အောက်တို ဘာလ အတွက် ရာသီခွင် အလိုက် ဆောင်ရန် ၊ ရှောင်ရန်များ

ဒီတစ်ခေါက် မှာတော့ Her World မဂ္ဂဇင်းကနေ ကောက်နုတ်ပြီး အောက်တိုဘာလထဲ ပျိုမေတို့ရဲ့ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ ကို ပြောပြပေးသွားမှာပါ။ ကိုယ့်ရာသီခွင် အလိုက် ဘယ်လိုအရာတွေကို ရှောင်ပြီး ဘယ်လိုအရာတွေကိုသတိထားလုပ်ဆောငရမယ်ဆိုတာ ကြည့်လိုက်ရအောင်။

Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ

အရာရာဉာဏ်သုံးဆင်ခြင်ပြီးတော့ ဆုံးဖြတ်ရမယ့်ကာလဖြစ်ပါတယ်။ ဘာမှ မလုပ်ခင်မှာ ရှုထောင့်ပေါင်းစုံက စဉ်းစားပြီးကာမှ ကိုယ့်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ အရာရာကို ဆုံးဖြတ်ပါ။ကံကောင်းမယ့်အရောင်- အပြာနုရောင်

Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ

မလိုအပ်တဲ့ ဒရာမာတွေကြားထဲ ညပ်ဖို့ လမ်းမြင်နေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဒရာမာတွေ ကို ရှောင်ကျဉ်ပြီးတော့ ကိုယ့်လမ်းကြောင်းပေါ်မှာပဲ ကိုယ်လျှောက်ပါ။ကံကောင်းမယ့်အရောင်- ငွေရောင်

Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကစလို့ ဘော့စ်အဆုံး အကုန်လံးကို သတိထားရမယ့် ကာလပါပဲ။ အလုပ်မှာ ပြဿနာတွေတက်တတ် တဲ့အတွက် တိုက်ပွဲဝင်ဖို့ကို အဆင်သင့်ပြင်ထားပါလေ။ကံကောင်းမယ့်အရောင်- ရွှေရောင်

Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ

အထက်လူကြီးကို တည့်အောင်နေပါ။ တန်းတူလုပ်ဖော်ကိုင်ဖက်တွေထဲက သင်နဲ့ ပြိုငဆိုင်ချင်တဲ့လူ ပေါ်လာပါလိမ့်မယ်။ကံကောင်းမယ့်အရောင်- အစိမ်းနုရောင်

Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ

ဘယ်လိုကိစ္စပဲ ကြုံလာကြုံလာ ခေါင်းအေးအေး ထေားပြီး စဉ်းစားဆုံးဖြတ်ပါ။ စိတ်လှုပ်ရှားလွန်ပြီး ပြဿနာပိုတက်အောင် မလုပ်ပါနဲ့။ကံကောင်းမယ့်အရောင်- မီးခိုးနုရောင်

Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ

အရာရာကို လောဘမကြီး ပါနဲ့လို့ မှာချင်ပါတယ်။ သင့်ရဲ့လက်ရှိအခြေအနေဟာ ပန်းတိုင်ကိုမရောက်သေးပေမယ့်လို့ သင့်ရဲ့တိုးတက်မှုကိုတော့ မြင်နေရပါပြီ။ ဒါကြောင့် စိတ်အေးလက်အေးလေးတော့ ဒီတစ်လမှာ နေလိုက်ပါ။ကံကောင်းမယ့်အရောင်- မိုးပြာရောင်

Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ

ပတ်ဝန်းကျင်ဆိုတာ အမြဲတမ်းပြောင်းလဲတတ်တယ်ဆိုတာကို သတိထားပါ။ ဒါကြောင့် သင်ဟာလည်း ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်နဲ့လိုက်ပြီးတော့ ပြောင်းလဲနိုင်အောင် သတိထားပါ။ကံကောင်းမယ့်အရောင်- အဝါရောင်တောက်တောက်

Scorpio: အေက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ

သူများတွေရဲ့ ဝေဖန်မှုတွေထက် ကိုယ့်ရဲ့စိတ်ကိုပဲ ကိုယ်ယုံကြည်မှုရှိခြင်းဟာ ဒီကာလအတွင်း သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။ကံကောင်းမယ့်အရောင်- အပြာရောင်အရင့်တောက်တောက်

Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ

လူတိုင်းကို မယုံကြည့်သင့်တဲ့ ကာလတစ်ခုပါ။ အထူးသဖြင့် အလုပ်ကလူတွေကိုပေါ့။ သတိထားဆက်ဆံပေးပါ။ကံကောင်းမယ့်အရောင်- အနီရောင်ခပ်မှိုင်းမှိုင်း

Capricorn Dates: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ

ဒီအချိန်မှာ အဆက်အသွယ် ကောင်းရှိထားဖို့က အရေးကြီးပါတယ်။ လူတွေဟာ သင့်ရဲ့ ကျွမ်းကျင်တတ်မြောက် မှုကို ခုတုံးလုပ် အသုံးချဖို့အတွက် ကြံစည်နေကြပါတယ်။နောက် သင်ကိုယ်တိုင်ဟာလည်း ကိစ္စအမျိုးမျိုးကြောင့် စိတ်ခံစားချက်တွေ ဟိုးအောက်ဆုံးကို ရောက်နေတဲ့ကာလတစ်ခုပါ။ ကံကောင်းမယ့်အရောင်- ပန်းဆီရောင်

Aquarius: ဇန်နဝါရီ ၂၀ မှ ဖေေဖော်ဝါရီ ၁၈ ရက်နေ့ထိ

ဒီကာလအတွင်းမှာ သင့်ရဲ့ပြဿနာ တွေဟာ လွယ်လွယ်ကူကူနဲ့ဖြေရှင်းလို့ပြီးမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြဿနာတွေကိုပဲ အာရုံစိုက် ဖြေရှင်းပြီး တခြားကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့။ကံကောင်းမယ့်အရောင်- မီးခိုးရောင်နု

Pisces: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ

ကိစ္စတိုင်းကို လွယ်လွယ်ကူကူလျှင်လျှင်မြန်မြန်နဲ့ လုံးဝဆုံးဖြတ်ချက် မချလိုက်ပါနဲ့။ အထူးသဖြင့် သင်အမြဲတမ်းဖြစ်ချင်နေတဲ့ ကိစ္စမျိုးတွေမှာပေါ့။ကံကောင်းမယ့်အရောင်- အပြာရောင်

penny