အွန်လိုင်း ပေါ်က အထူးခြားဆုံး သတင်း မိန်းမ ကိုယ်တွင်း သရေကွင်းထည့် ထားတာတဲ့ဗျာ

အွန်လိုင်း ပေါ်က အထူးခြားဆုံး သတင်း မိန်းမ ကိုယ်တွင်း သရေကွင်းထည့် ထားတာတဲ့ဗျာ

မိန်းမကိုယ်အတွင်းမှ ရရှိသောပစ္စည်းတွေပါ..ရာဘာကွင်းတွေကို ဘယ်လိုတုတ်စည်းပြီး၊ဘယ်လိုထည့်ထားလဲမေး လို့လည်းမရပါ။ သွေးဆုံးပြီးမှသွေးပြန်ဆင်းပြီးအနံ့အသက်မကောင်းတဲ့အသက်(၅၀)ကျော်လူနာအားစမ်းသပ်စစ်ေ

ဆးကြည့်ရာမှ မိန်းမကိုယ် အတွင်းမှရရှိသောပစ္စည်းတွေပါ..ရာဘာကွင်းတွေ ကိုဘယ်လိုတုတ်စည်းပြီး၊ဘယ်လိုထည့်ထားလဲမေးလို့လည်းမရပါ။

မထည့်ဘူးလို့ပဲငြင်းဆို နေခဲ့ပါတယ်။ သားအိမ်ထဲကိုပိုးတွေဝင်ရောက်နေပြီဖြစ်လို့ ကံမကောင်းရင်သားအိမ်ထုတ်ပစ်ရတော့မှာပါ။

အခုနောက်ပိုင်းမှာ လူတွေဟာ မိမိ တဏှာရာဂ အာသာပြေစေဖို့ သဘာဝလွန်လုပ်ဆောင်မှုတွေ လုပ်လာကြပါတယ်။ ယျောက်ျားလေးများမှာ လိင်အင်္ဂါကြီးဆေး၊ လိင်ဆက်ဆံရာမှာ ကြာရှည်စွာဆက်ဆံနိုင်ရေး၊ မကြာခဏ လိင်ဆက်ဆံလိုစိတ်မြင့်မားစေတဲ့ ဆေးများ အသုံးပြုလာကြပါတယ်။ နောက်တစ်ခုက လိင်အင်္ဂါ ကို ဆရာဝန်ဖြင့် မဟုတ်ဘဲ အရပ်ထဲမှ လူနဲ့ ခွဲဖြဲပီး ဂေါ်လီထည့်ခြင်း၊ဆီလီကွန်များထိုးထည့်ခြင်းအပြင် သားရေကွင်း မုတ်ဆိတ်၊ သားရေကွင်း ခရွက်ရှာများ လိင်တံတွင်တပ်ဆင်ခြင်းများပြုလုပ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မိမိနှင့် လိင်ဆက်ဆံဖက်ကို ပိုမို အားရစေသည်၊ အကြိုက်တွေ့စွဲလမ်းစေသည် ဟု ထင်မှတ်ထားကြပီး လျှောက်လုပ်နေကြခြင်းဖြစ်သည်။

အင်မတန်အန္တရာယ် ကြီးမားပါသည်။ နောက်ဆုံးအသက်အန္တရာယ်အထိ ဖြစ်စေ နိုင်ပါသည်။

အမျိုးသမီးများမှာလည်း ထိုနည်းတူ ပင်ဖြစ်သည်။ မိန်မကိုယ် ကျဉ်းဆေး၊ ကျပ်ဆေး၊ သန္ဓေတားဆေး အမျိုးမျိုး၊ ကာမဆန္ဒမြှင့်တက်စေတဲ့ဆေးတွေ

သုံးလာကြ သလို အသာပြေစေတဲ့ စက်ကိယာ များကို သဘာဝနှင့်ဆန့်ကျင်ကာ အသုံးပြုလာကြပါတယ်။ အဲဒီထက်ပိုဆိုးတာတွေကတော့ နားတတ်ကျွမ်းတဲ့ ဆရာဝန်များဖြင့် မကုသဘဲ ရိုးရိုး

သာမန်လူ တစ်ယောက် အကူအညီဖြင့် မိန်းမ ကိုယ် ကျဉ်းအောင် ကျုံ့အောင် ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ လုပ်နေကြတာဖြစ်ပါတယ်။

ကျပ်ကျပ်ကလေးဖြစ်နေမှ မိမိချစ်သူ သို့မဟုတ် မိမိယောကျာ်း သို့မဟုတ် မိမိလိင်ဆက်ဆံဖက်မှ မိမိအား စွဲလမ်းချစ်ခင်နေလိမ့်မည်ဆိုတဲ့ အယူအဆအလွဲကြီးပင် ဖြစ်ပါသည်။

နောက်တစ်ခုက မိမိဆန္ဒပြေစေဖို့ လိင် အသာဖြေ ပစ္စည်းများကို မိန်းမကိုယ်တွင်း မကြာခဏထည့်သွင်းအာသာဖြေခြင်း၊ အချိန်ကြာမြင့်

စွာ ထည့်သွင်းထားခြင်းတို့ကြောင့် နောက်ဆက်တွဲ မလိုလားအပ်တဲ့ ကျန်းမာရေးပြသနာများဖြစ်ပေါ်လာနိုင်ပီး အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အဲဒီအခါကျမှ ဒုက္ခပင်လယ်ဝေပီး မိမိအပါအဝင် ဆွေမျိုးသူငယ်ချင်းအသိုင်းအဝိုင်းတစ်ခုလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ရပါလိမ့်မည်ဖြစ်ကြောင်း ကျန်းမာရေး သတိပေးလိုက်ပါတယ်နော် …

crd : panpyoelat

Add a Comment

Your email address will not be published.