ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်သည့် နယ်မြေများအား ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ကြေညာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင်

ကြေညာချက်(၆)စောင်ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများအနက် ကချင်ပြည်နယ် အတွင်းရှိ ခေါင်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု(၁)အုပ်စု၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ကျေးရွာအုပ်စု (၃၁) အုပ်စု၊ မချမ်းဘောမြို့နယ်မှကျေးရွာအုပ်စု(၁၅)အုပ်စု၊ မံစီမြို့နယ် မှကျေးရွာအုပ်စု(၂၂)အုပ်စု၊မိုးမောက်မြို့နယ်မှကျေးရွာအုပ်စု(၂၁)အုပ်စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု (၉) အုပ်စု၊ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု(၉)အုပ်စု၊ ဆော့လော်မြို့နယ်မှကျေးရွာအုပ်စု(၈)အုပ်စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု (၂)အုပ်စု၊ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု(၁၃)အုပ်စု နှင့် အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု (၆၁)အုပ်စုတို့ပါဝင်ကြောင်း ကြေညာချက်အမှတ် (၁၉၂/၂၀၂၀)အရ သိ ရသည်။

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ် မှ ကျေးရွာအုပ်စု(၇)အုပ်စု၊ကြာအင်းဆိပ်ကြီးမြို့နယ် မှ ကျေးရွာအုပ်စု(၉)အုပ်စု၊ ဖာပွန်မြို့နယ်မှ ကျေးရွာအုပ်စု(၂၅)အုပ်စု၊ဘာအံမြို့နယ်မှ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု၊သံတောင်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု(၈)အုပ်စု နှင့် မြဝတီမြို့နယ်မှ ကျေးရွာအုပ်စု(၃)အုပ်စုတို့ပါဝင်ကြောင်း ကြေညာချက်အမှတ် (၁၉၃/၂၀၂၀)တွင် ဖော်ပြထားသည်။ ကြေညာချက်အမှတ် (၁၉၄/၂၀၂၀)တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု(၁၂)အုပ်စု နှင့် ရွှေကျင်မြို့နယ် မှကျေးရွာအုပ်စု (၃၀)အုပ်စုတို့ပါဝင်ပြီး ကြေညာချက်အမှတ် (၁၉၅/၂၀၂၀)တွင် မွန်ပြည်နယ်ဘီးလင်းမြို့နယ်မှ ဘောနော်ခီးကျေးရွာအုပ်စုတို့ ပါဝင်ကြောင်း သိရသည်။

ကြေညာချက်အမှတ် (၁၉၆/၂၀၂၀)တွင် ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ကျောက်တော်မြို့နယ်၊မင်းပြားမြို့နယ်၊မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်တစ်ခုလုံးကိုလည်းကောင်း၊ ကျောက်ဖြူမြို့နယ် မှ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊အမ်းမြို့နယ်မှရပ်ကွက်(၃)ရပ်ကွက်၊ကျေးရွာအုပ်စု (၂၉)အုပ်စု၊ စစ်တွေမြို့နယ် မှ ကျေးရွာအုပ်စု(၄)အုပ်စု နှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စု ကိုလည်းကောင်းထုတ်ပြန်ထားသည်။ ထို့ပြင် ရှမ်းပြည်နယ်မိုင်းလားမြို့နယ်၊ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ နားဖန်းမြို့နယ်၊မိုင်းမောမြို့နယ်၊ပန်ဝိုင်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တစ်ခုလုံး ကိုလည်းကောင်း၊ ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု(၁၂)အုပ်စု၊နောင်ချိုမြို့နယ်မှ ဆိပ်ဖူးကျေးရွာအုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု (၃)အုပ်စု၊မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု (၂)အုပ်စု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု(၄)အုပ်စု၊မိုင်းယန်းမြို့နယ် မှ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ လုံကောင့်ကျေးရွာအုပ်စု၊မိုင်းယောင်းမြို့ နယ်မှ

