သီတင်းကျွတ်လ အတွက် အကောင်းဆုံး ယတြာ (17.10.2020)မှ (14.11.2020) အထိ

သီတင်းကျွတ်လဆန်း(၁)ရက်နေ့(17.10.2020)မှ သီတင်းကျွတ် လကွယ်နေ့(14.11.2020)အထိတစ်လတာလုံး“သရက်ရွက် (၃)ရွက်ကိုသေချာသန့်စင်အောင်ဆေးကြောပြီး ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် ဖြန့်ခင်းထားပါ။

ထို့နောက် သရက်ရွက်များပေါ်၌ နှမ်းဆီဖြင့်ဆီမီးထွန်းညှိထားသောမြေခွက်ကိုတင်တာမိမိအိမ် ဘုရားကျောင်းဆောင်ရှိမြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ထွန်းညှိပူဇော်ပေးရပါမယ် ခင်ဗျ…။

နှမ်းဆီဖြင့်ဆီမီးပူဇော်ရာ၌ မြေဆီမီးခွက်မရှိရင်လည်း မိမိအတွက် အဆင်ပြေလွယ်ကူစေမည့် ဆီမီးခွက်ကို အသုံးပြုနိုင်ပါတယ်။

သို့သော် စတီးခွက်နှင့်လုံးဝ ဆီမီး မပူဇော်ရပါခင်ဗျ။

အချိန်= နံနက်၆နာရီမှ၁၀နာရီအတွင်းဆီမီးထွန်းပေးပါ

အောက်ပါ ဂါထာတော်ကို (၁၆)ခေါက်တိတိ ရွတ်ဖတ်ပေး ရပါမယ်။

” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ

ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ

သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး သီတင်းကျွတ်လ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊

အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။”

သရက်ရွက်များ ညှိုးနွမ်းပျက်ဆီးလာပါက အသစ်ပြန်လည် လှဲလှယ်ပေးရပါတယ်။

ဤယတြာကို သီတင်းကျွတ်လ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက် သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက

သီတင်းကျွတ်လ တစ်လတာလုံးအခက်အခဲမှန်သမျှ ပြေလည်စေပြီးလိုအင်ဆန္ဒပြည့်ဝစေရပါမည်။

ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်

ဗေဒင်နှင့်အထူးယတြာပေးပညာရှင်

ဆရာပေါက်ကျိုင်း 09776478912