ချစ်စရာကောင်းတဲ့ ပုံစံလေး သရုပ်ဆောင်ထားတဲ့ ဆောင်းယွန်းစံ ရဲ့ အခွီ ဗီဒီယို

မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ချောမောလှပပြီး ချစ်စရာကောင်း သူလေးဖြစ်တာကြောင့် ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ သူမကိုချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ် ။ ဆောင်းယွန်းစံက ရုပ်ရည်ချောမောလှပရုံသာမကဘဲ အသားအရေလေးကလည်း ဖြူဖွေးဝင်းဥနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဆောင်းယွန်းစံက ပုရိသတွေ ကြားမှာ သည်းသည်းလှုပ်ရေပန်းစားပြီး ဝန်းရံခြင်းခံနေရတာ ဖြစ်ပါတယ် ။

ဆောင်းယွန်းစံက သရုပ်ဆောင်အလုပ်ကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တဲ့ အပြင် အကယ်ဒမီရွှေကြိုအဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ် ။ ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တဲ့ ဆောင်းယွန်းစံက အခုလည်း အခွီဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဆောင်းယွန်းစံက အရမ်းနာမည်ကြီးတဲ့ဇာတ်ဝင်ခန်းလေးကို အပီအပြင် သရုပ်‌ဆောင်ပြလိုက်တာပဲ ဖြစ်ပါတယ် ။

ဆောင်းယွန်းစံကတော့ “‌Facebook ရွာ ” ဇာတ်ကားထဲက မခိုင်လေးရဲ့အသံလေးကိုနောက်ခံထားပြီး သူမရဲ့ဟန်ပန်အမူအရာတွေနဲ့ သရုပ်ဖော်ပြထားတာ ဖြစ်ပါတယ် ။ အားရပါးရ Tik Tok ကစားနေတဲ့ ဆောင်းယွန်းစံက အရမ်းကို ချစ်စရာကောင်းနေသလို ဆွဲဆောင်မှုရှိရှိ လှနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဆောင်းယွန်းစံ ရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Saung Yoon San’s Tik Tok Acc