ကျေးရွာအုပ်စု (၈) အုပ်စု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု(၄)အုပ်စု၊မူဆယ်မြို့နယ်မှ ရပ်ကွက်(၁)ရပ်ကွက်၊ကျေးရွာအုပ်စု(၉)အုပ်စု၊ မက်မန်းမြို့နယ်မှကျေးရွာအုပ်စု(၁၇)အုပ်စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စု(၃)အုပ်စု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု (၁၁)အုပ်စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု (၆)အုပ်စု၊ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ကုန်းကြမ်းမြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ ဟိုပန်မြို့နယ် မှ ရပ်ကွက်(၅)ရပ်ကွက်၊ကျေးရွာအုပ်စု (၃၇) အုပ်စု တို့ပါဝင်ကြောင်း ကြေညာချက်အမှတ်(၁၉၇/၂၀၂၀)ဖြင့် ထုတ်ပြန်ထားသည်။

(Xinhua)

zawgyi

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္၊ကရင္ျပည္နယ္၊ပဲခူးတိုင္းေဒသႀကီး၊မြန္ျပည္နယ္၊ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္အတြင္းရွိ နယ္ေျမအခ်ိဳ႕၌ လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲ က်င္းပရန္ အေျခအေနမရွိသျဖင့္ ေ႐ြးေကာက္ပြဲမ်ားက်င္းပျခင္းျပဳမည္မဟုတ္ေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာ ၁၆ ရက္တြင္

ေၾကညာခ်က္(၆)ေစာင္ထုတ္ျပန္ခဲ့သည္။

ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္နယ္ေျမမ်ားအနက္ ကခ်င္ျပည္နယ္ အတြင္းရွိ ေခါင္လန္ဖူးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၁)အုပ္စု၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၃၁) အုပ္စု၊ မခ်မ္းေဘာၿမိဳ႕နယ္မွေက်း႐ြာအုပ္စု(၁၅)အုပ္စု၊ မံစီၿမိဳ႕နယ္ မွေက်း႐ြာအုပ္စု(၂၂)အုပ္စု၊မိုးေမာက္ၿမိဳ႕နယ္မွေက်း႐ြာအုပ္စု(၂၁)အုပ္စု၊ ေ႐ႊကူၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၉) အုပ္စု၊ခ်ီေဖြၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၉)အုပ္စု၊ ေဆာ့ေလာ္ၿမိဳ႕နယ္မွေက်း႐ြာအုပ္စု(၈)အုပ္စု၊ တႏိုင္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၂)အုပ္စု၊ဝိုင္းေမာ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၁၃)အုပ္စု ႏွင့္ အင္ဂ်န္းယန္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၆၁)အုပ္စုတို႔ပါဝင္ေၾကာင္း ေၾကညာခ်က္အမွတ္ (၁၉၂/၂၀၂၀)အရ သိ ရသည္။

ကရင္ျပည္နယ္အတြင္းရွိ ေကာ့ကရိတ္ၿမိဳ႕နယ္ မွ ေက်း႐ြာအုပ္စု(၇)အုပ္စု၊ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မွ ေက်း႐ြာအုပ္စု(၉)အုပ္စု၊ ဖာပြန္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၂၅)အုပ္စု၊ဘာအံၿမိဳ႕နယ္မွ ပ်ဥ္းမပင္ဆိပ္ေက်း႐ြာအုပ္စု၊သံေတာင္ႀကီးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၈)အုပ္စု ႏွင့္ ျမဝတီၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၃)အုပ္စုတို႔ပါဝင္ေၾကာင္း ေၾကညာခ်က္အမွတ္ (၁၉၃/၂၀၂၀)တြင္ ေဖာ္ျပထားသည္။ ေၾကညာခ်က္အမွတ္ (၁၉၄/၂၀၂၀)တြင္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိေက်ာက္ႀကီးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၁၂)အုပ္စု ႏွင့္ ေ႐ႊက်င္ၿမိဳ႕နယ္ မွေက်း႐ြာအုပ္စု (၃၀)အုပ္စုတို႔ပါဝင္ၿပီး ေၾကညာခ်က္အမွတ္ (၁၉၅/၂၀၂၀)တြင္ မြန္ျပည္နယ္ဘီးလင္းၿမိဳ႕နယ္မွ ေဘာေနာ္ခီးေက်း႐ြာအုပ္စုတို႔ ပါဝင္ေၾကာင္း သိရသည္။

