မျက်နှာ နွမ်းနွမ်း နဲ့ မိန်းကလေး တစ်ယောက် Wave money ဆိုင်မှာ ငွေ 50000 လွှဲခိုင်း လို့ သေချာမေး ကြည့်လိုက်တဲ့အခါ

မျက်နှာ နွမ်းနွမ်း နဲ့ မိန်းကလေး တစ်ယောက် Wave money ဆိုင်မှာ ငွေ 50000 လွှဲခိုင်း လို့ သေချာမေး ကြည့်လိုက်တဲ့အခါ

တစ်နေ့က ကလေးမ ၁ယောက် ကျနော့ ဆိုင်ကို ရောက်လာပြီး ငွေ ၅သောင်း တိတိ ကို wavemoney နဲ့ လွှဲခိုင်းတယ်။ လွှဲရမယ့် နံပါတ်က သူ့ရဲ့ Chat Box ထဲ က MYTEL….နံပါတ် ရုပ်ရည် ကို ကြည့်လိုက်တော့ ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျပြီး စီးပွားရေး သိပ်အဆင်မပြေတဲ့ပုံစံ

သူက ကျနော့ ကိုသာ ငွေလွှဲခိုင်းနေတာသူ့ လက်နဲ့ မျက်စိတွေက သူ့ရဲ့ အညံ့စားဖုန်းလေး ပေါ်မှာ ကီးဘုတ်တွေ နှိပ်နေတာမို့ ကျနော့ စိတ်ထဲ မသင်္ကာ ဖြစ်သွားမိတယ်။

ဒါနဲ့ သူ့ဖုန်း ကို တစ်ချက် လှမ်းကြည့်မိတော့ ငွေစုငွေချေး တဲ့ ကျနော် အတော်လေး စိတ်မကောင်းဖြစ် သွားမိတယ်။ ကျနော် ငွေကို မလွှဲသေးဘဲသူနဲ့ စကားစမြည် ပြောကြည့် လိုက်တော့ သူ့ ဘက်က ငွေ ၅သောင်း တိတိ ကို wave money နဲ့ စဘော် သဘောမျိုး အရင် သွင်းပေးရမယ်။

သူ့ပိုက်ဆံဝင်ပြီ ဆိုမှ ဂရု မှ ငွေ ၅သိန်း ပြန်လို့ ချေးပေးမယ်။ သူ့ပြောပုံအရ အတော်လေး အားတက်စရာ။ ကလေးမဘက်က လောဘ တက်နေပြီမို့ ငွေ ကို အမြန်ဆုံး လွှဲပေးဖို့ ပက်စဝက် ကို 123456 ထားပေး ဖို့ကျနော့ ကို ပြောလာတာကြောင့်သူ့ စိတ်ကျေနပ်ပါစေ ဆိုပြီး ကျနော် လွှဲပေး လိုက်တယ်။

တစ်ခုဘဲ အဲဒါက သူပေးတဲ့ ပက်စဝက် မဟုတ်ဘဲ ကျနော့ စိတ်ကြိုက် ပက်စဝက် ကို ချိန်းလို့ ပေးလိုက်တယ်။ ဟိုဂရု အက်ထမိန်ကြီးက ငွေပို့တဲ့ မက်ဆေ့ ကိုရတာနဲ့ ဖုန်းဆက်ပြီး ပက်စဝက် တောင်းတာ တွေ့ရတယ်။

ခလေးမ က သူပေးထား တဲ့ ပက်စဝက်ကို အက်ထမိန်ကြီးဆီ လှမ်းပေး လိုက်တော့ ဖုန်းချ သွားတာ သိပ်မကြာဘူးပြန်ခေါ်ပြီး ပက်စဝက် မှားနေ လို့ ထုတ်မရဘူးတဲ့ ဒါနဲ့ဘဲ… ကျနော်လည်း မနေနိုင်တော့လို့ သူ့ဘက်က ငွေ ၅သိန်းကို ပြန်လွှဲပြီးမှပက်စဝက်ကို ပေးနိုင်မယ်လို့ ကြားက ဝင်ပြောလိုက်တော့ ဖုန်းကို ချပြီး ဘလော့ဂ်သွားလေ ရဲ့ ဒါတောင်.. ကလေးမလေးက ကျနော့ကို မေးသေးတယ်။

“”ဦးလေး… သူတို့.. လိမ်နေတာ လားဟင်”’…တဲ့ လိမ်ချင်လိမ် မလိမ်ချင်နေ နင်လွှဲတဲ့ ပိုက်ဆံ နင်ပြန်ထုတ်သွား ခုနေ ထုတ်ရင် လွှဲခ ၁ထောင် နင် ရှုံးမယ်။ ဒီလိုမှ မဟုတ်ဘဲ… နင့်အနေနဲ့ မမြင်ရတဲ့ ၅သိန်း နောက် ကို ဆက်လိုက်ရင်တော့ ၅၁၀၀၀ ရှုံးမယ်လို့ ပြောလိုက်တော့ မှ “သမီး ငွေကိုပြန်ထုတ်ပြီး ယူတော့မယ်ဦးလေးရယ်” ဖြစ်သွားတော့ တယ်ဗျာ

အလိုကြီး အရနည်းတတ်တဲ့ ဖြစ်ရပ်မို့ အွန်လိုင်းပါး မဝကြသေးတဲ့ လူငယ် မောင်မယ်များ သတိထားကြစေဖို့ ကျနော် ပြောပြလိုက်ရုံသာ။

စီးပွားရေး အဆင်မပြေလို့မှ ငွေချေးချင်ပါတယ်ဆိုမှ အဆင်မပြေတဲ့ သူတွေအပေါ်မှာ ထပ်ပြီး လိမ်စားကြဦးမှာလား. . .လုပ်ရက်လိုက်ကြတာ #လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။

Credit -sithu ag -Min Ma Kha ပို့စ်မှပြန်လည်မျှပေးပါသည်။