ဝမ်းလဲ မှန် ပါတယ် . သွား လဲ တနေ့ (၂) ကြိမ်တိုက်ပါ ရဲ့ နဲ့ ခံတွင်း နံ့ နံနေရင် ..

မဂ္လာပါ ဆရာ

ကျမ အသက် ၃၃နှစ် အိမ်ထောင် ရှိပါတယ် ဆရာ။

အစာအိမ်ကတော့ အပူအစပ် စားရင် နည်းနည်း အောင့်ပါတယ်။ ခန္ဓာကိုယ်က အပူဓာတ်များလို့ အသားက အမြဲ ပူနေတတ်ပါတယ်။

ဒါပေမဲ့ ဝမ်းလဲ မှန်ပါတယ် ..အဲ့တာ ကို ခံတွင်းနံ့ နံလို့ပါ ဆရာ။ သွားလဲ တနေ့ ၂ကြိမ်တိုက်ပါတယ်။

ထမင်းစားပြီး တိုင်းလဲ ပလုတ်ကျင်း ပါတယ် ဒါပေမဲ့ နံတာ မပျောက်သွားပါဘူး။

ခံတွင်းအနံ့နံ တာကို ကိုယ့်ဖာသာသိနေတော့ သူများနဲ့ စကားပြောရမှာ စိတ်ကမလုံဘူးဖြစ်ပါတယ်။

ခံတွင်းနံ့ပျောက်ဆေးတွေလည်း သုံးဖူးပါတယ်။ မရပါ။

ခံတွင်း အနံ့နံ ပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲ အကြံပေးပါလားဆရာ။

ဝမ်းထဲမှာ လေပူရှိလို့ပါ။

မနက်ရေ မချိုးမီ ဆန်ဆေးရေအကြည် တစ်ဖန်ခွက်သောက်ပါ။ ခံတွင်းအနံ့တက်တာသက်သာလာပါလိမ့်မယ်။ ဆန်ဆေးရည်ကအအေးပါ။ အပူကိုနိုင်ပါတယ်။

အုန်းစိမ်းရည် တစ်ပါတ်ကို တစ်ကြိမ်သောက်ပါ။ တမာရွက် ပြာချ ဆားနဲ့ရော သွားတိုက်ပါ။

ညအိပ်ခါနီး ခြေဖဝါးဆားပွတ် ဒူးအထက်မှအောက်ရေလောင်းခြေ ဆေးပေးရင် ပိုကောင်းပါသည် ။ ရေရှည်စွဲလုပ်ကြည့်ပါ။

ခြေလေးချောင်းသား တတ်နိုင်သမျှ ရှောင်စားပါ။ လေပူစာ မျှစ်၊မျှစ်ချဉ်၊လက်လုပ်ချဉ်၊ ချဉ်စပ်အစာများ၊ အုန်းထမင်း၊ဒန်ပေါက်၊ ရေခဲရေများရှောင်ပါ။

အစာအိမ်ဆေး လေပူကျဆေး များစားပါ။

zawgyi

မဂႅာပါ ဆရာ

က်မ အသက္ ၃၃ႏွစ္ အိမ္ေထာင္ ရွိပါတယ္ ဆရာ။

အစာအိမ္ကေတာ့ အပူအစပ္ စားရင္ နည္းနည္း ေအာင့္ပါတယ္။ ခႏၶာကိုယ္က အပူဓာတ္မ်ားလို႔ အသားက အၿမဲ ပူေနတတ္ပါတယ္။

ဒါေပမဲ့ ဝမ္းလဲ မွန္ပါတယ္ ..အဲ့တာ ကို ခံတြင္းနံ႔ နံလို႔ပါ ဆရာ။ သြားလဲ တေန႔ ၂ႀကိမ္တိုက္ပါတယ္။

ထမင္းစားၿပီး တိုင္းလဲ ပလုတ္က်င္း ပါတယ္ ဒါေပမဲ့ နံတာ မေပ်ာက္သြားပါဘူး။

ခံတြင္းအနံ႔နံ တာကို ကိုယ့္ဖာသာသိေနေတာ့ သူမ်ားနဲ႔ စကားေျပာရမွာ စိတ္ကမလုံဘူးျဖစ္ပါတယ္။

ခံတြင္းနံ႔ေပ်ာက္ေဆးေတြလည္း သုံးဖူးပါတယ္။ မရပါ။

ခံတြင္း အနံ႔နံ ေပ်ာက္ကင္းေအာင္ ဘယ္လိုလုပ္ရမလဲ အႀကံေပးပါလားဆရာ။

ဝမ္းထဲမွာ ေလပူရွိလို႔ပါ။

မနက္ေရ မခ်ိဳးမီ ဆန္ေဆးေရအၾကည္ တစ္ဖန္ခြက္ေသာက္ပါ။ ခံတြင္းအနံ႔တက္တာသက္သာလာပါလိမ့္မယ္။ ဆန္ေဆးရည္ကအေအးပါ။ အပူကိုႏိုင္ပါတယ္။

အုန္းစိမ္းရည္ တစ္ပါတ္ကို တစ္ႀကိမ္ေသာက္ပါ။ တမာ႐ြက္ ျပာခ် ဆားနဲ႔ေရာ သြားတိုက္ပါ။

ညအိပ္ခါနီး ေျခဖဝါးဆားပြတ္ ဒူးအထက္မွေအာက္ေရေလာင္းေျခ ေဆးေပးရင္ ပိုေကာင္းပါသည္ ။ ေရရွည္စြဲလုပ္ၾကည့္ပါ။

ေျခေလးေခ်ာင္းသား တတ္ႏိုင္သမွ် ေရွာင္စားပါ။ ေလပူစာ မွ်စ္၊မွ်စ္ခ်ဥ္၊လက္လုပ္ခ်ဥ္၊ ခ်ဥ္စပ္အစာမ်ား၊ အုန္းထမင္း၊ဒန္ေပါက္၊ ေရခဲေရမ်ားေရွာင္ပါ။

အစာအိမ္ေဆး ေလပူက်ေဆး မ်ားစားပါ။