတွေမှာ ထားရှိထားတာပါ။

အဲ့ဒီနေရာတွေမှာ ထပ်ရောက်လာသူတွေကို ထားရှိဖို့နေရာ ပြည့်နေတာကြောင့် ဝက်လက်မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ပင်းဇင်းကျေးရွာ မှာထားဖို့ စီစဉ်ခဲ့ရာကနေ ရွာသူရွာသားတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ် ပါတယ်။

crd : celehits

Add a Comment

Your email address will not be published. Required fields are marked *

nine − four =