ပရိတ်သတ် အချစ်တော် အဆိုတော်မီးမီးခဲ ကင်ဆာရောဂါဖြင့် ကွယ်လွန်

ပရိတ်သတ်ကြီးရေ ကင်ဆာရောဂါကိုခံစားနေရတဲ့ မီးမီးခဲကတော့ နိုင်ငံခြားမှာ နေထိုင်ပြီး သူ့ရဲ့ ရောဂါကိုအကောင်းဆုံးဖြစ်အောင်ကုသနေထိုင်လျက်ရှိတာပါ။မကြာသေးမီကအဆိုတော် မီးမီးခဲ ဟာကင်ဆာရောဂါကြောင့်ကျန်းမာရေး အခြေနေ စိုးရိမ်နေရကြောင်းသတင်းတွေလူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ဒီကနေ့မှာတော့ တေးသံရှင် မီးမီးခဲရဲ့ ဖန်တွေအတွက် စိတ်မကောင်းစရာ သတင်းလေးကို လူမှုကွန်ယက်ကနေအမျိုးသားဟောင်း ဖြစ်သူ တေးသံရှင်ထူးအယ်လင်းကမျှဝေခဲ့ပါတယ်။

အဲ့ဒါကတော့ တေးသံရှင် မီးမီးခဲကွယ်လွန်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာမျှဝေလာတာပါ။တေးသံရှင် မီးမီးခဲကွယ်လွန်သွားပြီဖြစ်ကြောင်းခင်ပွန်းဟောင်းဖြစ်သူ တေးသံရှင်ထူးအယ်လင်းမှ ၎င်း၏ ဖေ့ဘွတ်စ်အကောင့်တွင်ဝမ်းနည်းကြောင်းဖော်ပြခဲ့တာပါ။

ပရိတ်သတ်ကြီးရေ ဂီတလောကရဲ့ကြယ်တစ်ပွင့် ဆုံးရှုံးလိုက်ရတာက ဝမ်းနည်းစရာပါပဲနော်။တေးသံရှင်မီးမီးခဲ တစ်ယောက် ကောင်းရာဘုံဘဝရောက်ပါစေကြောင်းဝမ်းနည်းစွာနဲ့ဆုတောင်းaပး လိုက်ရပါတယ်နော်။တေးသံရှင်မီးမီးခဲ အတွက်ဆုတောင်းစကားလေးတွေမျှဝေပေးခဲ့ကြပါဦးနော်။ဖတ်ရှုပေးခဲ့ကြတဲ့ပရိတ်သတ်ကြီးအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

zawgyi