ေၾကညာခ်က္အမွတ္ (၁၉၆/၂၀၂၀)တြင္ ရခိုင္ျပည္နယ္ေပါက္ေတာၿမိဳ႕နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ရေသ့ေတာင္ၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ေက်ာက္ေတာ္ၿမိဳ႕နယ္၊မင္းျပားၿမိဳ႕နယ္၊ေျမပုံၿမိဳ႕နယ္ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္တစ္ခုလုံးကိုလည္းေကာင္း၊ ေက်ာက္ျဖဴၿမိဳ႕နယ္ မွ ရပ္ကြက္ (၂) ရပ္ကြက္၊ ေက်း႐ြာအုပ္စု(၅၂)အုပ္စု၊အမ္းၿမိဳ႕နယ္မွရပ္ကြက္(၃)ရပ္ကြက္၊ေက်း႐ြာအုပ္စု (၂၉)အုပ္စု၊ စစ္ေတြၿမိဳ႕နယ္ မွ ေက်း႐ြာအုပ္စု(၄)အုပ္စု ႏွင့္ ေတာင္ကုတ္ၿမိဳ႕နယ္မွ ရပ္ကြက္(၁၀)ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၅၂)အုပ္စု ကိုလည္းေကာင္းထုတ္ျပန္ထားသည္။ ထို႔ျပင္ ရွမ္းျပည္နယ္မိုင္းလားၿမိဳ႕နယ္၊ပန္ဆန္း(ပန္ခမ္း)ၿမိဳ႕နယ္၊ နားဖန္းၿမိဳ႕နယ္၊မိုင္းေမာၿမိဳ႕နယ္၊ပန္ဝိုင္ၿမိဳ႕နယ္ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္တစ္ခုလုံး ကိုလည္းေကာင္း၊ ေက်ာက္မဲၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၁၂)အုပ္စု၊ေနာင္ခ်ိဳၿမိဳ႕နယ္မွ ဆိပ္ဖူးေက်း႐ြာအုပ္စု၊ နမ့္ဆန္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၃)အုပ္စု၊မန္တုံၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၂)အုပ္စု၊ မိုင္းခတ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၄)အုပ္စု၊မိုင္းယန္းၿမိဳ႕နယ္ မွ ရပ္ကြက္(၂)ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၁၃)အုပ္စု၊ မိုင္းျဖတ္ၿမိဳ႕နယ္မွ လုံေကာင့္ေက်း႐ြာအုပ္စု၊မိုင္းေယာင္းၿမိဳ႕ နယ္မွ

ေက်း႐ြာအုပ္စု (၈) အုပ္စု၊ ကြတ္ခိုင္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၄)အုပ္စု၊မူဆယ္ၿမိဳ႕နယ္မွ ရပ္ကြက္(၁)ရပ္ကြက္၊ေက်း႐ြာအုပ္စု(၉)အုပ္စု၊ မက္မန္းၿမိဳ႕နယ္မွေက်း႐ြာအုပ္စု(၁၇)အုပ္စု၊ မိုင္းတုံၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု(၃)အုပ္စု၊ တန္႔ယန္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၁၁)အုပ္စု၊ လားရႈိးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၆)အုပ္စု၊ကြမ္းလုံၿမိဳ႕နယ္မွ မန္ၿပိန္းေက်း႐ြာအုပ္စု၊ကုန္းၾကမ္းၿမိဳ႕နယ္မွ ဟုံအိုက္ေက်း႐ြာအုပ္စု၊ ဟိုပန္ၿမိဳ႕နယ္ မွ ရပ္ကြက္(၅)ရပ္ကြက္၊ေက်း႐ြာအုပ္စု (၃၇) အုပ္စု တို႔ပါဝင္ေၾကာင္း ေၾကညာခ်က္အမွတ္(၁၉၇/၂၀၂၀)ျဖင့္ ထုတ္ျပန္ထားသည္။

(Xinhua)