အီတလီနိုင်ငံသူလေး ဂေါတမီရတနာဟာ တိုင်းတစ်ပါးသူလေး ဖြစ်ပါလျက် ဗုဒ္ဓဘာသာ ကို ယုံကြည် သက်ဝင် လွန်းတာကြောင့် ဗုဒ္ဓဘာသာ ပြန့်ပွါးအောင် နိုင်ငံခြားဘာသာစကားနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ သူလေး ဖြစ်ပါတယ်။အီတလီနိုင်ငံသူလေး ဂေါတမီရတနာဟာ မေလ ၆ ရက်နေ့ တုန်းက မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဂေါတမီရတနာက သူမရဲ့ အစီအ စဉ်လေးအတိုင်း သာသနာ့ဘောင်သို့ ဝင်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဂေါတမီရတနာဟာ သူမ တည်းခိုရာ ရိပ်သာမှာပဲ ဆံချမင်္ဂလာပြုကာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ် ။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်း၊စာဘူးတောင်းကျေးရွာနယ်မြေရှိမဂ္ဂဖလဝိဟာရ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတောရတွင်
အီတလီနိုင်ငံသူ ဂေါတမီရတနာက ဆံချကာ သီလ ရှင်ဆရာလေးအဖြစ် သာသနာ့ဘောင်သို့ ဝင်ရောက်ကာနိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာ တရားများကို ကျင့်ကြံအားထုတ်မည်ဖြစ်ကြောင်း သိရပါတယ်။
crd
zawgyi
crd