နောက်ဆုံးထွက် သိန်း(၄၀)နီးပါးတန်ဖိုးရှိတဲ့ iPhone 14 ကို ပထမဆုံးကိုင်ခွင့်ရခဲ့လို့ အပျော်ကြီးပျော်နေတဲ့ “ထက်ထက်ထွန်း”
|ပရိတ်သတ်ကြီးရေ….Miss Universe Myanmar 2016 ဆုရှင် ထက်ထက်ထွန်းကတော့ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေသူတစ် ယောက်ပဲဖြစ်တဲ့အပြင် ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတဲ့အပြင် အစီအစဉ်တင်ဆက်သူတဟ်ယောက်အဖြစ်လည်း အနုပညာ လမ်းကြောင်း ပေါ်မြှအောင်မြင်စွာနဲ့လျှောက်လှမ်း နေတာပဲဖြစ်ပါတယ်နော်..။ထက်ထက်ထွန်းက မော်ဒယ်လ်တစ်ယောက်အပြင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ချစ်သူနဲ့အတူတူ Lwin Moe & Htet Htet Htun ဆိုပြီး ဖုန်းဆိုင်ကြီးကိုလည်း ဖွင့်လှစ်ထားသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းဟာ နောက်ပိုင်းမှာ ဆိုရင်လည်း အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်နေလျက်ရှိတာပဲဖြစ်ပါတယ်။
ကိုယ်တိုင်လည်း ဖုန်းဆိုင်ကြီးတစ်ဆိုင်ဖွင့်လှစ်ထားတဲ့ ထက်ထက်ထွန်းဟာ ဒီကနေ့မှာ စတင်ရောင်းချတဲ့ နောက်ဆုံးပေါ် iPhone 14 Pro ကို ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။ ထက်ထက်ထွန်းက “iPhone အသစ်ထွက်တိုင်း တခါမှ ဦးဦးဖျားဖျား ကိုင်ရဖို့ မစဉ်းစားခဲ့ဖူးပါဘူး ☺️ ဒီနှစ်တော့ ပထမဆုံး ဦးဦး ဖျားဖျားလေးရခဲ့ပြီ 🥰” ဆိုပြီး သူမရဲ့အပျော်တွေကို မျှဝေပေးထားပါတယ်။
ထက်ထက်ထွန်းကတော့ အနည်းဆုံး သိန်း (၄၀) ကနေ အများဆုံး သိန်း (၇၀) နီးပါးတန်ဖိုး ရှိတဲ့ နောက်ဆုံးပေါ် iPhone 14 ကို ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းတို့ရဲ့ ဘဝကတော့ တကယ့်ကိုအားကျစရာပါပဲနော်။
Source: Htet Htet Htun’s fb
zawgyi