Covid ကြောင့် သေဆုံးခဲ့သူရဲ့ မိသားစုဝင်တွေနဲ့ တစ်ခန်းထဲ Q ဝင်မိလို့ Covid ကူးစက်ခံလိုက်ရတဲ့ ဖိုးချစ် ရဲ့ ကောင်မလေး

ပရိတ်သတ်ကြီးရေ သဘင်လောကရဲ့ဥက္ကဌဖြစ်သူ မြို့ရွှေမန်းသားလေး ဖိုးချစ်ကတော့ မြန်မာနိုင်ငံမှာကိုဗစ်ကာလစတင်ကတည်းက သဘင်ပညာရှင်တွေ ရဲ့အခက်အခဲကို ဆက်တိုက်ကူညီနေတာပါ။ဒါ့အပြင် ခေါင်းဆောင်ကောင်းပီသစွာ နဲ့ လည်းသူ့ရဲ့ ဝန်ထမ်းတွေအပေါ်မှာ ပြုမူဆက်ဆံတတ်တာပရိတ်သတ်ကြီးလည်းသိပြီးသားဖြစ်မှာပါ။ သူ့ရဲ့ အချစ်ရေးကို ထုတ်ဖော်မပြောတတ်ပဲ သိုသိပ်စွာနေတတ်တဲ့ ဖိုးချစ်က ဒီကနေ့မှာတော့ ဆယ်လီစုံထောက်ဟန်ငြိမ်းဦးရဲ့ ဖော်ထုတ်ခြင်းကို ခံလိုက်ရတာပါ။

Qဝင်တဲ့သူတွေအထူးသတိထားရတော့မယ့် အချက်ကိုယ်က စိုးရိမ်လို့ Q ဝင်လိုက်ပေမယ့်ကိုယ့်မှာဘာရောဂါပိုးမှ မရှိရင်တောင်ပိုးရှိတဲ့သူ တယောက်ပါလာတာနဲ့အကုန်ကူးတာပဲ ကိုဗစ်လူနာတွေများရတဲ့ အဓိက အကြောင်းရင်းကအဲဒါပဲ အရမ်းကြောက်ဖို့ကောင်းတယ်ဖြစ်နိုင်လို့ မစိုးရိမ် ရရင် အိမ်မှာပဲတယောက်ထဲ သီးသန့်ခွဲနေပါစိုးရိမ်ရမှ ဆေးရုံသွားတာ ပိုကောင်းတယ်ခုဖိုးချစ် ဇနီးလောင်း ကိုဗစ်ကူးတာအဲဒါကြောင့်ပဲ သူသွားပြတဲ့ဆေးခန်းကလူနာတယောက် ကိုဗစ်ပိုးနဲ့ သေသွားတော့ သူကစိုးရိမ်ပီး Qသွားဝင်လိုက်တာဖြစ်ချင်တော့ ကိုဗစ်ပိုးနဲ့ သေသွားသူရဲ့မိသားဝင်တွေနဲ့ တခန်းထဲအတူတူဝင်ရတော့အကုန်ကူးပါလေရောအထူးသတိထားရတော့မယ့် အချက်ပါ ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေခဲ့တာပါ။

ဒီအချက်ကလည်းစဉ်းစာစရာပါ ပရိတ်သတ်ကြီး ရေ။ ဖြစ်နိုင်ရင်တော့ အိမ်ထဲမှာပဲနေပြီး အပြင်ထွက်ရင်တတ်နိုင်သမျှနှာခေါင်းစည်းတပ် လက်အိပ်ဝတ်ပြီးမှထွက်သင့်ပါတယ်နော်။ဒီသတင်းကို ဖိုးချစ်ဘက်ကတော့ဘာမှတုံ့ပြန်ချင်းမရှိသေးပါဘူးနော်။ပရိတ်သတ်ကြီးလည်း ပရိတ်သတ်ကြီးရဲ့ အမြင်လေးကို မန့်ခဲ့ကြပါဦးနော်။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးကို ကျေးဇူး တင်ရှိပါတယ်နော်။ ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

zawgyi


